Cherripod

Cherripod

Share

23/06/2021

Learning English under 5 minutes part 2

ဒီနေ့ကတော့အပိုင်းနှစ်လေးပေါ့နော်
အပိုင်း၁ မှာပေးထားတဲ့ advice လေးကိုတစ်ကယ်ရောလိုက်လုပ်ကြလား
ဒီတိုင်းပဲဖတ်ပြီးကျော်သွားကြသလား သူငယ်ချင်းတို့
မလုပ်ဖြစ်ရင် ဒီနေ့ကစပြီးစလုပ်ဖို့အကြံပေးချင်တယ်နော်

ကယ် ဒီနေ့ကတော့ second tip လေးလာပါပြီ
အဲ့ဒါကတော့လုပ်ရတာသက်သက်သာသာ
ပေါ့ပေါ့ပါးပါးရှိပြီး
လုပ်ရတာလွယ်ကူပြီးတော့
ရေရှည်လုပ်ဖြစ်ဖို့များတဲ့ အလေ့အကျင့်လေးတစ်ခုပါ

ကိုယ်ကြိုက်တဲ့ ENGLISH SONG တစ်ပုဒ်ကို
အရင်ကလိုနားထောင်ပြီးပြီးသွားတာမဟုတ်ဘဲ
သေချာ တစ်ခေါက်နားထောင်
ပြီးရင် စာသားကြည့်ပြီးနားထောင်
ပြီးရင်လိုက်ဆိုကြည့်
ပြီးရင်စာသားတွေထဲကမှ ကိုယ်မသိတာတွေရှာပြီးကျက်ပါ
ပြီးရင် သီချင်းကိုထပ်ခါထပ်ခါနားထောင်ပါ
စာသားကိုနားထဲကကြားရလား နားထောင်ကြည့်ပါ
အစကတစ်လုံးမှနားမလည်တဲ့ LYRICS တွေကို
လိုက်ရွတ်နိုင်ပြီလား
ရွတ်နိုင်ပြီဆိုရင် နောက်တစ်ပုဒ်ကိုပြောင်းနားထောင်လို့ရပါပြီ

ကယ်...ဒီနည်းနဲ့ဆိုကိုယ်ကြိုက်တဲ့သီချင်းတွေလဲ
အမုန်းနားထောင်လို့ရပြီ
သူငယ်ချင်းတွေရှေ့မှာလဲ အမုန်းဆိုနိုင်ပြီ
တစ်ဖက်ကလဲ အကျိုးရှိတဲ့ ENGLISH စာကိုလေ့လာဖြစ်သွားပြီဆိုတော့
တစ်ချက်ခုတ် ၃ ချက် မကပြတ်တဲ့ နည်းလမ်းလေးပဲနော်
တစ်ကယ်လိုက်လုပ်ကြည့်ရင််
တစ်ကယ်ထိရောက်တာကိုတွေ့ရပါလိမ့်မယ်။..။

22/06/2021

Tips for Photographic memory (Military graded)

You will need
1.a dark room
2.no distractions
3.a bright lamp
4.a piece of paper

Sit somewhere with easy access to turn on your light without getting up. Get a piece of paper & cut a rectangular hole roughly the size of a standard book paragraph. Cover whatever you're trying to memorize with the paper and expose only one paragraph.

Turn off the light and let your eyes adjust to the dark.
Flip the light on for a split second then off again.
Repeat this while staring at the material.

If you do this right, eventually you'll be able to see the paragraph and read the imprint in your mind.
(Takes Practice!)

အခုအပေါ်မှာ English လိုရေးထားတာကိုအရင်ဖတ်ကြည့်ပါ
မဖတ်ရသေးဘဲဒီအောက်ကိုအရင်လာဖတ်ရင်ခုချက်ချင်းအပေါ်ပြန်တက်ပြီး
ဖတ်ဖို့အကြံပြုပါရစေ။....။

ဒီနေ့ပြောထားတာကတော့
နိုင်ငံခြား စစ်တပ်တွေ လေ့ကျင့်ရေးထဲမှာ
သုံးတဲ့ မှတ်ဉာဏ်လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်
ဖတ်ကြည့်ပါ နားမလည်တာရှိရင် ကော်မန့်မှာရေးပေးပါ
ပြန်ရှင်းပြပေးပါမယ်..

ဒါလေးတွေကတော့ နည်းနည်း ဆန်းပြီး မှတ်ထားလို့ရမှာလေးတွေဖော်ပြထားတာပါ။

1.easy access - လက်တစ်ကန်းစာ / အလွယ်တကူ
2.the size of a standard book paragraph- ပုံမှတ်စာအုပ်ထဲက စာပိုဒ်တစ်ပိုဒ်အရွယ်လောက်
3.expose - show
4.let your eyes adjust - let your eyes get used to လို့လဲသုံးလို့ရတယ်
5.for a split second- ခဏလေး စက္ကန့်ပိုင်းမျှသာ
6.material- ဒီနေရာမှာကိုယ်လေ့လာနေတဲ အကြောင်းအရာကိုဆိုလိုတာ
ဘာမဆိုဖြစ်နိုင်တာမို့ material လို့ရေးတယ်
7.imprint - ဆွဲနေတာ ပုံနှိပ်စက်နဲ့ရိုက်ထားသလိုမျိုးကိုပြောချင်တာ

မသိတာရှိရင်ရေးခဲ့ပေးပါ။
Fighting with your studies!!

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Bocho
Yangon
1101