Audio Prestige

Audio Prestige

Share

02/06/2026

လူကြိုက်အရမ်းများတဲ့ M1pro

01/06/2026

𝐒𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐍𝐞𝐰 𝐢𝐬 𝐎𝐧 𝐭𝐡𝐞 𝐖𝐚𝐲 𝐍𝐨𝐰 🚚

2026 မှာတော့ Audio Prestige မှာ လူငယ်တွေအကြိုက်ဖြစ်မယ့်‌ နောက်ထပ် Speaker Brand တစ်ခုရောက်လာဖို့ရှိနေပါပြီ...။

📢လူငယ်တွေအကြိုက်ဆိုတဲ့အတိုင်းပဲ ...
📍Design ပိုင်းမှာလည်းမိုက်ရမယ်၊
📍အသံထွက်တွေကလည်းလန်းရမယ်၊
📍စျေးနှုန်းကလည်းတန်ရမယ်။

ဒါတွေအားလုံးနဲ့ပြည့်စုံတဲ့ Bluetooth Speaker Brand တစ်ခုဖြစ်တဲ့ “𝐒𝐨𝐨𝐧𝐁𝐨𝐱” မကြာခင်ရောက်လာ‌တော့မှာပါ။

စျေးနှုန်းနဲ့ Product အကြောင်းအသေးစိတ်ကိုတော့ မကြာခင်ရက်အတွင်းမှာ Official ကြေငြာသွားမှာမလို့ အသစ်အသစ်တွေနဲ့ရင်ခုန်ဖို့ 𝐀𝐮𝐝𝐢𝐨 𝐏𝐫𝐞𝐬𝐭𝐢𝐠𝐞 ကိုစောင့်ကြည့်နေဖို့မမေ့နဲ့နော်...။ 🚨

📍 Location – N0 ( 790 ), လောပိတလမ်း နှင့် ဦးရာဇာတ်လမ်းထောင့်, (၃၅) ရပ်ကွက်, မြောက်ဒဂုံ, ရန်ကုန်မြို။🗺 Google Map – https://maps.app.goo.gl/vnAkRRycP2DKFzdt5

⏱️Open Hours – 9:00 am to 5:00 pm ( Mon – Sat ) ရုံးချိန်တွင်းစိတ်ကြိုက်လာရောက်စမ်းသပ်နိုင်ပါတယ်။

📌Ninja Van ရောက်တဲ့မြိုနယ်တိုင်းအတွက် အိမ်အရောက်ငွေချေစနစ်ဖြင့်ပိုဆောင်ပေးပြီး ကျန်မြိုများအားလုံးကားဂိတ်တင်ပေးပါတယ်။

30/05/2026

ဆရာမတွေအတွက် Speaker ရွေးတဲ့အခါအဆင်ပြေစေဖို့ပါ

29/05/2026

မိုးရာသီကိုမှသ‌ဘောကျကြတဲ့လူတွေရှိလား 🌧

အပြင်မှာ မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့ရက်တွေဆို အိမ်ထဲမှာတင် သီချင်းအေးအေးလေးတွေနားထောင်ရင်း Healing လုပ်ရတာလောက် ကောင်းတာရှိဦးမလား 🎶

▪️ပြတင်း‌ပေါက်ဘေးမှာထိုင်ပြီး ကော်ဖီပူပူလေးသောက်မလား…
▪️စာအုပ်‌လေးဖတ်ရင်း အကြိုက်ဆုံးသီချင်း‌လေးတွေပဲနား‌ထောင်မလား…
▪️ဒါမှမဟုတ် မိုးသံတွေနားထောင်ရင်းပဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တရေးတမောအိပ်ဦးမလား...

မိုးရွာတဲ့ရက်တွေဆိုရင် အပြင်မထွက်ပဲ ကိုယ့်အခန်းလေးထဲမှာပဲ မိုးအေးအေးနဲ့ သီချင်းလေးတွေနားထောင်ရင်း အနားယူလိုက်တာကလည်း တကယ်ကိုအပန်းပြေစေမှာပါ။ 🎶

ဒီလိုမျိုးအေးချမ်းတဲ့မိုးရာသီကိုလည်းရောက်နေပြီဆိုတော့ ကိုယ်ကမိုးရာသီကိုသဘောကျတဲ့လူတစ်ယောက်ဆိုရင် မိုးရွာတဲ့ရက်တွေမှာ ဘာတွေလုပ်ဖြစ်မလဲ ဘယ်လိုဖြတ်သန်းချင်လဲစဉ်းစားရင်း အနားယူဖို့လည်းမမေ့နဲ့ဦး‌နော်...။

📍 Location – N0 ( 790 ), လောပိတလမ်း နှင့် ဦးရာဇာတ်လမ်းထောင့်, (၃၅) ရပ်ကွက်, မြောက်ဒဂုံ, ရန်ကုန်မြို။
🗺 Google Map – https://maps.app.goo.gl/vnAkRRycP2DKFzdt5
⏱️Open Hours – 9:00 am to 5:00 pm ( Mon – Sat ) ရုံးချိန်တွင်းစိတ်ကြိုက်လာရောက်စမ်းသပ်နိုင်ပါတယ်။

📌Ninja Van ရောက်တဲ့မြိုနယ်တိုင်းအတွက် အိမ်အရောက်ငွေချေစနစ်ဖြင့်ပိုဆောင်ပေးပြီး ကျန်မြိုများအားလုံးကားဂိတ်တင်ပေးပါတယ်။

29/05/2026

ပစ္စည်းတွေရောက်ရင်ရွေးချယ်ဖို့အဆင်သင့်ပဲလား

25/05/2026

သီချင်းနားထောင်ဖိုအပြင် အိမ်မှာပဲ Karaoke ကောင်းကောင်းဆိုချင်တဲ့သူတွေရှိရင် M5 Pro ကတော့ လက်မလွှတ်သင့်တဲ့ Speaker တစ်လုံးပဲနော်...🎤🎶

Classic ဆန်ဆန် တည်ငြိမ်တဲ့ Design ပိုင်းနဲ့ ငြိမ့်ညောင်းနဲ့အသံထွက်တွေထုတ်လွှတ်ပေးမယ့် Speaker Output 100W ရှိတယ်။ ဆွဲအားကောင်းတဲ့ UHF Wireless Mic 2 လုံးပါပြီးတော့ Mic သံတွေကိုပါ အသေးစိတ်ချိန်ညှိလိုရတဲ့ Function တွေစုံနေအောင်ပါတာကတော့ M5 Pro ရဲ့ အားသာချက်တစ်ခုပဲပေါ့။ ✔️

ရိုးရိုးရှင်းရှင်း Design လေးဖြစ်ပြီး
◾️ရုပ်ရှင်ကြည့်ဖိုဆိုလည်း အိမ်မှာနေရင်းရုပ်ရှင်ရုံမှာကြည့်နေရသလိုခံစားမှူမျိုးပေးနိုင်မယ့်အပြင်
◾️Wireless Mic နှစ်လုံးနဲ့ Karaoke ဆိုဦးမလား အသံထွက်ကစိတ်တိုင်းကျနေစေရမယ်။

Speaker Size ကြီးကြီးနဲ့ Karaoke ကောင်းကောင်းဆိုချင်တဲ့သူတွေအတွက် M5 pro Speaker တွေ Audio Prestige မှာ ဝယ်ယူနိုင်ပါပြီ... 🛒

M5 Pro Portable Karaoke Speaker
Two 2" Tweeter Speaker + Two 3" Mid-Range Speaker + One 6.5" Woofer Speaker
- 100W Output
- Two Wireless Mic
- Bluetooth 4.2
- Play Time 5 to 8 Hours
- Guitar / Aux Support
Warranty 1 Year

