Victory Vision Accountancy

Victory Vision Accountancy

Share

20/03/2025

**Market Value နှင့် Book Value အကြောင်း**
=====================================
စီးပွားရေးလုပ်ငန်းတစ်ခု၏ Financial Value ကို အကဲဖြတ်ရာတွင် Market Value နှင့် Book Value ဆိုသည့် အဓိက Concept နှစ်ခုကို မကြာခဏ အသုံးပြုကြပါတယ်။

ဒီတန်ဖိုးနှစ်ခုကို လေ့လာခြင်းဖြင့်ကုမ္ပဏီတစ်ခု၏ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေနဲ့ ဈေးကွက်တွင် ဘယ်လောက်အထိ ပေါက်နေသည်ကို နားလည်စေနိုင်ပါတယ်။

ဒီတန်ဖိုးနှစ်ခုသည် ရည်ရွယ်ချက်လည်း မတူသလို တွက်ချက်မှုနည်းလမ်းများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များလည်း မတူကြပါ။

Book Value ဆိုတာ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများနှင့် ကြွေးမြီများကို အခြေခံ၍ တွက်ချက်ထားသော တန်ဖိုးပါ။

Market Value ဆိုတာ ဈေးကွက်တွင် ရှယ်ယာများ၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းကို အခြေခံ၍ တွက်ချက်ထားတာပါ။

Book Value (စာရင်းပိုင်းတန်ဖိုး)
========================
Book Value ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ဘဏ္ဍာရေးစာရင်းများတွင် ဖော်ပြထားသော ရှယ်ယာတန်ဖိုးကို ရည်ညွှန်းပါတယ်။

၎င်းကို ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ (Assets) မှ ပေးရန်ရှိသော ကြွေးမြီများ (Liabilities) ကို နုတ်ခြင်းဖြင့် တွက်ချက်ပါတယ်။

ရိုးရိုးရှင်းရှင်းပြောရလျှင်၊ Book Value သည် ကုမ္ပဏီပိုင်ဆိုင်သော ပစ္စည်းများ၏ စာရင်းပိုင်းတန်ဖိုးဖြစ်သည်။

ဘယ်လို တွက်ရမလဲဆိုရင်..........................
Book Value = Total Assets - Total Liabilities

ရှယ်ယာတစ်စောင်ချင်းစီအတွက် Book Value ကို တွက်ချက်လိုပါက၊ စုစုပေါင်း Book Value ကို ထုတ်ပေးထား သော ရှယ်ယာအရေအတွက်ဖြင့် စားပေးရပါတယ်။
Book Value per Share = Total Book Value/Number of Shares Outstanding

Book Value သည် ကုမ္ပဏီ၏ လက်ရှိ Financial အခြေအနေကို မြင်နိုင်စေပါတယ်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများနှင့် ကြွေးမြီများကို အခြေခံ၍ တွက်ချက်ထားသော တန်ဖိုးဖြစ်ပြီး၊ ကုမ္ပဏီအား ဖျက်သိမ်းပါက ရှယ်ယာရှင်များ ရရှိနိုင်သည့် တန်ဖိုးကို ခန့်မှန်းပေးပါတယ်။

Market Value(ဈေးကွက်တန်ဖိုး)
==========================
နောက်တစ်ခု က Market Value (ဈေးကွက်တန်ဖိုး)ပါ။
Market Value ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ပြင်ပဈေးကွက်တွင် ရောင်းဝယ်နေသော လက်ရှိတန်ဖိုးကို ရည်ညွှန်းတာပါ။

၎င်းကို ရှယ်ယာတစ်ခု၏ လက်ရှိဈေးနှုန်း (Current Share Price) နှင့် ထုတ်ပေးထားသော ရှယ်ယာအရေအတွက်ကို မြှောက်ခြင်းဖြင့် တွက်ချက်သည်။

**တွက်ချက်နည်း:**
Market Value = Current Share Price/Number of Shares Outstanding

Market Value သည် ရင်းနှီးမြှုပ်နှံသူများ၏ ကုမ္ပဏီအပေါ် ယုံကြည်မှုနှင့် ဘယ်လောက် အကျိုးအမြတ် ရနိုင်သည်ကို ခန့်မှန်းပေးနိုင်ပါတယ်။

ကုမ္ပဏီ၏အောင်မြင်မှု၊ စီးပွားရေးဈေးကွက်၏ အခြေအနေများအပေါ် မူတည်ပြီး စျေးနူန်းကတော့ ပြောင်းလဲနိုင်ပါတယ်။

Market Value နှင့် Book Value တို့သည် ကုမ္ပဏီတစ်ခု၏ တန်ဖိုးကို အကဲဖြတ်ရာတွင် အရေးကြီးသော ကိန်းဂဏန်းများဖြစ်ပါတယ်။

Financial Management (သို့) Investment ကို စိတ်ဝင်စားသူတိုင်း နှစ်မျိုးလုံးကို နားလည် ထားရပါမယ်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဤတန်ဖိုးနှစ်ခုကို နားလည်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မှာဖြစ်ပါတယ်လို့ ပြောရင်း။

SWMA@Copyright2025
SWMA
VVA
Serial:1332025

ျားကိုလွတ်လပ်စွာshareနိုင်ပါသည်
#စာသားများကိုcopyပြုလုပ်ခြင်းpasteပြုလုပ်ခွင့်မပြုပါ

22/02/2025

Corporate လုပ်ငန်းတခု၏ဘဏ္ဏာရေးငွေရေးကြေးရေးများကို ဘယ်လိုစီမံခန့်ခွဲကြမလဲ?
==========================================
Corporate လုပ်ငန်းတစ်ခုရဲ့ ဘဏ္ဏာရေး၊ငွေရေးကြေးရေးတွေကို စီမံခန့်ခွဲမယ်ဆိုရင် အဲ့လုပ်ငန်းရဲ့ Balance sheet ၊ လက်ကျန်ရှင်းတမ်းတွေ ဘဏ္ဏာရေးဆိုင်ရာ Report တွေကို နားလည် ထားဖို့လိုပါတယ်။

Balance sheet လို့ပြောလိုက်တာနဲ့ Asset = Liabilities + Capital ကိုတော့ တော်တော်များများ သိထားကြပြီးဖြစ်ပါတယ်။

Asset လို့ပြောလိုက်တာနဲ့ Fixed Assets တွေ Current Asset တွေပါမယ်။ Fixed Asset မှာ Tangible Asset နဲ့ Intangible Asset ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။

ကာလရှည်ရင်းနှီးမြုပ်နှံဖို့ မြေတွေ၊ကားတွေ၊ အဆောက်အဦတွေဝယ်တာ အဲ့တာတွေကတော့ ဒြပ်ရှိတွေ၊ Tangible Assets တွေပေါ့။ Intangible Asset တွေအနေနဲ့ဆိုရင် copyright၊ patent rights၊ လုပ်ငန်းလုပ်ခွင့်လိုင်စင်တို့ ပါဝင်ပါတယ်။

နောက်တစ်ခါ လက်ငင်းရပိုင်ခွင့်ရှိတဲ့ current Asset တွေကတော့ Stock တွေပါမယ်၊ Inventory တွေပါမယ်၊ အဲ့တာတွေကို ရောင်းချတဲ့အခါ လက်ငင်းရောင်းတာလည်းရှိသလို အကြွေးရောင်းထားတာတွေလည်း ရှိမယ်။

အကြွေးရောင်းရင် အကြွေးရမယ့်သူ တွေဟာ ကိုယ်ရဲ့ Debtor တွေပေါ့။ မြီစားတွေ။Account receivable တွေရှိမယ်။ လက်ငင်းရောင်းချထားရင် လက်ထဲမှာ Cash in Hand တွေရှိမယ်။ ဘဏ်မှာအပ်ထားတယ်ဆိုရင် Cash at Bank ပေါ့။

အခုပြောခဲ့တာတွေက ငွေသားအဖြစ်ကို အလွယ်တကူပြောင်းလဲလို့ ရတဲ့အရာတွေ။ တနည်းဆိုရရင် current asset တွေပေါ့။

နောက်တစ်ဖက်မှာတော့ Capital နဲ့ Liabilities ပေါ့။ Capital မှာတော့ ကိုယ့်ရဲ့ ရင်းနှီးငွေကို ဘယ်လိုပုံစံနဲ့ တည်ဆောက်ထားမှာလဲဆိုတာတွေပါမယ်။

Stock holder/share holder တွေရဲ့ အရင်းအနှိီးနဲ့လည်ပတ်မှာလား၊ဘဏ်ကနေ ချေးငွေနဲ့ လည်ပတ်မှာလား၊Bond တွေထုတ်ရောင်းမှာလား၊ဒါတွေဆို Long-Term Debt တွေနဲ့ တည်ဆောက် လည်ပတ်မယ်လို့ ဆုံးဖြတ်မှာလား၊ လုပ်ငန်း လည်ပတ်နေရင်း မဖြစ်မနေ ပေးရမယ့် ပေးရန်တွေကိုကျတော့ Current Liabilities လို့ခေါ်ပါတယ်။

ဒီအပိုင်းတွေ အကုန်လုံးကို သေသေချာလေး စဉ်းစားပြီး ဘယ်လောက် ပမာဏအထိ အသုံးပြုမယ်၊ ဘယ်လို ပြန်ရှာမယ်ဆိုတာတွေကို သေချာလေး တွက်ချက် လုပ်ကိုင်နိုင်ဖို့လိုပါတယ်။

ဒီအပိုင်းတွေကို သေချာလေ့လာတာကို Finance Management (သို့) Corporate Finance လို့လည်းခေါ်ပါတယ်။

Copyright@2025
SWMA
VVA
Serial:FP0422225

ျားကိုလွတ်လပ်စွာshareနိုင်ပါသည်
#စာသားများကိုcopyပြုလုပ်ခြင်းpasteပြုလုပ်ခွင့်မပြုပါ

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 138, 48 Street, Botataung TSP
Yangon