Vitamin B Complex
27/09/2021
ရာသီ လာတာနဲ့ ပါတ်သက်ပြီး သင်မသိသေးတဲ့ အချက် (၅) ချက်
(၁) သီသီ လာနေတဲ့ အချိန်လည်း ဂိုးဝင်သွားနိုင်တယ်
သီသီ လာတဲ့ အချိန်ဆို လုံးဝ ဂိုးမဝင်နိုင်ဘူး လို့ ယုံကြည်ကြတာတွေ ရှိပါတယ်။ အမှန်တော့ အဲ့ဒီလို မဟုတ်ပါဘူး။
🩸 တလ တကြိမ် မမျိုးဥ ကြွေတဲ့ အချိန်မှာ တချို့ မိန်းကလေး တွေ သွေးဆင်းတာ၊ စွန်းတာ ကြုံတတ်ပါတယ်။ အဲ့ဒီ သွေးဆင်းတာကို သီသီ လာတယ်လို့ အမှတ်မှား သွားတတ်ပါတယ်။
⚠️ မျိုးဥကြွေတဲ့ အချိန်ဟာ ကိုယ်ဝန်ရဖို့ ဖြစ်နိုင်ခြေ အများဆုံး အချိန်ပါ။
‼️ ဒီအချိန် ကို သီသီ လာနေလို့ စိတ်ချရတယ် မှတ်ပြီး မီးနီဖြတ်မောင်းမိရင် ဂိုးဝင် သွားဖို့ များပါတယ်နော်။ 🥴
📆 နောက်တချက်ကတော့ သီသီ လာပြီးနောက် ရက်ကပ်ပြီး မျိုးဥကြွေ တာ ဖြစ်နိုင်ပါတယ်။
‼️ ယွကျားလေးတွေရဲ့ သုတ်ကောင်လေးတွေက ကိုယ်အတွင်းမှာ (၃) ရက်ကနေ (၇) ရက်လောက်အထိ တွယ်ကပ်ပြီး နေနိုင်တာမို့လို့ ဒီရက်အတွင်းမှာ ပကျိလုပ်မိရင် မျိုးဥကြွေတာ နဲ့ တိုးပြီး ဂိုးဝင် သွားနိုင်ပါတယ်နော်။ 🥴
x x x x x x
(၂) စီစီ တွေ သောက်နေချိန်မှာ လာ တဲ့ “သီသီ” က “သီသီ အစစ်မဟုတ်”
🩸 စီစီ သောက်ပြီး လာတဲ့ သီသီ နဲ့ ပုံမှန် သီသီ အကြား နည်းနည်းတော့ ကွဲပါတယ်။
🚺 ပုံမှန်ဆွင် ရာသီစက်ဝန်းရဲ့ အလယ်လောက်မှာ မျိုးဥ ကြွေတယ်။
🩸 ကြွေတဲ့ မျိုးဥ က သူ့အချိန်ရောက်လို့ မျိုးမအောင်ရင် ဟော်မုန်းဓါတ်တွေ ပြုတ်ကျပြီး မလိုအပ်တော့တဲ့ သားအိမ် အတွင်းသားတွေကို ခွာချ လိုက်ပါတယ်။
👉 ဒါကို သီသီ လာတယ်ခေါ်ပါတယ်။
⛔️ စီစီ သောက်ရင် သားဥ မကြွေတော့ပါဘူး
💊 ၂၈လုံး ကိုယ်ဝန်တားဆေး (စီစီ) တွေမှာ ၂၁ လုံးက ဟော်မုန်းပါတဲ့ ဆေးဖြစ်ပြီး နောက်ဆုံး ၇ လုံးက ဟော်မုန်းမပါတဲ့ သံဓါတ်အားဆေး (သို့) ဘာအာနိသင်မှု မပါတဲ့ ဆေးပါ။
✅ စီစီ က သားဥကြွေတာ တားနိုင်ပေမယ့်လို့ သားအိမ်အတွင်းသား ထူလာတာကိုတော့ မတားနိုင်ပါဘူး
🩸 ဟော်မုန်းဓါတ်ပါတဲ့ ဆေးလုံးတွေ မသောက်တော့တဲ့ နောက်ဆုံး ၇ ရက်မှာတော့ ဟော်မုန်းဓါတ်တွေ ပြုတ်ကျသွားတဲ့ အတွက် ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှု အနေနဲ့ သီသီ လာသလို သွေးဆင်းရတာ ဖြစ်ပါတယ်။
x x x x x x
(၃) သီသီက တချိန်လုံး ပြောင်းလဲနေတယ်
✅ သီသီ ပထမဆုံး အချိန် စလာတဲ့ အခါ ရာသီစက်ဝန်းက ရှည်တတ်ပါတယ်။
📆 ဆယ်ကျော်သက် မိန်းကလေးတွေအနေနဲ့ ၂၁ ရက် ကနေ ၄၅ ရက် ကြား ရှိတတ်ပါတယ်။
📆 နောက်ပိုင်း မှာတော့ စက်ဝန်းက ပိုတိုလာပြီး မှန်းရတာလည်း ပိုလွယ်လာပါတယ်။ ၂၁ ရက် ကနေ ၃၅ ရက် ကြား လောက် ဖြစ်လာပါတယ်
🩸 သွေးဆုံးခါနီးမှာ ဟော်မုန်းအပြောင်းအလဲ စပါတယ်
✅ ဟော်မုန်းဓါတ်တွေ ကျဆင်းလာတဲ့ အခါ ရာသီစက်ဝန်းက တိုလာတာမျိုး ဖြစ်နိုင်သလို၊ ရှည်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်
🩸 ရေတံခွန်ကြီးလို လာတာမျိုး ဖြစ်နိုင်သလို၊ စွန်းရုံလောက် လာတာလည်း ဖြစ်နိုင်ပါတယ်
✅ ဒီအခြေအနေကို သွေးမဆုံးခင် ၁၀ နှစ်လောက်ကတည်းက ကြုံရနိုင်ပါတယ်
‼️ တဖြည်းဖြည်းချင်း မသိမသာ ပြောင်းသွားတာမျိုးက ပြဿနာ မရှိနိုင်ပေမယ့်လို့ ပုံမမှန်တဲ့ ရေတံခွန်ကြီးလို လာတာမျိုး၊ လုံးဝ မလာတာမျိုးဆိုရင် ပြဿနာ ရှိနိုင်လို့ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေး ပြသ သင့်ပါတယ်
x x x x x x
(၄) လစဉ်သုံးပစ္စည်း (အတောင့် နဲ့ ကပ်ခွာ) တွေပဲ ရွေးစရာ ရှိတာ မဟုတ်ပါဘူး
😁 သီသီ လာချိန်မှာ တခြား ရွေးစရာ ရှိပါသေးတယ်
✅ ရာသီလာတဲ့ အခါ သုံးလို့ရတဲ့ ခွက်ကလေး ရှိပါတယ်
✅ အဲ့ဒီ ခွက်ကလေးကို ရာဘာ (သို့) ဆီလီကွန် နဲ့ လုပ်ထားပြီး ပိပိ အတွင်းထဲ နေသားတကျ ထည့်ရတာပါ။ တခါထည့်ထားရင် ၁၂ နာရီ အထိ ထည့်ထားလို့ရတယ်
✅ ခဏခဏ ဝယ်စရာ၊ လဲ စရာလည်း မလိုဘူး
✅ တခါဝယ်ပြီးရင် သွေးဆုံးတဲ့ အထိ တသက်လုံးသုံးလို့ရတော့ အရမ်းတွက်ခြေကိုက်တယ်
✅ လစဉ်သုံး ပစ္စည်း ပစ်ရတဲ့ ဒုက္ခလည်း နည်းသွားတာပေါ့နော်
x x x x x x
(၅) PMS (သို့) ရာသီမလာခင် ဝေဒနာ
⚠️ မိန်းခလေးတွေအများစု ၉၀% မှာ ရာသီမလာခင် ၁ ပါတ် ၂ ပါတ်လောက် အလိုမှာ ဖြစ်တတ်တာ ရှိပါတယ်
✅ ဒါကို Premenstrual syndrome (PMS) လို့ အတိုကောက်ခေါ်ပါတယ်။ ဗမာမှု ပြုရရင်တော့ သီသီမလာခင် ဝေဒနာစုပေါ့နော်
✅ လေတက်၊ ဗိုက်ဗိုက်နာ၊ ရင်သားရောင်၊ ဝက်ခြံ၊ အချိုတွေပဲ စားချင်တာဖြစ်၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ အသံ သို့ အလင်းစူးတာ မခံနိုင်၊ နှုံးချိ၊ ဂဏာမငြိမ်၊ အိပ်ချိန်မမှန်၊ ပူပန်၊ အားငယ်၊ ဝမ်းနည်း၊ ခံစားချက်ပြင်းထန် တာတွေက PMS မှာ ပါဝင်ပါတယ် 😥😥😥
👉 PMS ကို ထိန်းချုပ်နိုင်ဖို့ရာ အနေအထိုင် အစားအသောက်က ပဓာနကျပါတယ်
☑️ PMS သက်သာဖို့ရာ တရက်ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်မည့် သင့်တော်တဲ့ နည်းလမ်းကို ရှာပါ။ အချင်းချင်း အားပေး ဖေးမပါ။ အာဟာရ ပြည့်စုံ မျှတအောင် စားပါ။ အရက်၊ ဆေးလိပ်၊ အချို၊ အငန် နဲ့ ကဖင်းဓါတ် ပါတဲ့ အစားအသောက်တွေ ကို့ လျော့ချ ကန့်သတ်ပါ။ မအိပ်ခင် ဖုန်း၊ ကွန်ပြူတာ သုံးတာ လျော့ပါ။
ဒလောက်ပါပဲနော် . . .
Dr. Angela (ဒေါက်တာ အိန်ဂျလာ)
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Padonmar
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |