Smart Lion

Smart Lion

Share

Smart Lion builds in better quality, fair rate and better servicing in right time, and we deliver the perfect ones to customers.

25/12/2022

ပျော်ရွှင်စရာ 🎄 ခရစ္စမတ် ရုံးပိတ်ရက်နှင့် နှစ်သစ်ကူးအကြိုညများ ပိုင်ဆိုင်နိုင်ပါစေလို့ Smart Lion Construction နှင့် Smart Furniture မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည် 🎅🏻

Photos from Smart Lion's post 19/05/2022

"အိမ်"နဲ့ပါတ်သတ်လို့ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြပါတယ်။ လုံခြုံမှုနဲ့ နွေးထွေးမှု ပေးနိုင်တဲ့နေရာ။ မောပမ်းမှုတွေနဲ့ပြန်လာမယ့် ပိုင်ရှင်ကို ထွေးပွေ့မယ့်နေရာ။ အချစ်ရဆုံးသူတွေကို တစ်စုတစ်စည်းထဲတွေ့နိုင်တဲ့နေရာ။ စသည်ဖြင့်...

တကယ်လို့သာ "အိမ်"ကို ကြိုးစားအားထုတ်မှုတိုင်းရဲ့ ဆုလာဘ်လို့ အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်တော့ Smart Lion Construction တည်ဆောက်ခဲ့တဲ့ နေပြည်တော်မြို့က တစ်ထပ်လုံးခြင်းအိမ်ရဲ့ ခမ်းနားထည်ဝါမှုနဲ့ လိုက်ဖက်နေမယ်ထင်ပါတယ်။

Global Green Design & Space Management ဖန်တီးခဲ့တဲ့ Classic Design ကို အနုစိတ်အချက်အလက်များကအစ လွဲမှားမှုမရှိအောင်တည်ဆောက်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။

အိမ်ရဲ့ အမိုးကို Natural Clay သုံးပြုထားပြီး အမိုးကအပူကို အိမ်ထဲ ဝင်မလာအောင် ကြားခံအနေနဲ့ Heat Insulators များ ထည့်သွင်းပေးထားပါတယ်။ လေဝင်လေထွက်ကောင်းပြီး သဘာဝအလင်းရောင်လည်း ကောင်းကောင်းရအောင် ပြတင်းပေါက်အကြီးကြီးတွေကို တပ်ဆင်ပေးထားပါတယ်။

ပင်မ အဆောက်အဦရဲ့ အခန်းပါဝင်မှုတွေကတော့-

(၁) ဧည့်ခန်း
(၂) စာဖတ်ခန်း
(၃) ဘုရားခန်း
(၄) ထမင်းစားခန်း
(၅) မီးဖိုခန်း
(၆) Master Bedroom 1
(၇) Master Bedroom 2
(၈) Bedroom 1
(၉) Bedroom 2
(၁၀) Bedroom 3

စသည်တို့ပါဝင်ပါတယ်။

ပင်မအဆောက်အဦအပြင်

(၁) ဥယျာဉ်
(၂) နှစ်ထပ်ကားဂိုထောင်
(၃) ဝန်ထမ်းအဆောင်
(၄) Organic Farm စသည့်တို့ ခြံရံတည်ဆောက်ခဲ့ပါတယ်။

အိမ်ရဲ့ထူးခြားချက်အနေနဲ့ကတော့-

(၁) ပုံမှန်အခန်းထက် 2 ဆ နီးပါး ပိုကျယ်တဲ့ Master Bedroom 1
(၂) Master Bedroom 1 ရဲ့ 400 sqft ကျယ်တဲ့ Bath & WC နဲ့ အလှဆင်ထားတဲ့ 4’ 8’ အရွယ်အစားရှိ ကြွေပြားကြီးတွေ
(၃) ရွှေဆေးမှုတ်တာမဟုတ်ဘဲ ရွှေချတဲ့ နည်းစနစ်ကို အသုံးပြုထားတဲ့ Portico
(၄) Privacy အပြည့်အဝရှိတဲ့ အသံလုံ ဧည့်ခန်းကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

ပရိဘောဂပစ္စည်း၊ တံခါး စတဲ့ တစ်အိမ်လုံးမှာရှိတဲ့ သစ်သားတွေအားလုံးကို ကျွန်းသားတွေ အသုံးပြုထားပြီး နေအိမ်နဲ့ လိုက်ဖက်အောင် Auto Slide Door Gate တံခါးကြီးတွေနဲ့ Classical Design သံပန်းတွေကို တပ်ဆင်ထားပါတယ်။

ကြမ်းခင်းများကို Ancient Vibe မျိုးရအောင် Matte Type ကို အသုံးပြုထားပါတယ်။ လျှောက်လမ်း၊ မျက်နှာကျက်တွေကိုလည်း အီတလီကြွေပြားတွေ အသုံးပြုပြီး အလှဆင်ပေးထားပါတယ်။ ဖွဲ့စည်းမှုပုံစံ၊ အလှဆင်တဲ့အရောင်တွေကို ခံ့ညားထည်ဝါနေအောင် အသေးစိတ် ဆောက်လုပ်ပေးထားတဲ့အတွက် ခမ်းနား ထည်ဝါမှုတွေကို ခံစားနိုင်မှာ အသေအချာပါပဲ။

Smart Furniture Myanmar အဖွဲ့က ပရိဘောဂများကို အသစ်ဒီဇိုင်းဆွဲ၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းများသာမက ရှိရင်းစွဲ ပရိဘောဂများကိုပါ အဆောက်အဦနဲ့ကိုက်ညီသည့် ထည်ဝါမှုကို ရရှိစေရန် Restoration ပြုလုပ်ခြင်း၊ အရောင် Consistency ရရှိရန် ဆေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။

ကြိုးစားအားထုတ်မှုတိုင်းရဲ့ အရှေ့မှာ ဆုလာဘ်တစ်ခုရှိမြဲဆိုသလို အသေးစိတ် ဂရုစိုက်တည်ဆောက်ခဲ့တဲ့ လက်ရှိစီမံကိန်းဟာ လုပ်ငန်းအပ်နှံသူအတွက်သာမက Smart Lion Construction အတွက်ပါ ဆုလာဘ်တစ်ခုအဖြစ် တည်ရှိနေမှာဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

အဆောက်အဦး ဆောက်လုပ်လိုသည့်၊ ပြင်ဆင်လိုသည့် လူကြီးမင်းများအတွက် Smart Lion Construction မှ ဆောက်လုပ်ရေး လုပ်ငန်းကျွမ်းကျင်ပညာရှင်များနှင့် အခမဲ့ဆွေးနွေနိုင်ရန် Page Messenger သို့မဟုတ် 01 8694728, 01 8604729 သို့ ရုံးချိန်အတွင်း ဆက်သွယ်ချိန်းဆိုနိုင်ကြောင်းကို လေးစားစွာ အသိပေးအပ်ပါသည်။

421 D, Shwegondaing Road, Bahan Township, Yangon. (Near SSC Hospital)

+95 1 860 4728, 1 860 4729

[email protected]

Photos from Smart Lion's post 17/03/2022

Smart Lion Construction မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် တာမွေမြို့နယ်ရှိ 6 Storey RCC အဆောက်အဦး၏ လုပ်ငန်းပြီးစီးမှုများကို ဖော်ပြလိုက်ပါသည်။

လက်ရှိတွင် အုတ်စီချောလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

အဆောက်အဦ ဆောက်လုပ်လိုသည့်၊ ပြင်ဆင်လိုသည့် လူကြီးမင်းများအတွက် Smart Lion Construction မှ ဆောက်လုပ်ရေး လုပ်ငန်းကျွမ်းကျင်ပညာရှင်များနှင့် အခမဲ့ဆွေးနွေနိုင်ရန် Page Messenger သို့မဟုတ် 01 8694728, 01 8604729 သို့ ရုံးချိန်အတွင်း ဆက်သွယ်ချိန်းဆိုနိုင်ကြောင်းကို လေးစားစွာ အသိပေးအပ်ပါသည်။

421 D, Shwegondaing Road, Bahan Township, Yangon. (Near SSC Hospital)
+95 1 860 4728, 1 860 4729
[email protected]

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Address


421(D) , Shwegonedine Street , Bahan Township
Yangon
11201

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30