National Unity Media - NUM

National Unity Media - NUM

Share

NUM will be voiced for voiceless. NUM tirelessly fights for right to information and human rights.

17/10/2022

ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့ လက္ခဏာ(၃)မျိုး က ဘာတွေဖြစ်မလဲ။

- ပူပြင်းတဲ့ ရာသီဥတုကြောင့် ကိုယ်ခန္ဓာကိုယ်မှာ ဖြစ်နိုင်တဲ့ လက္ခဏာ(၃)မျိုး တွေထဲ က

- (၁) အပူရှပ်ခြင်း (Heat stroke)

- အပူရှပ်ခြင်းရဲ့ လက္ခဏာတွေကတော့

- မူးလဲခြင်း

- ခေါင်းမူးခြင်း

- ချွေးမထွက်နိုင်ခြင်း

- ပျို့အန်ခြင်း

- အသက်ရှူမြန်ပြီး အသက်ရှူမဝတာနဲ့ခေါင်းကိုက်ခြင်းတို့ဖြစ်ပြီး အပူရှပ်တဲ့ ပြဿနာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တာကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် အပူရှပ်ခဲ့ရင် ချက်ချင်း သက်သာအောင်လုပ်ဖို့လိုအပ်ပါတယ်။

- ပူနေတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပြီး အေးတဲ့ အရိပ်ရတဲ့နေရာတစ်ခုကို သွားပေးပါ။

- အိမ်မှာဆိုရင် ပူကျစ်နေတဲ့ကိုယ်ခန္ဓကိုယ် ကြီးအေးသွားအောင် ခေါင်း၊ လည်ပင်းနဲ့ လက်မောင်းအောက်နေရာတွေမှာ ရေခဲဝတ်ကပ်ပေးခြင်း ရေပတ်တိုက်ပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်

- (၂) Heat Exhaustion (အပူငုပ်ခြင်း )

- အပူရှပ်တာထက်မပြင်းပေမဲ့အပူငုပ်တာကလည်းကျန်းမာရေးဆိုးကျိုးသက်ရောက်မှုရှိ တဲ့အရာတစ်ခုပါ။ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်အပူချိန်များလာတယ်ဆိုပေမယ့်အပူငုပ်ခြင်းကတော့ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ တွဲနေပါတယ်

- အပူရှပ်တာနဲ့ အပူငုပ်တာ နှစ်မျိုးလုံးမှာ လုံးဝကွဲပြားနေတဲ့အချက်ကတော့ အပူရှပ်ရင် ချွေးလုံးဝမထွက်ဘဲ အပူငုပ်ရင်တော့ ချွေးထွက်လွန်နေတတ်ပါတယ်။ ဒါ့ကြောင့်အပူငုပ်တာနဲ့ရေဓါတ်ခမ်းခြောက်ခြင်း က တွဲနေတာဖြစ်ပါတယ်။ နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေ၊ အပြင်ထွက်လေ့ကျင့်ခန်းလုပ်သူတွေ ရေများများပြန်မသောက်တဲ့အခါမှာ အပူငုပ်တတ်ပါတယ်။

- အပူငုပ်ခြင်းရဲ့ လက္ခဏာတွေကတော့

- ခေါင်းကိုက်ခြင်း

- မူးဝေခြင်း

- ရေအရမ်းဆာခြင်း

- ပျို့အန်ခြင်း

- ဝမ်းလျှောခြင်း

- မောပန်းလွယ်ခြင်း နဲ့ နှလုံးခုန်မြန်နေတာတို့ပဲ ဖြစ်ပါတယ်။



- ( ၃ ) မိတ်ပေါက်ခြင်း ( Heat Hives )

- ပူတဲ့ရာသီဥတုမှာ တစ်ကိုယ်လုံး မိတ်ပေါက်ပြီးယားယံတာမျိုးကလူတိုင်းခံစားဖူးကြမှာပါ။ ဒီလို မိတ်ပေါက်တာကိုဆေးပညာအရcholinergicurticariaလို့ခေါ်ပြီးကိုယ်တွင်းအပူချိန်မြင့်တက် လာတဲ့အခါ ဖြစ်လေ့ရှိတဲ့အရေပြား ပြဿနာတစ်ခုပါ။

- ချွေးထွက်လေပိုးယားလေဖြစ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့သူ ချွေးထွက်များတဲ့သူတွေ အပူအစပ်စားတဲ့သူတွေနဲ့ ပူပန်မှုများတဲ့သူတွေမှာ ပိုဖြစ်တတ်တဲ့ အရေပြား ပြဿနာတစ်ခုပါ။

- ဒီလို မိတ်ပေါက်တာဟာ အရေပြားပေါ်ကို သက်ရောက်လာတဲ့ပြင်ပက အပူချိန်နဲ့ ဓါတ်မတည့်မှုဖြစ်ပြီး တုန့်ပြန်ရာကနေ ထွက်လာတဲ့ ဓါတ်မတည့်မှုတစ်မျိုးဖြစ်ပါတယ်။

- ကိုယ်ခန္ဓာနေရာ အနှံ့အပြားမှာ ပေါက်နိုင်တယ်ဆိုပေမဲ့ ရင်ဘတ်၊ ကျောကုန်းအပေါ်၊ မျက်နှာနဲ့ လက်မောင်းတို့မှာ ပိုတွေ့ရတတ်ပါတယ်။

- အပူထိတွေ့တာနဲ့ချက်ချင်းပေါ်လာတတ်ပြီး ကိုယ်တွင်းအပူချိန်ပြန်ကျသွားတဲ့အခါ မှာ သူ့ဘာသာပြန်လည်ပျောက်ကင်းသွားတတ်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Mingalar Taung Nyunt
Yangon
11222