📍 Location – N0 ( 790 ), လောပိတလမ်း နှင့် ဦးရာဇာတ်လမ်းထောင့်, (၃၅) ရပ်ကွက်, မြောက်ဒဂုံ, ရန်ကုန်မြို။
🗺 Google Map – https://maps.app.goo.gl/vnAkRRycP2DKFzdt5
⏱️Open Hours – 9:00 am to 5:00 pm ( Mon – Sat ) ရုံးချိန်တွင်းစိတ်ကြိုက်လာရောက်စမ်းသပ်နိုင်ပါတယ်။

📌Ninja Van ရောက်တဲ့မြိုနယ်တိုင်းအတွက် အိမ်အရောက်ငွေချေစနစ်ဖြင့်ပိုဆောင်ပေးပြီး ကျန်မြိုများအားလုံးကားဂိတ်တင်ပေးပါတယ်။

Photos from Audio Prestige's post 23/05/2026

မိုးရွာတဲ့ရက်တွေမှာ ဘာသီချင်းတွေနားထောင်ဖြစ်နေကြလဲ 🌧🎶

ဒီရက်ပိုင်း မိုးတွေလည်းဆက်တိုက်ရွာနေတာဆိုတော့ မိုးအေးအေးနဲ့သီချင်းအေးအေးလေးတွေရောနားထောင်ဖြစ်ကြရဲ့လား ...

သီချင်းသံတိုင်းကို ငြိမ်ငြိမ့်ညောင်းညောင်းနဲ့ခံစားနိုင်မယ့် M1 Pro နဲ့ဆို မိုးရာသီရဲ့သီချင်းအေးအေးလေးတွေနဲ့ကတော့ အလိုက်ဖက်ဆုံးပဲပေါ့ 🎶

မိုးလေးအေးတုန်းမှာ ကော်ဖီပူပူလေးတစ်ခွက်ရယ် သီချင်းတွေနဲ့ အနားယူဖိုလည်းမမေ့နဲ့ဦးနော် 🌧

📍 Location – N0 ( 790 ), လောပိတလမ်း နှင့် ဦးရာဇာတ်လမ်းထောင့်, (၃၅) ရပ်ကွက်, မြောက်ဒဂုံ, ရန်ကုန်မြို။
🗺 Google Map – https://maps.app.goo.gl/vnAkRRycP2DKFzdt5
⏱️Open Hours – 9:00 am to 5:00 pm ( Mon – Sat ) ရုံးချိန်တွင်းစိတ်ကြိုက်လာရောက်စမ်းသပ်နိုင်ပါတယ်။

📌Ninja Van ရောက်တဲ့မြိုနယ်တိုင်းအတွက် အိမ်အရောက်ငွေချေစနစ်ဖြင့်ပိုဆောင်ပေးပြီး ကျန်မြိုများအားလုံးကားဂိတ်တင်ပေးပါတယ်။

21/05/2026

စာသင်ခန်းနဲ့ ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေကို အာခေါင်ခြောက်အောင် အော်ပြောနေရလို့ အသံဝင်တာ၊ လည်ချောင်းနာတာတွေ ဖြစ်နေပြီလား...👩‍🏫

ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတော့ ဆရာ၊ ဆရာမတို့အတွက် ပြဿနာတစ်ခုက စာသင်ချိန်တစ်လျှောက်လုံးကို အော်ပြောရတဲ့ကိစ္စပါပဲ။

တစ်နေကုန်နီးပါး အခန်းကျယ်ရင်ကျယ်သလောက်လူဦးရေများတဲ့စာသင်ခန်းထဲမှာ အယောက်တိုင်းကြားရအောင်ပြောရတာ လွယ်ကူပါဘူး။ Mic သံမကောင်းတဲ့ Speaker တွေသုံးရင်လည်း အသံကစူးရှပြီး နားထောင်ရအဆင်မပြေတဲ့အပြင်၊ အားကခဏခဏကုန်လို့ စာသင်ရတာ အနှောင့်အယှက် ဖြစ်ရပြန်ပါတယ်။

ဒီလို ပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက် ဆရာ၊ ဆရာမတို့အနေနဲ့ ကိုယ့်ရဲ့ စာသင်ခန်း ပတ်ဝန်းကျင်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် Portable Bluetooth Speaker ကို ရွေးချယ်အသုံးပြုဖို့ပြောပြပေးချင်ပါတယ်။ 📍

▪️စာသင်ခန်းမှာသုံးမှာဖြစ်တဲ့အတွက် သီချင်းနားထောင်တဲ့ Speaker တွေလို Bass သံပြင်းပြင်းတွေထက် Vocals သံ ကို သဲသဲကွဲကွဲနဲ့ ချိုချိုသာသာ ထုတ်ပေးနိုင်တဲ့ Speaker မျိုးကို ဦးစားပေးရွေးချယ်ရပါမယ်။ ဒါမှသာ နောက်ဆုံးကကျောင်းသားတွေအထိပါ Vocal သံကို ရှင်းရှင်းလင်းလင်း ကြားနိုင်မှာဖြစ်ပါတယ်။

▪️စာသင်တဲ့အချိန်တွေ၊ စကားပြောတဲ့အချိန်တွေမှာအဓိကသုံးမှာဖြစ်တဲ့အတွက် Speaker ရဲ့ Mic သံကောင်းဖို့ကလည်း အရေးကြီးပါတယ်။ မိုက်အသုံးပြုတဲ့အခါ အသံတုန်ခါတာ၊ အသံစူးတာ၊ Feedback ပြန်တာတွေမဖြစ်စေဖို့ Echo နဲ့ Noise Cancellation ပါဝင်တဲ့ အမျိုးအစားတွေက စာသင်ခန်းမှာသုံးဖို့အတွက်ဆိုပိုပြီးသင့်လျော်ပါတယ်။

▪️စာသင်ချိန်တွေက တစ်နေကုန်ကိုရှိတတ်လို့ အနည်းဆုံး 4 နာရီကနေ 8 နာရီကြား Battery အားခံတဲ့ Speaker မျိုးကိုရွေးချယ်ဖို့ပြောချင်ပါတယ်။ တစ်နေ့တာစာသင်ချိန်တစ်လျှောက်လုံး အားခဏခဏ ပြန်သွင်းစရာမလိုဘဲ စိတ်ချလက်ချအသုံးပြုနိုင်မယ့် Battery အမျိုးအစားဖြစ်ဖို့လိုပါတယ်။

▪️နောက်ဆုံးအနေနဲ့အဓိကကျတဲ့တစ်ချက်က သယ်ရလွယ်ကူဖို့ပါ။ အတန်းတစ်ခုကနေ တစ်ခု အချိန်ပြောင်းပြီးသင်ရတာပဲဖြစ်ဖြစ်၊ အခန်းထဲမှာ ပေါ့ပေါ့ပါးပါးသုံးဖို့ပဲဖြစ်ဖြစ် အလွယ်တကူ သယ်ဆောင်နိုင်တဲ့ Portable Speaker မျိုးက ဆရာဆရာမတွေအတွက်အသင့်တော်ဆုံးပါပဲ။

ဒါတွေကတော့ စာသင်ခန်းထဲမှာသုံးဖို့အတွက် Speaker ဝယ်မယ်ဆို သိထားသင့်တဲ့အချက်တွေပါ။ မကြာခင်ဆိုကျောင်းတွေလည်းပြန်ဖွင့်တော့မှာဆိုတော့ ဆရာ/ ဆရာမတွေအနေနဲ့ ဒီအချက်တွေကိုကြည့်ပြီးတော့ ရွေးချယ်နိုင်မယ်လို့ထင်ပါတယ်။ 🛒

📍 Location – N0 ( 790 ), လောပိတလမ်း နှင့် ဦးရာဇာတ်လမ်းထောင့်, (၃၅) ရပ်ကွက်, မြောက်ဒဂုံ, ရန်ကုန်မြို။
🗺 Google Map – https://maps.app.goo.gl/vnAkRRycP2DKFzdt5
⏱️Open Hours – 9:00 am to 5:00 pm ( Mon – Sat ) ရုံးချိန်တွင်းစိတ်ကြိုက်လာရောက်စမ်းသပ်နိုင်ပါတယ်။

📌Ninja Van ရောက်တဲ့မြိုနယ်တိုင်းအတွက် အိမ်အရောက်ငွေချေစနစ်ဖြင့်ပိုဆောင်ပေးပြီး ကျန်မြိုများအားလုံးကားဂိတ်တင်ပေးပါတယ်။

19/05/2026

ကိုယ်နဲ့လိုက်ဖက်တဲ့ Speaker ကိုဘယ်လိုရှာမလဲ 📍

Speaker တွေကို ဝယ်ပြီးမှအသံထွက်ကို မကြိုက်တော့တာ၊ ကိုယ်အသုံးပြုမယ့် ပုံစံနဲ့ မကိုက်ညီတာမျိုးတွေမဖြစ်ရအောင် ဆိုင်မှာရှိတဲ့ နာမည်ကြီး Brand တွေထဲကမှ ဘယ် Brand ကို ဘယ်လိုမျိုး‌‌‌ကြည့်ပြီးရွေးချယ်သင့်လဲဆိုတာပြောပြပေးချင်ပါတယ်...။

Audio Prestige မှာဆိုရင် အားလုံးသိတဲ့အတိုင်း နာမည်ကြီး Speaker Brand 5 မျိုးကိုရောင်းချပေးနေတာဖြစ်ပါတယ်။ ✔️

📍အဲ့ဒီထဲကမှ လူငယ်တွေကြားအကြိုက်များတာဆိုရင်တော့ 𝐇𝐎𝐏𝐄𝐒𝐓𝐀𝐑 Speaker တွေပါ။ ဆိုင်မှာအမေးအများဆုံးနဲ့ အရောင်းရဆုံးလို့ပြောရင်လည်းမမှားပါဘူး။
လူကြိုက်များတယ်ဆို ဒီဇိုင်းတွေကလည်းမိုက်တယ်၊ အဓိကကတော့ Bass သံကောင်းကောင်းနဲ့ အသံထွက်ကျယ်ကျယ်နားထောင်ချင်တဲ့သူတွေအဝယ်များကြတာမလို့ပါ။
တစ်ခုရှိတာကတော့ Hopestar Speaker တွေက Karaoke ဆိုဖို့ထက် သီချင်းတွေကိုပဲမြူးမြူးကြွကြွနဲ့နားထောင်ဖို့အတွက်ဆို ပိုပြီးအဆင်ပြေပါတယ်။

📍သီချင်းလည်းနားထောင်မယ်၊ တစ်ခါတစ်လေအပျော် Karaoke လည်းဆိုချင်တယ်ဆိုရင်တော့ စျေးနှုန်းသင့်ပြီး Price to Performance ဖြစ်တဲ့ 𝐒𝐨𝐮𝐧𝐝𝐢𝐭 နဲ့ 𝐌𝐏𝐥𝐮𝐬 ထဲက ရွေးချယ်ဖို့ပြောချင်ပါတယ်။
Hopestar နဲ့ယှဥ်ရင် Karaoke ဆိုဖို့အတွက် မိုက်သံတွေလည်းပိုကောင်းသလို Function လည်းပိုပြီး‌တော့စုံတယ်။
စျေးနှုန်းအရဆိုလည်း ဆယ်သိန်းအောက်မှာ Karaoke Speaker တစ်ခုကိုကောင်းကောင်းသုံးလို့ရပါတယ်...။

📍စျေးနှုန်းမြင့်လည်းကိစ္စမရှိဘူး Quality ကောင်းတာမှသုံးချင်တယ်ဆိုရင်တော့ High End Brand တစ်ခုဖြစ်တဲ့ 𝐌𝐋𝐨𝐯𝐞 ကိုရွေးလို့ရပါတယ်။
အသံထွက်ကြည်ပြီး High သံအားကောင်းတဲ့ Speaker တွေဖြစ်သလို Instrument အစုံနဲ့ချိတ်ဆက်နိုင်ပြီးတော့ အခြား Speaker တွေထက်Function ပိုင်းလည်းပိုစုံတာမလို့ ကိုယ့်အိမ်မှာတင်ပဲ Speaker တစ်လုံးတည်းနဲ့အကုန်ပြည့်စုံအောင်သုံးချင်တယ်၊ ပေးရတဲ့စျေးနဲ့ Quality ကောင်းကောင်းတစ်ခုကိုမှပြန်ရချင်တယ်ဆိုရင် MLove Speaker တွေကအသင့်တော်ဆုံးပါပဲ။

📍Portable တွေထဲကမဟုတ်ပဲနဲ့ ပွဲတွေအခမ်းအနားတွေ Outdoor သုံးချင်တဲ့သူတွေအတွက်ကတော့ 𝐒𝐩𝐞𝐚𝐤𝐋𝐞𝐚𝐝𝐞𝐫 ရှိပါတယ်။
AC/DC Speaker တွေကိုမှ Application နဲ့တွဲပြီးအသုံးပြုလို့ရတယ်။ Outdoor Speaker တွေဆိုတဲ့အတိုင်းပဲ Watt များများနဲ့ အသံထွက်အားကောင်းတယ်။ နှစ်ထပ် Speaker တွေလည်းရှိတာမို့ ပွဲတွေ တီးဝိုင်းတွေမှာသုံးမယ်ဆိုရင်တော့ SpeakeLeader ထဲကရွေးချယ်လို့ရပါတယ်။

လတ်တလော Showroom မှာ Stock တွေနည်းနေတာမလို့ ပစ္စည်းတွေပြန်ရောက်လာဖို့စောင့်နေရတုန်းမှာ Customer တွေအတွက်‌ ကိုယ့်အကြိုက်နဲ့ကိုက်မယ့် Speaker အမျိုးအစားကိုကြိုပြီးရွေးချယ်လို့ရအောင် ပြောပြပေးတာဖြစ်ပါတယ်။ ကိုယ်ကရော Speaker ဝယ်ရင် ဘယ်လိုအမျိုးအစားကို‌ရွေးဖြစ်မလဲဆိုတာ Comment မှာရေးခဲ့ပေးဦးနော်...။ 🛒

📍 Location – N0 ( 790 ), လောပိတလမ်း နှင့် ဦးရာဇာတ်လမ်းထောင့်, (၃၅) ရပ်ကွက်, မြောက်ဒဂုံ, ရန်ကုန်မြို။
🗺 Google Map – https://maps.app.goo.gl/vnAkRRycP2DKFzdt5
⏱️Open Hours – 9:00 am to 5:00 pm ( Mon – Sat ) ရုံးချိန်တွင်းစိတ်ကြိုက်လာရောက်စမ်းသပ်နိုင်ပါတယ်။

📌Ninja Van ရောက်တဲ့မြိုနယ်တိုင်းအတွက် အိမ်အရောက်ငွေချေစနစ်ဖြင့်ပိုဆောင်ပေးပြီး ကျန်မြိုများအားလုံးကားဂိတ်တင်ပေးပါတယ်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Corner Of Law Pi Ta Street & U Yar Zat Street, North Dagon
Yangon
11421