Four Roots Dental Clinic

Four Roots Dental Clinic

Share

Photos from Four Roots Dental Clinic 's post 10/06/2024

"မြန်မာပြည်က ကွမ်းယာထဲက ကွမ်းသီးစိပ် "

ရေစိမ်ပြီး စိပ်ထားတဲ့... ကွမ်းသီးစိပ်တွေကို
အလုံပိတ်အခန်းထဲမှာ ကန့် (ဆာလဖာ)မှုန့် ကို မီးရှို့ပြီး ထွက်လာတဲ့ အငွေ့နဲ့ပေါင်းတယ်။ ကန့် ရိုက်တယ်လို့ ခေါ်ပါတယ်။

ကန့်ကို မီးရှို့လို့ ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ကွမ်းသီးစိပ် မျက်နှာပြင်က ရေအစိုဓာတ် ဓာတ်ပြုချိန်မှာ ဆာလဖြူရစ်အက်ဆစ်အပျော့စားဖြစ်လာပြီး ကွမ်းသီး မျက်နှာပြင်ကို အက်စစ်က တိုက်စားလိုက်တယ်။

အဲဒီအခါမှာ နဂိုက ခပ်ညိုညိုကွမ်းသီးဟာ ဖွေးဖြူပြီး စားချင်စဖွယ် ဖြစ်သွားရောဗျ။

ကန့်ဖိုထဲက ထွက်လာကာစ ကွမ်းသီးစိပ်ကို
နမ်းကြည့်ဖို့ မပြောနဲ့ အရမ်းပြင်းတဲ့ အနံ့ဆိုးကြောင့်
ကန့်ဖို ဖွင့်ခါစမှာ အထဲကို လူမဝင်နိုင်ပါဘူး။

အဲ့လို အနံ့ပြင်းတဲ့ ကွမ်းသီးစိပ် ကိုမှ
ကွမ်းယာဆိုင်ကို ပို့တဲ့လူတွေက ဝယ်ကြတယ်။

အနံ့ပြင်းလေ ၊ မှိုအတက်သက်သာလေ အထားခံလေကိုး။

ကန့်ဖို အနားမှာရှိတဲ့ ခေါင်မိုးသွပ်တွေဟာ လ ပိုင်း
အတွင်းမှာပဲ ဆွေးမြေ့ပြတ်ကျကုန်တယ်။

ကန့်ဖိုတံခါးမှာ ပတ္တာတို့ မျောက်လက်တို့ တပ်ထားရင်
တစ်လမခံဘူး ကန့်ငွေ့စားပြီး ပြတ်ကျကုန်တယ်။

ကန့်ဖိုမှာ ဒိုင်ခံအလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ
၅/၁၀နှစ်အတွင်း ရှူနာရှိုက်ကုန်းတွေဖြစ်ကုန်ကြတယ်။
မနက်ခင်း ဖိုဖွင့်ကာစမှာ အထဲဝင်ပြီး
ကွမ်းသီးထမ်းထုတ်ရသူတွေ အဆိုးဆုံးပဲ။

ဒါက မန်းလေးက.. ဒီဘက် အောက်မြန်မာပြည်နဲ့ ရန်ကုန်မှာ ကွမ်းသီးစိပ် လုပ်ကြတဲ့နည်းပါ။

Credit to Ko Melvin Moe

06/04/2024

🙋အပြုံးလှလှ ယုံကြည်မှု ရဖို့ရာ 🌿
🦷Four Roots ကို ကြွခဲ့ကြပါနော် 🙋🦷🌿

Four Roots Dental Clinic
အမှတ် (၁၁၁)၊ ၃၇ လမ်းနှင့် အနော်ရထာလမ်းထောင့်
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
📮ပန်းဆိုးတန်းမှတ်တိုင်
☎️ 09 782696963,

18/02/2024

လှလှလေးပြုံး မျာများပိုပျော်ဖို့ Four Roots မှာသွားကြွေလွှာဖြည့်ပြုပြင်စို့ . . . 🤗

လမ်းမှာ အသိမိတ်ဆွေတွေနဲ့တွေ့လို့ လှလှပပလေးပြုံးပြလိုက်တော့မယ်ဆိုရင် သွားကျဲနေလို့ ပြုံးမပြနိုင်ဘူးဆိုမှတော့ ချေတယ်လို့အထင်ခံရပြီပေါ့။ 😣

သွားကျဲရခြင်းရဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ . . .

🔵 မေးရိုးအနေအထားကကြီးနေပေမယ့် ထွက်လာတဲ့ သွားတွေကသေးသေးလေးဖြစ်နေခြင်းကြောင့် သွားအရွယ်အစားနဲ့ မေးရိုးရဲ့အရွယ်အစားမညီမျှခြင်း။

🔵 သွားဖုံးရောဂါတွေကြောင့် သွားဖုံးရောင်ခြင်း၊ သွားတွေနဲ့လာခြင်း။

🔵 ကလေးငယ်တွေမှာဆိုရင်တော့ လက်မစုပ်ခြင်း၊ နှုတ်ခမ်းစုပ်ခြင်း စတဲ့အကြောင်းတွေကြောင့် သွားကျဲရခြင်းတွေကိုပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

သွားကျဲနေလို့ မပြုံးနိုင်တာက သင့်အပြစ်မဟုတ်ပါဘူး။ ကုသမှုအမြန်မခံယူဘဲ ဒီတိုင်းနေပြီး မပြုံးနိုင်တိုင်းစိတ်ညစ်နေလို့တော့မဖြစ်ဘူးနော်။ 🙅🏻‍♀️

သွားကျဲခြင်းကို ကုသပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးထဲကမှ အလွယ်ကူ အရိုးရှင်းဆုံး နည်းလမ်းကတော့ သွားကြွေလွှာဖြည့်ပြုပြင်ခြင်းပါပဲ။ ✨

💫 Four Roots မှာဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ရင်းရင်းနှီးနှီးတိုင်ပင်လို့ရပြီး ခေတ်မှီစက်ကိရိယာတွေနဲ့ သေချာစမ်းသပ်စစ်ဆေးပေးတာကြောင့် သွားကြွေလွှာဖြည့်ပြုပြင်ခြင်း ဆောင်ရွက်တော့မယ်ဆိုရင် Four Roots Dental Clinic ကိုအပြေးလေးလာခဲ့လိုက်တော့နော် ။

#သွားနှင့်ခံတွင်းကျန်းမာရေး #သွားကျန်းမာရေး #သွားကျဲခြင်း

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 111, 37th St & Anawrahta Road
Yangon
11182

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00