Graphic Design Center

Graphic Design Center

Share

24/08/2025

Logo ဆွဲရတာ လွယ်ပါတယ်

* မှတ်မိလွယ်စေဖို့
* လုပ်ငန်းတူတွေကြားမှာ ထင်ရှားပေါ်လွင်နေစေဖို့
* Logo ဟာ အဓိပ္ပာယ် ရှိနေစေဖို့
* ဘယ်‌ နေရာမှာပဲ သုံးသုံး အဆင်ပြေစေဖို့

စတဲ့ သတ်မှတ်ချက်တွေ အောက်မှာ အကောင်းဆုံး စဥ်းစားပြီး ဖန်တီးရတဲ့အခါမှာ မလွယ်ကူသလို ကြိုးစားထားတဲ့ ရလဒ် ရလာတဲ့အခါမှာလည်း ကျေနပ်စရာကောင်းတာ တွေ့ရမှာပါ....

MYA Jewelry Logo ကို မိမိ ကိုယ်ပိုင်လုပ်ငန်းလို စဥ်းစားပြီး ကြိုးစား‌ ပေးခဲ့ပါတယ်

*** Guarantee ***
* Logo ဖန်တီးတဲ့အခါ AI (Artificial Intelligent) မသုံးပါ.
* အသင့်ပြုလုပ်ပြီးသော အရာများ ယူမသုံးပါ
* ကိုယ်ပိုင်အသိပညာဖြင့် ကြိုးစားဖန်တီးပါသည်

စီးပွားရေးလုပ်ငန်း အတွက် အရည်အသွေးပြည့်ဝတဲ့ Logo တစ်ခု ဖန်တီးချင်တယ်ဆိုရင်တော့ အခုပဲ ဆက်သွယ်လိုက်ပါ.

Graphic Designer Center
09 799 11 4239

20/05/2025

ဒီပုံကတော့ 100% AI နဲ့ လုပ်ထားတာပါ. Prompt ကတော့ Comment မှာ ရေးပေးထားပါတယ်. စာသားတချို့ကို ပြင်ပြီး စမ်းကြည့်ပါ. စမ်းသုံးကြည့်စေချင်တဲ့ သဘောပါ.

ဘယ်လိုနေရာမျိုးတွေမှာ အသုံးဝင်မလဲဆိုတော့ ကိုယ်ဖန်တီးမယ့် Design မှာ အစိတ်အပိုင်းတစ်ခု အနေနဲ့ သုံးချင်တဲ့ အရာမျိုးရှိရင် ဖန်တီးကြည့်ပါ. (ဥပမာ - icon,....) Manipulation ဘက်ကို သွားချင်တဲ့ Design မျိုး ၊ Background Layer အနေနဲ့ သုံးချင်တာမျိုး ဆိုရင် လုပ်ကြည့်ပါ.

တစ်ခါတစ်လေမှာ ကိုယ်လိုချင်တဲ့ ပုံ (image) ရှာမတွေ့တာမျိုး ၊ Manipulation လုပ်ဖို့ အချိန်မပေးနိုင်တာမျိုးဆိုရင်လည်း အသုံးဝင်ပါတယ်. တချို့ Agency တွေဆိုရင် AI နဲ့ image ထုတ်ပြီး Content ရေး ၊ ကြေငြာ Post တင်တာမျိုးလည်း တွေ့ဖူးကြမှာပါ.

AI ကိုသုံးဖို့အတွက် English စာမှာ အားနည်းလည်း ဘာမှမဖြစ်ပါဘူး . Google Translate သုံးတာပဲဖြစ်ဖြစ် (ဒါမှမဟုတ်) မြန်မာလိုရေးလို့လည်း ရပါတယ်. Freepik မှာပါတဲ့ AI ကိုလည်းစမ်းသုံးကြည့်စေချင်ပါတယ်.

AI က အသုံးဝင်တယ်ဆိုတော့ နောက်ပိုင်းမှာ Designer တွေ မလိုတော့ဘူးလားလို့ မေးရင်တော့ ကြားဖူးတဲ့ စကားတစ်ခုကိုပဲ ဥပမာ ပြရမှာပါ.

မိုးပြိုမှာကြောက်ပြီး ခြေထောက် (၂)ချောင်း မိုးပေါ် ထောင်အိပ်တဲ့ ငှက်လို အဖြစ်မခံပါနဲ့ . လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံးကြိုးစားပါ. ခေတ်ရေစီးကြောင်း (Trend) နဲ့ လိုက်လျောညီထွေဖြစ်အောင် လေ့လာပါ. အသင်းအဖွဲ့ထဲမှာနေပါ. ကိုယ်သိတာကို တခြားသူတွေလည်း သိအောင် ပြန်မျှဝေပါ.


Graphic Designer
Inspired for Creativity

20/04/2025

အကြောင်းအမျိုးမျိုးကြောင့် စာမရေးဖြစ်တာ အတော်ကြာသွားပါတယ်.

ဒီတစ်ခေါက်မှာတော့ ခဏ ခဏတွေ့နေရပြီးတော့ ခဏ ခဏ အမေးများတဲ့ မေးခွန်း (၂)ခုကို ပြောပြပေးသွားပါမယ်.

Question 1 : Graphic Design ဆွဲဖို့ Computer လိုလား? ဘယ်လောက်ဆိုရင် သုံးရတာ အဆင်ပြေမလဲ?

အရင်ဆုံး Graphic Design ဆိုတာ Photoshop နဲ့ Illustrator ကို ကိုယ်စားမပြုကြောင်း ပြောချင်ပါတယ်. ဒါဆိုဘာလို့ Graphic Design လို့ ပြောလိုက်တာနဲ့ အဲ့ Software (၂)ခု က အမြဲပါလာတာလဲလို့ မေးစရာရှိပါတယ်.

ရှင်းပြပါမယ်....

Tissue ပေါ်မှာလည်း စာရေးလို့ ရတာပါပဲ. A4 စာရွက်ပေါ်မှာလည်း စာရေးလို့ ရတာပါပဲ. Notebook မှာလည်း စာရေးလို့ ရတာပါပဲ. ခဏပဲ စာရေးမယ် ပြီးရင် လွှင့်ပစ်လိုက်လို့ရတယ်. ဒါဆိုရင် Tissue (or) A4 စာရွက်မှာရေးလည်း ရတာပါပဲ. သေသေချာချာ မှတ်မယ်. မှတ်ထားတာတွေကို အချိန်မရွေး ပြန်ကြည့်မယ်ဆိုရင်တော့ Notebook ကို သုံးတာ အကောင်းဆုံးပါပဲ.

ဒီလိုပါပဲ...

Graphic Design ကို အခုခေတ်ကာလမှာ ဖန်တီးဖို့ သုံးဖို့အတွက် Software တွေထဲမှာ Photoshop နဲ့ Illustrator ဒီ (၂)ခုဟာ အဆင်ပြေပြီး သုံးရတာကောင်းနေတဲ့အတွက် ဒီနေ့အထိ လူကြိုက်များပြီးသုံးနေတာပါ. ဒီ Software (၂)ခုက PC (Window, Mac) မှာပဲ မြင်ကွင်းကျယ်ကျယ်နဲ့ ကောင်းကောင်း အလုပ်လုပ်လို့ရတာဖြစ်လို့ Computer လိုအပ်တာဖြစ်ပါတယ်.

*** ဘယ်လောက်ဆိုရင် သုံးရတာ အဆင်ပြေမလဲ?

အနဲဆုံး Photoshop & Illustrator CC 2022 ကို ကောင်းကောင်းသုံးလို့ရတာမျိုး ရွေးဝယ်သင့်ပါတယ်. ကိုယ်သုံးမယ့် ပစ္စည်းဖြစ်တာကြောင့် Chat gpt, Google နဲ့ page တွေမှာ CPU, Ram, Graphic, Storage (HDD, SSD), Monitor (IPS Panel, Resolution (Full HD, 2K, 4K) စသဖြင့် Computer မှာပါတဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အကြောင်းအရာတွေကို သေသေချာချာဖတ်မယ်. ကိုယ်ကြိုက်တာက (၂)ခု ဖြစ်နေရင် အဲ့ (၂)ခုကို Comparison လုပ်ကြည့်မယ်. ကိုယ်တတ်နိုင်တဲ့ ငွေပမာဏနဲ့ ကိုက်ညီပြီဆိုရင်တော့ ဝယ်လိုက်လို့ရပါပြီ.

ကိုယ်ဝယ်မယ့် ဆိုင်မှာလည်း အပေါ်မှာ ပြောထားတဲ့ အကြောင်းအရာတွေကို သူတို့နဲ့ သေချာလေး မေးပြီး ဆွေးနွေးတိုင်ပင်ကြည့်လို့ရပါတယ်. ပိုက်ဆံများများ ရှိတယ် အာရုံမနောက်ချင်ဘူးဆိုရင်တော့ Macbook (or) iMac ကိုဝယ်ပါ.

စာရှည်သွားမှာစိုးတဲ့အတွက် နောက်နေ့မှာ FAQ No.2 ကို ဆက်ပြီး ပြောပြပေးသွားပါမယ်. ဖတ်ကြည့်လို့ အကျိုးရှိတယ်ဆိုရင်တော့ ပြန်လည်မျှဝေခြင်းဖြင့် တခြားသူတွေကို ကူညီလိုက်ကြရအောင်ပါ....


Graphic Designer
Inspired for Creativity

Photos from Graphic Design Center's post 03/11/2024

Graphic Design - Online Class ကို 100% Free နဲ့ တတ်ရောက်ခွင့်ရသွားသူ Page မှ (၂)ဦးနဲ့ Brilliance နဲ့ Collaboration Workshop မှ (၁)ဦး

* Arint Min
* Hein Htet
* Nio Run
Congratulations! ပါ. Monday မှာ တွေ့ကြပါမယ်.

See you soon!

Graphic Design Online Class ***
Start Date : 4.11.2024 (Monday)
Mon, Wed, Fri (3 days in a week)
Time : 8:00pm to 9:30pm
Duration – 2 months


Graphic Designer
Inspired for Creativity

*** 09 799 11 4239, 09 9763 55 600

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon