EFG
17/01/2022
Surgical Gown
Disposable Products
50 gm (3 in 1)
Gown + Cap + Shoe Cover
ပစ္စည်း (၃)မျိုးပါဝတ်စုံ နှင့်
တစ်ထည်ချင်းများလည်းရောင်းချပေးနေပါပြီရှင်
လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါပြီ
EFG HealthCare Co.,Ltd.
အမှတ် (၃၀၃) (၄)လွှာ ၊ မဟာဗန္ဓုလလမ်းမပေါ်
(၄၂)လမ်းထိပ် ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့။
📞 0973013432 , 0973009869
📞 09400973653 , 09899006670
10/01/2022
ထပ်ဆောင်း ကာကွယ်ဆေး ကို ဘာထိုးကြမလဲ။
----------------------------------------------
ကိုဗစ်နဲ့ ပတ်သက်လာရင် ကာကွယ်ဆေး တွေက အခရာကျတဲ့နေရာမှာ ရှိနေတုန်းပါ။ ဘယ်လိုပဲ ဒယ်တာတွေ၊ အိုမီခရွန်တွေက ကာကွယ်ဆေးအာနိသင်ကို ကျစေတယ်ပဲပြောပြော ဘာမှမထိုးထားရင် ကာကွယ်မှုက 0%ပါ။ အဝတ်မဝတ်ဘဲ လူကြားထဲ သွားနေသလို ဖြစ်နေမှာပါ။ ဒါကြောင့် အရင်ဆုံးတော့ ကာကွယ်ဆေးထိုးဖို့ အကြံပေးပါရစေ။
ဗိုင်းရပ်စ်တွေမှာ မျိုးဗီဇပြောင်းတာတွေ ရှိလာတဲ့အတွက် ကာကွယ်ဆေးခုခံနိုင်စွမ်းတွေ ကောင်းလာသလို လူတွေဘက်ကလည်း ဒီဗိုင်းရပ်စ်တွေကို အနိုင်ပိုင်းဖို့ ကာကွယ်ဆေးကို အဆင့်မြင့်ပြီး ထုတ်လာကြပါတယ်။ ခုကာကွယ်ဆေးခုခံနိုင်စွမ်းကောင်းပါတယ်ဆိုတဲ့ အိုမီခရွန်ကို ကာကွယ်နိုင်အောင် ပိုကောင်းတဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ ကြိုးစားလာကြပါပြီ။
ဒီလို ပိုကောင်းတဲ့ ကာကွယ်ဆေးတွေ ထွက်မလာခင်မှာ ရှိပြီးသား ကာကွယ်ဆေးတွေကို ခုခံအားပိုကောင်းအောင်ဆိုပြီး ပေါင်းစပ်ထိုးတာတွေ ရှိပါတယ်။ ဒါတွေက တကယ်အလုပ်ဖြစ်ရဲ့လား။
ကိုဗစ် ကာကွယ်ဆေး မတူတာတွေကို ရောထိုးတာ ပိုကောင်းသလား။
ဒါနဲ့ ပတ်သက်ပြီး WHOက ကြားကာလ လမ်းညွှန်ချက်တစ်ခုကို ထုတ်ပြန်ထားပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေကို ပထမနဲ့ ဒုတိယအကြိမ်မှာ မတူတာကို ထိုးတာပဲဖြစ်ဖြစ်၊ Booster လို့ခေါ်တဲ့ တတိယအကြိမ်မှာ ထိုးတာပဲဖြစ်ဖြစ် မတူတာကို ထိုးတာက ပိုကောင်းလားဆိုတာကို လေ့လာချက်တွေ အများကြီး လုပ်နေပါတယ်။ လက်ရှိမှာတော့ တရားဝင်ထိုးလို့ရတာာက တူညီတဲ့ ကာကွယ်ဆေး အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဒါကို standard guidelines လို့ခေါ်ပါတယ်။
ဒါပေမယ့် မတူတဲ့ ဆေးတွေကို ရောစပ်ပြီး ထိုးတာကိုလည်း အတိုင်းအတာတစ်ခုအထိ ခွင့်ပြုထားပါတယ်။ ဒီလိုပေါင်းစပ်ပြီး ထိုးတာက
ကာကွယ်ဆေး မလုံလောက်တဲ့ ဒေသတွေမှာ ကာကွယ်ဆေးလွှမ်းခြုံမှု ကောင်းစေပါတယ်။ အထူးသဖြင့် ထပ်တူညီတဲ့ ကာကွယ်ဆေးရဖို့ ခက်တဲ့ နိုင်ငံတွေမှာပါ။
တချို့လေ့လာချက်တွေမှာ ဒီလို ပေါင်းစပ်ပြီး ထိုးတာက ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုး (ဥပမာ ဖျားတာ၊ ရောင်တာ)ကို နည်းစေတယ်။ ခုခံအားတုံ့ပြန်မှုကို ကောင်းစေတယ်။ ကာကွယ်ဆေးရဲ့ အာနိသင်ပိုကောင်းတယ်ဆိုတာကို တွေ့ထားလို့ပါ။
လက်ရှိအချိန်မှာတော့ ကာကွယ်ဆေးတွေကို ရောထိုးတာက off-label use ‘ကောင်းမယ်ထင်လို့သုံး’ တာမျိုးပါ။ တချို့နိုင်ငံတွေမှာ ထိုးပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုးချင် ထိုးနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ကောင်းကျိုးဆိုးကျိုး ချိန်ဆဖို့ လိုပါတယ်။
(ဆိုလိုတာက အပြင်မှာပဲ ထိုးထိုး၊ ရပ်ကွက်မှာပဲ ထိုးထိုး အများစုက တူတာကိုပဲ ထိုးပေးမှာပါ။ ဒါက standard guidelinesကိုး။ မတူတာကို ထိုးချင်ရင်တော့ သက်သက်တောင်းဆိုရမှာပါ။ ဆေးရှိမရှိ၊ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီး ဆွေးနွေးပေးပါလိမ့်မယ်။
Booster ဆိုရင်တော့ မတူတာထိုးမလား၊ တူတာပဲ ပြန်ထိုးမလားဆိုတာကို ရွေးရလွယ်သွားပါပြီ။)
ထပ်ဆောင်း ကာကွယ်ဆေး ကို ဘာထိုးကြမလဲ။
မတူတာထိုးမယ်ဆိုရင် ဘယ်ဟာကို ထိုးကြမလဲ။
ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ပဲ ဖြစ်ဖြစ်၊ ထပ်ဆောင်းကာကွယ်ဆေးပဲဖြစ်ဖြစ် မတူတာတွေကို ရောထိုးကြတဲ့ နိုင်ငံတွေ ရှိလာပါပြီ။ တချို့လေ့လာချက်တွေမှာ ဒီလိုအတွဲအစပ်လေးတွေနဲ့ ထိုးတာက ခုခံအားပိုကောင်းစေတယ်လို့ တွေ့ရပါတယ်။ အထူးသဖြင့်တော့ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ထိုးတဲ့ အချိန်မှာပါ။
ဘယ်လိုထိုးလို့ရလဲဆိုတာကို မြန်မာနိုင်ငံမှာ ရနိုင်တဲ့ ကာကွယ်ဆေး တွေနဲ့ ဥပမာပြပြီး ရေးပေးသွားပါမယ်။
Sinopharm/ Sinovac/ Covaxin ထိုးထားတဲ့ သူတွေက Covishield ထိုးနိုင်ပါတယ်။ (အနောက်နိုင်ငံတွေမှာဆိုရင်တော့ AstraZeneca, Janssen, Moderna, Pfizerတွေ ထိုးလို့ရပါတယ်။)
Covishield ထိုးထားတဲ့ သူတွေက Moderna, Pfizerတွေ ထိုးနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒါတွေမရတဲ့အတွက် Covishieldပဲ ပြန်ထိုးလို့ ရပါတယ်။ (Covishieldနဲ့ Sinopharm/ Sinovac/ Covaxin တွေ ရောထိုးတာကတော့ ထူးခြားတဲ့ အာနိသင်မရှိဘူးလို့ ဆိုပါတယ်။)
Moderna, Pfizer ထိုးထားရင်တော့ ဒါပဲ ပြန်ထိုးနိုင်ပါတယ်။
ခုပြောခဲ့တဲ့ ပေါင်းစပ်ထိုးနည်းတွေက ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ ရောစပ်ပြီး ထိုးနိုင်သလို ထပ်ဆောင်းထိုးမယ်ဆိုရင်လည်း ဒီတိုင်းထိုးလို့ရပါတယ်။
ဒီလိုထိုးတာ စိတ်ချရပါ့မလား။
အပေါ်မှာ ပြောခဲ့တဲ့ အတွဲအစပ်တွေကတော့ ခုခံနိုင်စွမ်းကောင်းတာကို မူတည်ပြီး တွဲပေးထားတာပဲ ဖြစ်ပါတယ်။ စိတ်ချရမှုကတော့ တိတိပပပြောနိုင်တာမျိုး မရှိပါဘူး။ တချို့လေ့လာချက်တွေမှာတော့ မတူတဲ့ဆေးတွေ ထိုးတာက ဘေးထွက်ဆိုးကျိုးကို ပိုခံစားစေနိုင်တယ်လို့ ဆိုပေမယ့် လေ့လာချက်တွေ အမျိုးမျိုးတွေ ကွဲထွက်နေတာကို တွေ့ရပါတယ်။
ဒါကလွဲပြီး တခြားကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ အန္တရာယ်ဖြစ်တာတွေကိုတော့ ခုထိ မတွေ့ရသေးပါဘူး။
ဒါဆို ကိုဗစ် ကာကွယ်ဆေး တွေကို ဘယ်လိုထိုးရင် ဘယ်လိုအဆင်ပြေမလဲ။
အရင်ဆုံး ကာကွယ်ဆေး ကို အကြိမ်ရေပြည့်အောင် ထိုးပါ။
နှစ်ကြိမ်လုံးကို တူတာရနိုင်ရင် ထိုးပါ။ မရနိုင်လို့ ရွေးရမယ်ဆိုရင် အပေါ်မှာပြောထားတဲ့အတိုင်း တွဲထိုးပါ။ (တမင် မတူတာထိုးချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။)
ထပ်ဆောင်းကာကွယ်ဆေး Boosterကိုတော့ တတ်နိုင်ရင် မတူတာကို ထိုးပါ။
မြန်မာနိုင်ငံအတွက် တရုတ်ဆေး ၂မျိုးနဲ့ Covaxinထိုးထားရင် Covishield ထပ်ထိုးပါ။
Covishield ဆိုရင်တော့ Covishield ပဲ ပြန်ထိုးနိုင်ပါတယ်။
မတူတာကို မရနိုင်ဘူးဆိုရင်တောင် ရှေ့နှစ်ခေါက်က ထိုးတဲ့ ဆေးကိုပဲ ထပ်ထိုးပါ။ အနည်းဆုံးတော့ ကျဆင်းလာတဲ့ ခုခံအားကို ပြန်တက်စေပါတယ်။
Crd
08/01/2022
မင်္ဂလာပါရှင် 🙏🙏🙏
🦠 ရောဂါပိုးများကို အထိရောက်ဆုံးကာကွယ်ပေးမယ့်
ဆေးဘက်ဆိုင်ရာ အဆင့်မှီ
✅ Myanmar FDA ရပြီးသော
😷 3 ply Surgical Medical Grade Mask များ...
🎀 HANMA တံဆိပ် (အစိမ်း / အဖြူ)
🎀 MZZYOYO (အပြာ)
💯 ပိုးသတ်ပြီး
၁၀ခုတစ်ထုတ်ပါဗူး
၅၀ခု တစ်ထုတ်ပါဗူးများနှင့် စနစ်တကျ သေချာစွာ
ထုတ်ပိုးထားသော
🌸 3 ply Mask လေးများကို
ကျွန်မတို့ EFG HealthCare Co.,Ltd. တွင်
လက်လီ လက်ကားဝယ်ယူရရှိနိုင်ပါပြီနော်..
EFG HealthCare Co.,Ltd.
အမှတ် (၃၀၃)(၄)လွှာ၊ ၊၄၁လမ်းနှင့် ၄၂လမ်းကြား၊
မဟာဗန္ဓုလလမ်းမပေါ်၊ ဝန်ကြီးများရုံးရှေ့ ၊
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
📞 0973013432
📞 09400973653
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Botahtaung
Yangon
11161