Shwe Nanda

Shwe Nanda

Share

09/01/2025

🙏သဗ္ဗေသတ္တာ ဝေနေယာ ချမ်းသာကိုယ်စိတ်မြဲပါစေ🌿🌺
🙏 ကိုယ်စိတ်ဆင်းရဲမဖြစ်ပဲ နေ့စဉ်ကောင်းကျိုးတိုးပါစေ🌿🌺
🙏 ရောဂါဘယ ကင်းစင်ပ လက်ငင်း ကောင်းကျိုးတိုးပါစေ🌿🌺
🙏 အလှူဒါန ပြုလုပ်ကြ စည်းစိမ်ဥစ္စာ တိုးပါစေ🌿🌺
🙏ကျေးဇူးကြီးလှ မိနှင့်ဖ လူတိုင်းကိုယ်စီ သိတတ်စေ လုပ်ကျွေးသမှူပြုပါစေ🌿🌺
🙏ခန္ဓာဖြစ်ပျက်န့စဉ်မှတ် တရားထူးလည်းရကြစေ🌿🌺

15/06/2022

တက္ကသိုလ်တက်ခြင်း မတက်ခြင်းနှင့်ဆက်ဆက်အကျိုးကျေးဇူးများကတော့ စာပေသင်ကြားနေတာတွေဟာ ကောင်းတဲ့အလုပ်တွေပါပဲ အပြင်မှာနေရင်လဲ စာပေသင်ကြားခြင်း တရားထိုင် ပရိတ်ရွတ်စသဖြင့် အလုပ်လေးတွေအချိန်ပြည့်လုပ်နေရင်တော့ အကျိုးရှိတာပေါ့ ဘာအလုပ်မှမလုပ်ပဲ အချိန်ဖြုန်းတီးလိုက်မယ်ဆိုရင် နေရတာမတန်ဘူး ကိုယ့်သဘောကိုယ်ဆိုတော့ အချိန်ဖြုန်းတီးဖြစ်တာအမှန်ပဲ တက္ကသိုလ်တတ်နေတဲ့သူ စာပေစသည်လိုက်စားနေသူတွေကတော့ မလုပ်ချင်လဲလုပ် လုပ်ချင်လဲလုပ်ဆိုတော့ အချိန်မဖြုန်းဖြစ်တော့ဘူး နောက်အသိဥာဏ်တွေပိုတိုးတယ် ရှေ့ဆက်ပြီး သာသနာပြုလုပ်ငန်းတွေမှာအထောက်အကူဖြစ်တယ် အချိန်ပြည့် စာပေနဲ့နီးစပ်မှုရှိနေသည့်အတွက် ဘဝအတွက်ဘာလုပ်ရမလဲဆိုတာ စာပေကပဲသင်ကြားပြသပေးသွားမှာပါ။

21/04/2022

"ဘာကြောင့် စာဖတ္ဖို့လိုသလဲ"

ဆရာကြီးဦးအောင်သင်းရဲ့
အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား...
လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင်???
လူကသာတယ်လိုပဲဖြေကြတယ်...
စဉ်းစားကြည့်ရအောင်...

- မြင်းလောက်အပြေးသန်သလား?

- ဆင်လောက်ခွန်အားကြီးသလား?

- ငါးလောက်ရေကူးကျွမ်းသလား?

- ကျီးကန်တို့လဒတို့လောက်
မျက်စိလျင်လား?

- အယ်ဇေးရှင်းခွေးလောက်
အနံ့ခံကောင်းလား?

အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့
စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့...

ပျားတွေလောက်မစည်းလုံးဘူးနော်...
ပျားတွေဟာသိပ်ဝီရိယကောင်းတယ်
ပန်းပွင့်မညိုးခင် မနက်စောစောကတည်းက
လုံ့လစိုက်ပြီး အလုပ်လုပ်တယ်။

ပျားတစ်ကောင်ဟာ
ပန်းဝတ်ရည်ကိုတွေ့လာရင်
သတင်းလာပို့တယ်...
သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်း
ထပ်ကြပ်မကွာလိုက်တယ်...
သူတို့ယူလာတဲ့ဝတ်ရည်ကို
သိုလှောင်တဲ့နေရာမှ
အတိတကျထားတယ်...

ဘယ်ပျားကမှမခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ...
ရှဥ့်လျှောက်လို့ရအောင်
လမ်းချန်ပေးထားတယ်...
သူများသွားလမ်းပိတ်မထားဘူး။

လူတွေလို ဘယ်သူသေသေ
ပြီးပြီးရောဆိုတဲ့ စိတ်ယုတ်မရှိဘူး။

ပျားအုံကိုထိရင်
အသေခံကာကွယ်တယ်။
ပျားတွေ နိုင်ငံတော်သည်
ဘယ်လောက်အားကျဖို့ကောင်းလဲ?
ဘယ်လောက်အတုယူဖို့ကောင်းလဲ

ကောင်းပြီ ဆက်စဉ်းစားကြရအောင်

လူတွေဟာ တိရစ္ဆာန်တွေထက်
ဘယ်နေရာသာသလဲ
အဖြေထုတ်ကြည့်ရင် သုံးမျိုးပဲရှိတယ်...

၁- အလှအပကိုခံစားတတ်ခြင်း
ဖန်တီးတတ်ခြင်း။

၂- ကိုယ့်ကျင့်တရားရှိခြင်း။

၃- ကျိုးကြောင်းဆင်ခြင်နိုင်ခြင်း
ဉာဏ်ပညာရှိခြင်း။

လူတွေဟာ အလွအပကို
ခံစားတတ်တယ် ဖန်တီးတတ်တယ်...။

တိရစ္ဆာန်တွေမှာ
ကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်...

မကောင်းတာကောင်းတာ
သူတို့မသိဘူး...
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး...

လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင်
တိရစ်ဆာနျနဲ့မခွားနားဘူး...

ကျိုးကြောင်းဆင်ခြင်ဉာဏ်
ပညာကြီးတယ်။
ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ
သိတယ်။

ကိုယ့်ထက်အားကြီးတဲ့ဆင်ကို
ချွန်းပေါက်ပြီးသစ်ဆွဲခိုင်းတယ်...

မြင်းကိုပါးချုပ်တပ်ပြီးခွစီးတယ်
လှည်းတပ်ဆွဲခိုင်းတယ်...

ရေကူးကျွမ်းတဲ့ငါးကို ငါးမျှား
ချိတ်နဲ့များတယ် ပိုက်နဲ့ဖမ်းတယ်...

ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို
ဖွတ်စားတယ်...

ဒါဘာလို့လဲ???
လူတွေကတိရစ္ဆာန်တွေထက်
အကျိုးအကြောင်းဆင်ခြင်နိုင်လို့
ဉာဏ်ပညာကြီးလို့ပေါ့

လူတွေကတိရစ္ဆာန်တွေအပေါ်
လွှမ်းမိုးနိုင်တာဟာ ဉာဏ်ပိုကြီးလို့
ဒါဆိုရင်လူအချင်းချင်းရော???
စဉ်းစားနော်သေချာစဉ်းစား...

လူတွေမှာလည်း ပညာကြီးတဲ့လူက
ပညာနည်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့...

သူများနိုင်ငံမှာသွားပြီး
ပညာသင်ရတယ်...

သူများနိုင်ငံမှာသွားပြီး
အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ္လို့ပဲ။

ဒါကို တို့နိုင်ငံက လူတွေက
အခုချိန်ထိပညာကို
တန်ဖိုးထားရကောင်းမှန်းမသိဘူး...

အမြင်ကျယ်တဲ့သူက
အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့...

အဲ့ဒီတော့ သူများလွှမ်းမိုးတာ
မခံရအောင် သူများခေါင်းပုံဖြတ်တာ
မခံရအောင်
သူများလူလည်ကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ္ဖို့ အမြင်ကျယ်ဖို့
အသိပညာရွိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ???

စာဖတ်ရမှာပေါ့...
စာဖတ်တယ်ဆိုတာ သူများအမှား
ကိုယ်ဆက်မမှားအောင်လုပ်တာ...

သူများအတွေအကြုံ
ကိုယ့်အတွေအကြုံအဖြစ် ရယူတာ...

စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို
ခွန်အားဖြစ်စေမယ့်စာမျိုး မ်ားမ်ား
ဖတ်ပါ။

ဘဝကို ဦးနှောက်က
ဦးဆောင်တာ အသိပညာရစေမယ့်
စာတွေ များများဖတ်စေချင်တယ်...

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon