27 Maths
24/04/2026
CONGRATULATIONS!
မှာ AEIS Preparation Course တက်ရောက်ခဲ့ပြီး ယနေ့ (24-Apr-2026) မှာထွက်ရှိတဲ့ SAEIS Result အရ Successful ဖြစ်ပြီး ကျောင်းဝင်ခွင့်ရရှိတဲ့ ကလေးများအတွက် ဝမ်းသာဂုဏ်ယူအပ်ပါတယ်ရှင်
"အောင်မြင်မှုဆိုတာ ကြိုးစားခြင်းရဲ့ရလဒ်" ဖြစ်တာကြောင့် ယခုကဲ့သို့ ကျောင်းဝင်ခွင့်ရရှိသလို နောင်များမှာလည်း ဘာသာရပ်အသီးသီးနဲ့ ကဏ္ဍအစုံမှာ ထူးချွန်အောင်မြင်မှုတွေ ရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်
24-Apr-2026 @9:07pm (MMT)
05/02/2026
မဂ်လာပါရှင်
Secondary 1 အတန်းကို ယခုပညာသင်နှစ်မှစပြီး သင်တာဖြစ်သလို ကလေးတွေအနေနဲ့ မနှစ်ကအထိသင်ယူခဲ့ရတဲ့ Primary lesson တွေနဲ့စာရင် မှတ်သား/ သင်ယူစရာအသစ်တွေပါတာကြောင့် စာကိုနားလည်ရုံတင်မက စိတ်ဝင်စားပြီး ပြင်ပမှာလက်ရှိသုံးနေတာနဲ့ဆက်စပ်ပြီး စဉ်းစားတတ်အောင် သင်ကြားပေးလျက်ရှိပါတယ်။
Primary အတန်းတွေမှာတုန်းက အနီးစပ်ဆုံးတန်ဖိုးယူခဲ့တာကို သင်ခဲ့ရပြီး အဲဒါတွေက ပြင်ပလက်တွေ့ဘဝမှာ အသုံးမတည့်တဲ့နေရာတွေရှိကြောင်းကို ကလေးတွေနားလည်အောင် ဥပမာများနဲ့ရှင်းပြဖြစ်ပါတယ်။ အများဆုံးခံနိုင်ဝန်လို့ ရေးထားသော်လည်း တကယ်တမ်းမှာ ဖော်ပြထားတာထက် ခံနိုင်ရည်ရှိကြောင်းကို True Story ဖြစ်တဲ့ The Finest Hours ရုပ်ရှင်ထဲက ဖြစ်ရပ်၊ ဖုန်းတွေမှာ ဖုန်းအားအရမ်းနည်းနေသော်လည်း Hidden battery power ရှိနေတာကြောင့် 112 ကိုနှိပ်ပြီး အရေးပေါ်ကိစ္စများအတွက် ဆက်သွယ်နိုင်ကြောင်း၊ ကားတွေမှာ ဆီတိုင်ကီက Empty ပါလို့ ပြနေသော်လည်း အကွာအဝေးတစ်ခုအထိ ဆက်သွားနိုင်သေးကြောင်းအပြင် ဆက်စပ်သော အကြောင်းအရာ၊ ဗဟုသုတများနဲ့ပါ သင်ကြားပေးလျက်ရှိပါတယ်။
လက်တွေ့လောကမှာရှိတဲ့ အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပြီး ကလေးတွေအနေနဲ့ ဆက်စပ်စဉ်းစားနိုင်အောင် စာကိုစာချည်းလိုသာမသင်ပဲ ဗဟုသုတများနဲ့ပါ ဖြည့်စွက်သင်ကြားပေးတာဖြစ်တာကြောင့် ကလေးများအနေနဲ့ သင်တန်းများအားလုံးမှာ သေချာနားထောင်ပြီး လိုက်ပါဆောင်ရွက်လျှင် ကောင်းမွန်သောရလဒ်များ ရရှိလာမှာဖြစ်ပါတယ်။
မှာ Singapore Maths ကို သင်ရိုးစာအုပ် ၂ အုပ် (P1 to P6) ဖြင့် သင်ကြားပေးပြီး ကလေးများအကျိုးအတွက် Olympiad Maths and IQ Maths ကိုပါ အလျဉ်းသင့်သလို သင်ပေးတာကြောင့် ကလေးများအနေနဲ့ စာများစွာကို လေ့လာသင်ယူမှတ်သားလေ့ကျင့်နိုင်စေရန်အတွက် အတန်းချိန်မှန်၊ အတန်းပျက်ကွက်မှုမရှိသလောက်နည်းပြီး စာရေးတာမှာမြန်စေလိုပါတယ်။
2026 March မှာ ရဲ့ Section B တန်းခွဲများ (Primary 1 to 5) ကိုဖွင့်လှစ်မှာဖြစ်ပြီး နေ့ရက်နှင့်အချိန်အသေးစိတ်ကို ယခုလပထမပါတ်အတွင်းမှာ Post တင်ပြီးချိန်ကစ၍ ကျောင်းသားများလက်ခံမှာ ဖြစ်ပါတယ်။
မှာ အစဉ်တစိုက်တက်ရောက်လာကြသော၊ ယခုပညာသင်နှစ်မှ စတင်တက်ရောက်သော၊ တက်ရောက်ရန် ကြိုတင်စာရင်းပေးထားသော၊ တက်ရောက်ခဲ့ကြသော ကလေးများအားလုံးနှင့် ယုံကြည်စွာအပ်နှံခဲ့ကြသော မိဘများအားလုံးကို ချစ်ခင်စွာဖြင့် ကျေးဇူးတင်ရှိပါတယ်ရှင်
အားလုံးအတွက် ကောင်းသောနေ့လေး ဖြစ်ကြပါစေ။
@9:37am on 5-Feb-2026 (Thursday)
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon