Phoenix_Glow

Phoenix_Glow

Share

18/09/2025

ရှမ်းမဈေးခြင်း Hair Tonic instock ရပါမယ်နော်☘️

🌿✨Local brand ထဲက ရွေးလို့ရတဲ့ Budget Hair Tonic 🌿✨

အရင်ဆုံးစပြောရရင် နှစ်မျိူးလုံးက Local Brand ထဲကပဲ။ Honey လိုမျိူး hair အတွက်
Budget လျော့ချင်တဲ့သူတွေ try လို့ရတယ့် Local Brand ကောင်းကောင်းလေးတွေပဲ။

နှစ်မျိူးလုံးက သူBrand နဲ့ သူနာမည်ရှိပြီးသားတွေပဲ။ Honeyရဲ့ review ရေးတာတောင်နောက်ကျနေသလားလို့။

Shin Ma Zay Chin Rosemary Hair Tonic🌿

အရင်ဆုံးရှင်းမဈေးခြင်းကနေ စပါမယ်။ Honey က ရှမ်းမဈေးခြင်းမှာ Rosemary series က
တကယ်‌ကောင်းသော။ Honey အရင်ကလည်း review ရေးဖူးတယ်။
Tonic နဲ့ oil အတွဲလိုက်လည်း သုံးလို့ရတယ်။ ဒီတစ်ခါ review ကတော့ Tonic သီးသန့်ပဲ။
Honey ရဲ့ဆံပင်က ‌ဆေးထိပါများလို့ အရင်ကလို ဆံပင်သားမကောင်းတော့တာ အဲဒါနဲ့ ဦးရေပြားကောင်းအောင် tonic တစ်ခုခုသုံးမယ်ဆိုပြီး သုံးဖြစ်သွားတာ။
ရှမ်းမဈေးခြင်း စသုံးတုန်းက Rosemary အနံ့ကို သိပ်မကြိုက်ဘူး။ နောက်မှ အဲအနံ့‌လေးကြိုက်သွားတာ။
Spray လေးကတော့ ဖြန်းလိုက်တာနဲ့ ဦးရေပြားလေး အေးပြီးနေလို့ကောင်းရော။ ဖြန်းထားရင် ရှိန်းပြီး texture ကျဲကျဲလေးနဲ့ သုံးရအဆင်ပြေတယ်။ စွဲသုံးပေးရင်တော့ Baby Hair လေးတွေပြန်ပေါက်လာတယ်။ ဆံပင်ကျွတ်တာအတွက်ကတော့ သက်သာပေမယ့် ဆံပင်ရှည်မြန်လားဆိုတာအတွက်ကတော့ ကိုယ်ရဲ့ မျိူးရိုးနဲ့လည်း ဆိုင်မယ်ထင်တယ်။
ဘယ်ပစ္စည်းမဆို သိသာချင်ရင်
ကိုယ့်ဘက်ကတော့ ရေရှည်သေချာစွဲသုံးပေးရ
လိမ့်မယ်။
သုံးနည်းကတော့ ‌နေ့တိုင်းပဲဖြန်းဖြန်း၊ ခေါင်းလျှော်ခါနီးမှဘဲ ဖြန်းဖြန်းအဆင်ပြေတယ်။ Honey ကတော့ခေါင်းလျှော်ပြီး ဆံပင်မစိုမခြောက် အချိန်လေးမှ ဖြန်းဖြစ်တယ်။ ဦးရေပြားလေးကအေးပြီး နေလို့ကောင်းလို့။

ဦးသိန်းမောင် တြိရတန☘️

တြိရတနကတော့ အရင်ထဲက နာမည်တစ်ခုရှိပြီးသား။ သူရဲ့ဈေးနှုန်းနဲ့ သူ Budget အနေနဲ့ တခြားtonic တွေထပ်စာရင် တော်တော်လေးလည်း
သက်သာတယ်။ Local Brand ထဲမှာ အချိန်အကြာကြီး ရပ်တည်ခဲ့တဲ့ Brand တစ်ခုလည်းဖြစ်တယ်။

ကြိုက်တဲ့အချက်ကိုပြောပါဆိုရင် သူလည်း ဦးရေပြားအေးပြီး တော်တော်လေးနေလို့ကောင်းတာပါ။
Spray ပုံစံဗူးနဲ့ ထည့်သုံးပေးရင် ပိုအဆင်ပြေပါတယ်။ ကိုယ်ဖြန်းချင်တဲ့နေရာကို လိုသလိုဖြန်းလို့ရတာ။ Honey ကတော့ တစ်ခေါင်းလုံး သုံးတာထပ်
ဆံပင်ခွဲကြောင်းကျဲတဲ့နေရာတွေ၊ နဖူးကျယ်တာတို့လို့နေရာမျိူးဆိုရင် ဂရုတစိုက်ဖြန်းဖြစ်တယ်။ ဦးရေခြောက်တာနဲ့ ဦးရေပြား ဗောက်ထတာမျိူးအတွက်လည်း သက်သာတယ်။ အနံ့ကတော့ ဆေးနံ့နည်းနည်းရတာမို့ သိပ်မကြိုက်ဘူး။

Honey ကတော့ စွဲသုံးတာ လေး‌ဗူးလောက်ရှိပြီမို့
Baby Hair လေးတွေ ထိုး‌ထိုးထောင်ထောင်လေးတော့ မြင်လာရပြီ။ ဆံပင်ခွဲကြောင်းတွေ ကျဲလာတာအတွက်ကတော့ Baby hair လေးတွေပြန်ပေါက်ပြီး သက်သာလာတယ်။

Tonic တွေသုံးရတဲ့ ရည်ရွယ်ချက်ထဲမှာ ဦးရေပြားကျန်းမာရေးကောင်းဖို့နဲ့ ဆံသားကျန်းမာလာအောင်
သုံးရတာမျိူးပါ။ Tonic တွေသုံးလိုက်တာနဲ့ သေချာပေါက် "ဟတ်ချလောင်း" ဆံပင်ထူလာမျိူး ၊ဆံပင်အကျွတ်ရပ်သွားတာမျိူး ၊ Baby Hair တွေချက်ချင်းပေါက်လာတာမျိူး မဖြစ်ပါဘူးနော်
သေချာလေးစွဲသုံးပေးပြီးရင်တော့ ဆံသားကျန်းမာလာပြီး ဆံသားကောင်းလာတာမျိူးတော့
ဖြစ်လာနိုင်ပါတယ်။

Photos from Phoenix_Glow's post 09/06/2025

Instock လေးရရနော်💕

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon