TPD
14/07/2026
လူတွေ လူလိုဆက်ဆံကြတာကိုသဘောကျတယ် ❤️
သူ့လက်ထဲက ၈ ဘတ်တန် အကြွေစေ့တွေကိုဆုပ်ကိုင်ထားပြီး လမ်းဘေးထမင်းကြော်အရှေ့မှ ရပ်နေတဲ့ ထိုင်းအမျိုးသား
ထိုအမျိုးသားသည် ထမင်းကြော်ဆိုင်ရှေ့မှာ ကြောက်ကြောက်ရွံ့ရွံ့ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ရပ်နေခဲ့ပါတယ်။ သူဟာ သူတောင်းစားတစ်ယောက် မဟုတ်ပါဘူး၊ ဒါပေမဲ့ သူပိုင်ဆိုင်တဲ့ အနည်းငယ်မျှသော ငွေကြေးလေးနဲ့ လဲဝယ်နိုင်မယ့် မျှော်လင့်ချက်တစ်ခုကို လာရောက်ရှာဖွေနေတာ ဖြစ်ပါတယ်။
“ထမင်းဖြူတစ်ထုပ်လောက် ပေးပါဗျာ၊ ကျွန်တော့်မှာ ၈ ဘတ်ပဲ ရှိလို့ ဝယ်လို့ရမလားမသိဘူး” ဆိုတဲ့ မေးခွန်းကြောင့် သမွတ်ပရာကန် (Samut Prakan) နယ်မြေက ဆိုင်ရှင်ဟာ လက်ထဲကကိုင်ထားသော ယောက်မကို ခေတ္တရပ်နားလိုက်ရပါတယ်။
ထိုအမျိုးသားက ဝင်သက်ထွက်သက် ခြောက်ကပ်ကပ် အသံနဲ့ ဆက်ပြောပြတာကတော့… အနီးနားက ဓာတ်ဆီဆိုင်မှာ မသန်စွမ်းတဲ့ သူ့အစ်မဖြစ်သူက စောင့်ဆိုင်းနေပြီး သူတို့မောင်နှမနှစ်ယောက်စလုံး တစ်နေ့ကုန် ဘာမှမစားရသေးဘူးလို့ ဆိုပါတယ်။
သူ့ရဲ့အကြည့်တွေထဲမှာ အားနာမှုတွေနဲ့ ဆာလောင်မှုတွေ ပြည့်နှက်နေပါတယ်။ ဒီဘက်ခေတ်မှာ ၈ ဘတ်ဆိုတာ ဘာမှဝယ်လို့မရသလောက်ပါပဲ။ ဒါပေမဲ့ သူ့အတွက်တော့ ဒါဟာ အစ်မဖြစ်သူအတွက် သူရှာဖွေပေးနိုင်တဲ့ တစ်ခုတည်းသော အသက်ဆက်စရာ အစားအစာ ဖြစ်ပါတယ်။
“ထမင်းဖြူချည်းပဲ ဘယ်လိုလုပ် စားလို့ရမှာလဲ” ဆိုင်ရှင်က ချက်ချင်းဆိုသလို ပြန်ပြောလိုက်ပြီး ထမင်းဖြူတွေကို ဒယ်အိုးထဲ ခတ်ထည့်ကာ မီးပြင်းပြင်းနဲ့ ဝက်သား၊ ကြက်ဥတွေကို မွှေးကြိုင်နေအောင် ကြော်ပေးလိုက်ပါတယ်။ ပြီးနောက် ထမင်းဘူးနှစ်ဘူးကို အပြည့်အသိပ် ထည့်ပေးတဲ့အပြင် ရေသန့်ဘူးကြီး နှစ်ဘူးကိုပါ တစ်ပြားတစ်ချပ်မှ မယူဘဲ ကမ်းပေးလိုက်ပါတယ်။
သူဟာ ဆိုင်ရှင်ကို အဖန်ဖန်အထပ်ထပ် လက်အုပ်ချီ ကပြီး ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ မှောင်မိုက်နေခဲ့တဲ့ သူ့ရဲ့မျက်ဝန်းတွေဟာ အခုတော့ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ရိပ်တွေနဲ့ တောက်ပလို့နေပါတယ်။ ထို့နောက်မှာတော့ စောင့်မျှော်နေတဲ့ အစ်မဖြစ်သူဆီကို တစ်ဝက်လမ်းလျှောက်၊ တစ်ဝက်ပြေးရင်း ပြန်သွားခဲ့ပါတော့တယ်။
အရာရာတိုင်းမှာ တန်ဖိုးသတ်မှတ်ချက် ကပ်ထားလေ့ရှိတဲ့ ဒီကမ္ဘာကြီးထဲမှာ… တစ်ခါတရံ အဖိုးတန်ဆုံးအရာတွေမှာ တန်ဖိုးပြလိုင်စင် ကပ်မထားတတ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ ဘဝရဲ့ အမှောင်မိုက်ဆုံးနေ့ရက်တွေမှာ သူစိမ်းတစ်ယောက်က အချင်းချင်းအပေါ် ကမ်းလင့်ပေးလိုက်တဲ့ “ကိုယ်ချင်းစာနာမှုနဲ့ စေတနာ” ဖြစ်နေလို့ပါပဲ။
#ထိုင်းသတင်းမြန်မာဘာသာပြန်
#အခြေခံထိုင်းစကား
📍ဆိုင်(၁) - လမ်း (၅၀) City Mart /
📍ဆိုင်(၂) - Ocean Super Centre ပုဇွန်တောင် မြို့နယ် #
09/07/2026
Once a matcha girl, always a matcha girl 🩷
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Ocean Pazundaung Branch & City Mart 50 Branch
Yangon