Our NATURE Our FUTURE

Our NATURE Our FUTURE

Share

21/07/2022

💰How to Choose the Right Scholarship! (Not the best Scholarship)💰

နိုင်ငံခြားမှာ ကျောင်းရ၊ စကော်လာရတဲ့သူတွေ ကျောင်းရွေး၊ စကော်လာရွေးပြီး သွားရမယ့် Back to School ကျောင်းဖွင့်ရာသီရောက်လာပါပြီ။ နိုင်ငံခြား ကျောင်းရ၊ စကော်ရသူအားလုံး Congratulations ပါ။ 👏👏

ဒီပို့စ်ကတော့ ဒီလိုကျောင်းလျှောက်တဲ့အခါ တခုထက်ပိုတဲ့ ပညာသင်ဆုများရလာတဲ့သူများအတွက် ရည်ရွယ်ပါတယ်။ ရထားတဲ့ Scholarship တွေကို ငွေကြေး အကျိုးအမြတ်တခုထဲ မကြည့်ဘဲ အကောင်းဆုံးဖြစ်အောင် ဘယ်လိုရွေးချယ်မလဲ? ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားသင့်သလဲ? ဆောင်ရန်ရှောင်ရန်က ဘာတွေဖြစ်မလဲ ဆိုတာတွေကို နိုင်ငံခြား Scholarship ရသူတွေ စဉ်းစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။
တစ်ခုထက်ပိုတဲ့ ပညာသင်ဆုတွေရလာပြီဆိုတာနဲ့ လူတိုင်းရသမျှထဲက အကောင်းတကာ့ အကောင်းဆုံးရွေးယူလိုက်မယ်လို့ စဉ်းစားကြမှာဘဲ။ ဒါပေမယ့် အဲဒီလိုတွေးတဲ့သူတွေ မသိတာကတော့ အကောင်းဆုံးရဲ့ အထက်မှာ အသင့်တော်ဆုံးဆိုတဲ့ ဆုတစ်ခုရှိနေသေးတယ်ဆိုတာကို နားမလည်ကြဘူး။ အဲဒီလို အတွေးအခေါ်မျိုးကို နားလည်နိုင်ဖို့ဆိုတာကလည်း ပညာသင်ဆု ၂ ခါ ၃ ခါလောက်ရဖူးမှသာ အတွေ့အကြုံကနေသင်ခန်းစာ ယူရတာမျိုးလေ။
ဘာကိုဆိုလိုချင်တာလဲ? ယူတဲ့သူနေရာကမနေဘဲ ပေးတဲ့သူနေရာမှာနေကြည့်လိုက်ပါ။ အရည်အချင်းအရှိဆုံးယူဆလို့ ပညာသင်ဆုကို သိန်းရာထောင်ချီပေးလိုက်ပြီးမှ အဲဒီလူက တကိုယ်ကောင်းဆန်ဆန် အကောင်းဆုံးတွေချည်းရွေးယူလိုက်တယ်ဆိုရင် ပေးတဲ့သူက ဘယ်လိုမြင်မလဲ? ပညာသင်ဆု ၂ ခုအပြိုင်ရတယ်ဆိုပါစို့၊ ပထမဆုက ဒုတိယဆုထက်ပိုများလို့ ဒုတိယဆုကို မယူဘူးလို့ ငြင်းလိုက်ရင် အငြင်းခံရတဲ့သူ၊ အဖွဲ့အစည်းက ဘယ်လိုနေမလဲ။ ဘဝတစ်ကွေ့မှာ နောက်တစ်ခေါက်မကြုံနိုင်ဘူးလို့‌ တပ်အပ်ပြောနိုင်လို့လား? ပထမ ပိုများတဲ့ဆုကိုပေးတဲ့သူကရော ဘယ်လိုထင်မလဲ? တစ်ကိုယ်ကောင်းသမားဆိုရင် သိပ်စေတနာရှိတော့မှာမဟုတ်ဘူး။ တစ်ချို့လူတွေက ကိုယ်ပညာသင်ဆု ဘယ်နှခုရလဲ ပေးမယ့်အဖွဲ့အစည်းတွေက မသိလောက်ဘူးထင်နေကြတယ်။ လျှောက်ကတည်းက လျှောက်တဲ့သူတွေရဲ့ နောက်ကြောင်းတွေ အကောင့်တွေကို မစီစစ်ဘဲ ဘယ်သူက သိန်းရာထောင်ချီ စကော်လာပေးမှာတုံး။ ပေးတဲ့အဖွဲ့အစည်းတွေအနေနဲ့ကလည်း တနှစ်တာ ဆုံးဖြတ်ချက်တွေ ကောင်းမကောင်း ပြန်စီစစ်ဦးမှာဘဲ။
ဒီတော့ အစထဲက ကျောင်းကိုရော ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်းတွေကိုရော ပွင့်ပွင့်လင်းလင်းပြောပြီး ဘာကြောင့် ဘယ်လိုဆုံးဖြတ်တယ်ဆိုတာ ရှင်းပြလိုက်သင့်တယ်။ ဆုရွေးတဲ့နေရာမှာလည်း ကိုယ့်အတွက်ချည်းမစဉ်းစားဘဲ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ၊ ဘေးလူ၊ နောက်လူတွေအပေါ်သက်ရောက်မှုတွေကိုပါ ကြည့်ပြီး အားလုံးအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်မျိုးကိုသာချသင့်တယ်။ အနစ်နာခံလိုက်တိုင်း တကယ်နစ်နာသွားတာမဟုတ်ပါ။ အကောင်းဘက်က ဖြည့်တွေးရင် ပြန်ရတာတွေ အများကြီးရှိနိုင်တယ်။
ကိုယ်ပိုင်အတွေ့အကြုံတခုကို ဥပမာအနေနဲ့ ပြမယ်။ ဒီနှစ် ကျွန်တော် ဘွဲ့လွန်လျှောက်တဲ့အခါ Oxford၊ Cambridge အပါအဝင် နာမည်ကြီးကျောင်းတွေမှာ ဝင်ခွင့်ရတယ်။ Scholarship လျှောက်တဲ့အခါမှာလည်း Cambridge က Silverstrand Scholarship နဲ့ UK အစိုးရကပေးတဲ့ Chevening Scholarship ဆိုပြီး စရိတ်ငြိမ်း Full Scholarship ၂ ခု တပြိုင်တည်းရလာတယ်။ ရလာတဲ့ ၂ ခုမှာ Chevening Scholarship က ငွေပမာဏအရရော၊ ငွေနဲ့ ဝယ်မရတဲ့ အကျိုးအမြတ်အရရော အနည်းငယ်သာတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ အကျိုးအပြစ်အားလုံးကို တဆုံးတွေးကြည့်လိုက်တဲ့အခါမှာတော့ Cambridge က Scholarship ကို မယူဘဲ ပြန်အပ်လိုက်ရင် နောက် Cambridge ကျောင်းသားတယောက်ဆီရောက်သွားမယ်။ အဲဒီကျောင်းသားက Cambridge က ကျောင်းဝင်ခွင့် ရလောက်အောင် အရည်အချင်းရှိသူတယောက်ဆိုတော့ သူ့အနေနဲ့ ဒီ Scholarship မရလဲ နောက်တနေရာကနေ နောက်ဆုတခုရဖို့ မခက်လောက်ဘူး။ UK အစိုးရက ပေးတဲ့ Chevening ကတော့ မြန်မာလို ဖွဲ့ဖြိုးမှုနောက်ကျနေတဲ့နိုင်ငံတွေက ကျောင်းသားတွေကိုဘဲ ရွေးပေးတာမျိုးဆိုတော့ Chevening ဆုကို ပြန်အပ်လိုက်ရင် မြန်မာက (သို့) တခြားအလားတူနိုင်ငံက သူတစ်ဦး ဘဝတခုလုံးပြောင်းသွားနိုင်တယ်။ အဲဒီလိုတွေးမိလို့ Chevening ဆုကို ပြန်အပ်ဖို့ဆုံးဖြတ်ခဲ့တယ်။
အဲဒီဆုံးဖြတ်ချက်ကို ကျောင်းနဲ့ရော ပညာသင်ဆုပေးတဲ့ အဖွဲ့အစည်း ၂ ခုလုံးနဲ့ရော ပွင့်ပွင့်လင်းလင်းပြောပြပြီး သူ့တို့ရဲ့ အမြင်ကိုမေးကြည့်တယ်။ အားလုံးက ဒီဆုံးဖြတ်ချက်ဟာ ပါဝင်ပတ်သက်နေတဲ့ Stakeholder အားလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယူဆတဲ့အတွက် အားလုံးက ထောက်ခံတယ်။ ဒီလိုနဲ့ ကျောင်းနဲ့ရော၊ စကော်လာရှစ်ယူလိုက်တဲ့ အဖွဲ့အစည်းနဲ့ရော၊ မယူဘဲ ပြန်အပ်လိုက်တဲ့ အဖွဲ့အစည်းနဲ့ပါ ကိုယ့်အပေါ် impression လည်းကောင်းအောင်၊ ဆက်ဆံရေးလည်းကောင်းအောင် တည်ဆောက်နိုင်ခဲ့တယ်။
တကယ်တော့ ကိုယ့်အတွက် တန်ဖိုးအများဆုံး ပညာသင်ဆုထက် အသင့်တော်ဆုံး ပညာသင်ဆုကို ရွေးချယ်ခြင်းဟာ မျက်စိသူငယ်၊ နားသူငယ်နဲ့ နိုင်ငံခြားသွားစရာမလိုဘဲ ကျောင်းမရောက်ခင်ထဲက ကျောင်းကဆရာတွေ၊ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ဝန်ထမ်းတွေရဲ့ လေးစားမှုကို အရင်ရအောင် ယူပြီး ကိုယ်ရဲ့ အရှိန်အဝါကို တည်ဆောက်နိုင်တဲ့ မဟာအခွင့်အရေးကြီးဘဲ။ ဒီနှစ်က ငွေကြေးဖောင်းပွမှုများပြီး စီးပွားပျက်ကပ်ဆိုက်တဲ့ နှစ်ဆိုတော့ ဘယ်နိုင်ငံက ဘယ်ကျောင်းသွားတက်တက် Full-scholarship ရတောင်လောက်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဆုကြေး ပမာဏတွေက 2021 ထဲက သတ်မှတ်ထားတာဖြစ်ပြီး ကျောင်းလခကို တိုးမတောင်းဘူးဆိုရင်တောင် နေစရိတ်၊ စားစရိတ်တွေက ဘယ်နိုင်ငံသွားသွား 2021 ကဈေးနဲ့ အများကြီးကွာသွားပြီ။ ကျောင်းနဲ့ စကော်လာရှစ်ပေးတဲ့သူနဲ့ ဆက်ဆံရေးကောင်းအောင်၊ ကိုယ့်အပေါ် အထင်အမြင်ကြီးအောင် အရှိန်အဝါတည်ဆောက်ထားနိုင်မှ ကျောင်းတက်ရင်း အကြောင်းကြောင်းကြောင့် ငွေလိုလို့ ဆုငွေ တိုးပေးဖို့ ထပ်လျှောက်ဖို့ လွယ်မှာပေါ့။ ဒီနှစ် ကျောင်းသားတိုင်းငွေလိုနေမှာဘဲလေ။ တကယ်လို့ ဒီအခြေအနေမှာ ရသမျှ ပညာသင်ဆု အကုန်သိမ်းကြုံးယူထားတဲ့ တကိုယ်ကောင်းသမားနဲ့ လူများအတွက် ထည့်စဉ်းစားပြီး အနစ်နာခံထားတဲ့သူ နှစ်ယောက်ပြိုင်လျှောက်ရင် ကျောင်းဘက်က ဘယ်သူ့ကို ဦးစားပေးမလဲ? အပြင်က loan ယူမယ်၊ Financial aid ထပ်လျှောက်မယ်ဆိုလည်း ကျောင်းကဘယ်သူ့ကို ထောက်ခံပေးမယ်ထင်သလဲ?
ပညာသင်ဆုဆိုတာ အရည်အချင်းရှိတိုင်းရတာမျိုးမဟုတ်ပါ။ ပေးတဲ့သူစေတနာရှိမှ စီးပွားရေးကောင်းပြီး ပေးဖို့ ငွေပိုလည်းရှိမှ ရနိုင်တာမျိုးပါ။ ဆုပေးတဲ့လူ (သို့) အဖွဲ့အစည်းက ကိုယ့်အပေါ်အမြင်မကောင်းဘူး၊ ဆက်ဆံရေးကောင်းအောင် မတည်ဆောက်နိုင်ဘူးဆိုရင်တော့ တနပ်စားဘဲ ရမှာပေါ့။ ဖြစ်ပေါ်လာမယ့် ရလာဒ်တွေကို ဘက်စုံထောင့်စုံကနေ မျက်စိတဆုံး ပါးပါးနပ်နပ်မမြင်နိုင်တဲ့ သူတွေကတော့ ဆုတွေ ဘယ်လောက်ရရ အမြဲမလောက်မငှဖြစ်နေဦးမှာဘဲလေ။
ဒီနေ့မှာတော့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ အတွေးအခေါ်တွေကို ဒီနှစ်မှာ ပထမဆုံးအကြိမ် scholar ရတဲ့ fresher လေးတွေ ဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ ပညာသင်ဆုရသူများ အမြင်ကျယ်ကျယ်နဲ့ မိမိရော၊ သူတစ်ပါးအတွက်ပါ အကောင်းဆုံးဖြစ်အောင် ရွေးချယ်နိုင်ပြီး နိုင်ငံခြားမှာ Scholar တစ်ဦးအနေနဲ့ အရှိန်အဝါ ထည်ထည်ဝါဝါတည်ဆောက်နိုင်ကြပါစေ။
==============================
ငြိမ်းဇော်ကို
20.7.2022
B.Sc. Biomedical Engineering and Bachelor of Management (Emily Scholarship, Bucknell University, USA)
M.Sc. Environmental Management (Shell-MEM Scholarship, National University of Singapore
MPhil in Conservation Leadership (Silverstrand Scholarship, University of Cambridge, UK)
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
https://bit.ly/3cm0EGQ
============================
အခု တင်ဆက်သွားတဲ့ အကြောင်းအရာကို ကြိုက်ရင် ဒီ page ကို Like လုပ် follow လုပ်ထားပါ။ အခုလို မြန်မာအများစုမသိတဲ့ စကော်လာရစေတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ ဖြတ်လမ်းတွေ၊ အတွေးအခေါ်တွေကို မသိသူကျော်သွား၊ သိသူဖော်စားပြီး ကိုယ်ရဲ့ပြိုင်လျှောက်တဲ့ ပြိုင်ဘက်တွေကို အသားစီးယူကျော်ဖြတ်သွားနိုင်အောင် အခါအားလျော်စွာ တင်ဆက်ပေးသွားပါဦးမယ်။
#စကော်လာ #ဘွဲ့လွန်

20/07/2022

Cambridge တက္ကသိုလ်မှ ကျောင်းဝင်ခွင့်ရသော်လည်း ကျောင်းစရိတ်အတွက် လုပ်ဆောင်ဖို့စီစဉ်ထားတဲ့ သုသေသန project ကို poster ထုတ်ပြပြီး နေ့စဉ်လမ်းပေါ်ထွက် အလှူခံနေရသူ

အပေါ်ယံကြည့်လိုက်ရင် ရီစရာလိုလိုဖြစ်နေပေမယ့် နိုင်ငံခြားသွားကျောင်းတက်ချင်တဲ့ မြန်မာကျောင်းသားတွေအတွက်ကတော့ အရမ်းတုန်လှုပ်ခြောက်ခြားဖို့ ကောင်းတဲ့ ပုံရိပ်တခုပါဘဲ။ ဘာကြောင့်လဲဆိုတော့ Cambridge လို ကမ္ဘာ့ထိပ်ဆုံး တက္ကသိုလ်ကနေ PhD ဝင်ခွင့် ရနိုင်တဲ့ အရည်အချင်းရှိသူတစ်ယောက် Undergraduate တွေ၊ Master တွေထက်တောင် Scholarship ရနိုင်ချေ အများကြီးပိုများတဲ့ PhD research အတွက် Scholarship မရနိုင်ဘူးဆိုတာ ငွေကြေးဖောင်းပွမှုနဲ့ ဆိုးဆိုးရွားရွားပျက်စီးလာတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့ ဂယက်တွေကို မျက်ဝါးထင်ထင်ထုတ်ပြလိုက်သလိုဘဲ။ (Cambridge ကထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ၂၀၂၀ ခုနှစ် တက္ကသိုလ်မှာ PhD တန်းဝင်ခွင့်ရသူရဲ့ 80% ခန့်က ပညာသင်ဆု၊ ထောက်ပံ့ကြေးရပါတယ်။ Master တန်းဆိုရင်တော့ 20% ဘဲ Scholarship ရပြီး ကျန် 80% က အပြင်ကရှာရင်ရှာ၊ အတိုးနဲ့ ငွေချေးရင်ချေး၊ ကိုယ်ပိုင်ငွေနဲ့ပေးတက်ရပါတယ်)

ဒီနှစ် ကျောင်းလျှောက်တဲ့အခါ မြန်မာကျောင်းသားဆိုရင် အရင်နှစ်တွေနဲ့ စာလိုက်ရင် Scholarship ပေးတဲ့ အဖွဲ့အစည်းတွေ၊ ဆုတွေ၊ ပမာဏတွေ အရမ်းနည်းသွားတယ်ဆိုတာ လျှောက်တဲ့ သူတိုင်း သတိထားမိလောက်ပါပြီ။ ဒီလိုငွေပင်ငွေရင်း Endowment များတဲ့ Cambridge မှာ Scholarship ရလွယ်တဲ့ PhD အတန်း ဝင်ခွင့်ရတဲ့သူတောင် Poster ရိုက်ပြီး လမ်းပေါ်ထွက် အလှူခံနေရလောက်အောင် နိုင်ငံခြားမှာ စီးပွားပျက်ကပ်ဆိုက်ပြီး Scholarship တွေအရမ်းခက်နေပြီဆိုတော့ IELTS လို ပထမဆုံး အဆင့်၊ အခြေခံအကျဆုံး အင်္ဂလိပ်စာ ကျွမ်းကျင်မှုလောက်မှာတင် တိုင်ပတ်နေတဲ့ မြန်မာကျောင်းသားတွေအတွက် မျှော်လင့်ချက် ကျန်ပါတော့မလား?

ဘယ်လိုဘဲဖြစ်ဖြစ် ၂၀၂၃-၂၀၂၄ စာသင်နှစ်ကျောင်းလျှောက်မယ့်သူတွေအနေနဲ့ ဒီလိုအခြေအနေမျိုးကြုံလာရင် လမ်းပေါ်ထွက် အလှူခံနိုင်ဖို့ သူ့ဆီက ပညာယူပြီး DonorBox တို့ Gofundme တို့ စမ်းကြည့်ထားသင့်ပြီဖြစ်ကြောင်း ကြိုမြင်မိတဲ့အတွက် ၁ နှစ်စာ ကြိုတင်သတိပေးထားလိုက်ရပါတယ်။
============================
မူရင်းပို့စ်ကို အောက်ပါ link မှာ အစဆုံးဖတ်ကြည့်နိုင်ပါတယ်
👇👇👇👇
https://www.linkedin.com/feed/update/urn:li:activity:6952525902450765825/
============================
အခု တင်ဆက်သွားတဲ့ အကြောင်းအရာကို ကြိုက်ရင် ဒီ page ကို Like လုပ် subscribe လုပ်ထားပါ။ အခုလို မြန်မာအများစုမသိတဲ့ စကော်လာရစေတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ ဖြတ်လမ်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို မသိသူကျော်သွား၊ သိသူဖော်စားပြီး ပြိုင်ဘက်တွေကို အသားစီးယူကျော်ဖြတ်သွားနိုင်အောင် အခါအားလျော်စွာ တင်ဆက်ပေးသွားပါဦးမည်။

17/07/2022

နိုင်ငံခြား ကျောင်းလျှောက်တဲ့သူတွေ ပြောနေကျ “Knowing the school” ဆိုတဲ့ စကားရဲ့နောက်ကွယ်က မြှုပ်ကွက်ကဘာလဲ?
🤔🤔🤔
👇👇👇
အမေရိကန်၊ ယူကေ၊ Aussie တို့မှာ တစ်နှစ်ကို သိန်းတစ်ထောင်ကျော်လောက်တန်တဲ့ full scholarship ရယူပြီး ကျောင်းသွားတက်နိုင်ဖို့ ဆိုတာ အထက်တန်းအောင်သူတိုင်း ဘွဲ့လွန်တက်ချင်သူတိုင်းရဲ့ အကြီးမားဆုံး အိမ်မက်ဘဲ။ ဒါပေမယ့် သင်လျှောက်လိုက်တဲ့ ကျောင်းရဲ့ admission လူရွေးတဲ့ decision maker တွေကလည်း သူ့ကျောင်းအကြောင်းကို ဘယ်လောက်ထိ စေ့စေ့စပ်စပ်သိထားပြီး ပြီလဲဆိုတာကို ဦးစားပေးပြီး သေချာစစ်ဆေးတယ်ဆိုတာကိုရော သိသလား? ဒီအခြေအနေမှာ ပြိုင်ဘက်တွေကို အသားစီးယူကျော်ဖြတ်နိုင်ဖို့ ကျောင်းနဲ့ ပတ်သက်ပြီး ဘယ်အချက်တွေကို နက်နက်နဲနဲသိထားသင့်သလဲ? အဲဒီ သတင်းအချက်အလက်တွေကို စနစ်တကျဘယ်လိုရှာဖွေလို့ရမလဲ?
အခြား နိုင်ငံခြားကျောင်းလျှောက်၊ scholarship လျှောက်တဲ့ seminar တွေ၊ talk တွေ လိုက်တက်နားထောင်ကြည့်မယ်ဆိုရင် အများစုက ကိုယ်တက်ချင်တဲ့ဘာသာ၊ ကိုယ်နဲ့ကိုက်မယ့်ကျောင်းကို ရှာတွေ့နိုင်ဖို့ ဘယ်နိုင်ငံ၊ ဘယ်ကျောင်းမှာ ဘာဘာသာရပ်တွေကောင်းတယ်၊ ဘာ scholarship တွေပေးတယ် ဆိုတာမျိုးတွေကို အဓိကထားပြောကြတာများတယ်။ သူတို့ပြောတာအများစုက ကျောင်းသားစိတ်ဝင်စားမယ့်အကြောင်းအရာတွေဘဲ ဦးစားပေးပြောပြီး မပါဘဲကျန်ခဲ့တဲ့ အရေးကြီးဆုံးအချက်က ကျောင်း ရဲ့ profile အသေးစိတ်ကြောင်းအရာတွေ။ ပို့စ်အစက ကျွန်တော်ပြောနေတဲ့အကြောင်းကို ပြန်ကောက်ရရင် ကိုယ်လျှောက်တဲ့ ကျောင်းအကြောင်း ခရေစေ့တွင်းကျ သေချာမသိထားဘူးဆိုပါစို့။ အဲဒီကျောင်းကလည်း သင့်ကို ဝင်ခွင့်ပေးမှာမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျောင်းဝင်ခွင့် ဆုံးဖြတ်ချက်ပေးတဲ့ admission committee နေရာမှာနေပြီး လှည့်တွေးကြည့်လိုက်ပါ။ ကျောင်းတစ်ကျောင်းက ကျောင်းသား တစ်ယောက်ကို စကော်လာပေးပြီဆိုရင် ကျောင်းအနေနဲ့ နှစ်ခါနာတယ်။ အခုဆို ကျွန်တော့်ကို Cambridge တက္ကသိုလ်က full scholar ပေးလိုက်တယ်။ ကျောင်းသားတစ်ယောက်စာ ဝင်ငွေနာသွားတယ်။ အဲဒီအပြင် ကျွန်တော့်အတွက် နေထိုင်စားသောက်ဖို့ တစ်နှစ်ပတ်လုံ stipend ပေးပြီးထောက်ပံ့ရတယ်။ lab နေရာ၊ စာအုပ်၊ ကိရိယာ၊ ကွန်ပျူတာ၊ သင်ထောက်ကူပစ္စည်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ career development mentor အဲဒါတွေအကုန်ထောက်ပံ့ရတဲ့အတွက် တစ်ယောက်စာထက် စရိတ်စက ပိုတက်လာတယ်။ Cambridge မှာသာ တက်ရမယ်ဆိုရင် ကျောင်းစရိတ် တစ်ပြားမကျန်စိုက်ထုတ်ပေးပြီး တက်မယ်ဆိုတဲ့ တရုတ်၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းက သူဌေး မရေမတွက်နိုင်အောင် တန်းစီပြီး လျှောက်ထားတာရှိတယ်။ ဒီလို ကျောင်းသားတစ်ယောက်ကို စကော်လာစိုက်ထုတ် ရင်းနှီးမြှုပ်နှံပေးရတဲ့အခါ ကျောင်းဘက်ကလည်း expectation တွေရှိတယ်။
ဒီတော့ ကျောင်းလျှောက်လွှာတစ်ခုမှာ ကျောင်းသားအရည်အချင်းပြည့်နေပြီဆိုရင် ဝင်ခွင့်ပေးမပေး ဘယ်အချက်တွေကို ဦးစားပေးစဉ်းစားမလဲ?
၁။ ကျောင်းသားက သူတက်ချင်တဲ့ ဘာသာရပ်၊ စာလိုက်နိုင်ဖို့ အားထုတ်ဖို့ လိုအပ်ချက်တွေ၊ ကျောင်းနေရာ ရာသီဉတု၊ Lifestyle ၊ ကြုံတွေ့ရမယ့် culture တွေအကြောင်း သေချာသိထားရဲ့လား? အဲဒါတွေကို တကယ်ရော ရင်ဆိုင်နိုင်ရဲလား? စကော်လာ သိန်းထောင်ချီပေးလိုက်ပြီးမှ ဘွဲ့ရတဲ့အထိမတက်ဘဲ တစ်ဝက်တစ်ပျက် ကျောင်းပြောင်းသွားရင် ကျောင်းထွက်သွားရင် ကျောင်းအတွက် အရမ်းနစ်နာတယ်။
၂။ တက်မယ့် programme မှာ လုပ်ရမယ့် activity တွေမှာရော သူများနဲ့ မတူဘဲ ဘာတွေ contribute လုပ်နိုင်မလဲ? ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေရဲ့ ရည်ရွယ်ချက်က ရှာဖွေတွေ့ရှိပြီးသား ပညာရပ်တွေကို ကျောင်းသားတွေကို သင်ပေးဖို့ထက် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်မှာ မတွေ့ရှိသေးတဲ့ ပညာရပ်အသစ်တွေကို ရှာဖွေတွေ့ရှိပြီး အဲဒီနယ်ပယ်ကို တိုးတက်အောင် ဆောင်ရွက်ဖို့အဓိကဖြစ်တယ်။ ဘွဲ့ရရင်ပြီးရော အတန်းထဲမှာ ခွေးအကြီးလှည်းနင်း စာမေးပွဲအောင်ရုံနောက်ကလိုက်မယ့်လူထက် ရှေ့ကနေဦးဆောင်ပြီး ဘယ်နှစ်က ဘယ်အတန်း၊ ဘယ် activity မှာ ဘယ်လိုကွန့်ပြီးလုပ်လိုက်မယ်၊ ဘယ် သုသေသန project မှာဘာတွေ idea အသစ်အဆန်းတွေရှိတယ်။ Senior design project တွေမှာဘယ်လိုထွင်လိုက်မယ်ဆိုတဲ့ သူမျိုးကိုသာ ဝင်ခွင့်ပေးမယ်၊ စကော်လာပေးမှာပေါ့။ သင်ပေးတာ ထိုင်ကျက် စာမေးပွဲအောင်အောင် ဖြေနိုင်ရုံနဲ့မရဘူး၊ အဲဒါတွေပြောနိုင်အောင် ဘယ်နှစ် ဘယ်အတန်း ဆရာဘယ်သူသင်ပေးပြီး ဘာ activity တွေရှိတယ်။ Research focus က ဘာတွေရှိနေတယ်ဆိုတာတွေ ရေရေလည်လည်သိထားရမယ်။ ကိုယ်တိုင်က အတန်းထဲမှာ ဘာသာရပ်နယ်ပယ်မှာ ဒီကျောင်းရဲ့ အလိုက်အထိုက် ဘယ်လို contribute လုပ်မယ်ဆိုတာ မရှင်းပြနိုင်ရင် အဲဒီလူ ဝင်ခွင့်မရဘူး။
၃။ နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးက ဝင်ခွင့်တို့ စကော်လာပေးလိုက်ပြီဆိုရင် ဒီကျောင်းသားက ကိုယ့်ကျောင်းကို တကယ်ရွေးတက်မှာ သေချာရဲ့လား? ဘာကြောင့်လဲဆိုတော့ ကျောင်းတိုင်းမှာ သူ့အဆင့်အလိုက် ပြိုင်ဘက်တွေရှိတယ်။ ထိပ်ဆုံးအဆင့်မှာဆိုရင်တောင် အပြိုင်အဆိုင်တွေရှိတယ်။ ဉပမာ အခုကျွန်တော်တက်မယ့် Cambridge က Mphil in Conservation Leadership က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်ပယ်မှာ gold standard လို့ဆိုပေမယ့် UK တစ်နိုင်ငံထဲမှာတင် အလားတူပြိုင်ဘက်တွေအများကြီးရှိတယ်။ ဉပမာနည်းနည်းပေးရရင် _ Oxford မှာ MPhil in Biodiversity Conservation and Management ရှိတယ်။ Imperial College မှာ M.Sc. Ecology, Evolution and Conservation ရှိတယ်။ UCL မှာ Master in Conservation ရှိတယ်။ အားလုံး top ကျောင်းတွေချည်းဘဲ။ ကျောင်းဝင်ခွင့်ဆိုတာ ရသူထက်မရသူက ပိုများတဲ့အတွက် လူတိုင်း ကျောင်းအများကြီးလျှောက်ကျတာ ထုံးစံဘဲ။ တစ်ခုမှာ ဝင်ခွင့် စကော်လာနိုင်တဲ့ အရည်အချင်းမျိုးရှိရင် နောက် အလားတူကျောင်းတွေမှာလည်း ဝင်ခွင့်တွေ စကော်လာရဖို့ အလားအလာအတော်ကောင်းတယ်။ ဝင်ခွင့်၊ စကော်လာပေးပြီးမှ ကိုယ့်ကျောင်းလာမတက်ဘဲ ပြိုင်ဘက်ကျောင်းသွားတက်ရင် အရမ်းအောက်တယ်။ Admission committee အနေနဲ့လည်း လာလျှောက်တဲ့သူတွေအများကြီးထဲကမှ ကိုယ့်ကျောင်းကို တကယ်ကြိုက်တဲ့သူ၊ ကိုက်တဲ့သူကို သေချာမရွေးနိုင်ဘူးဆိုရင် ယူထားတဲ့တာဝန်မကျေရာ၊ အရည်အချင်းမရှိရာကျတယ်။

“If you know the enemy and know yourself, you need not fear the result of a hundred battles. If you know yourself but not the enemy, for every victory gained you will also suffer a defeat. If you know neither the enemy nor yourself, you will succumb in every battle.”
― Sun Tzu, The Art of War

မြန်မာကျောင်းသားအများစုကတော့ ဘယ်နိုင်ငံသွားချင်တယ်၊ ဘာတက်ချင်တယ်ဆိုတာမျိုးကိုဘဲ ကိုယ့်ဘက်ကချည်း အမြဲတွေးနေကြတယ်။ ကျောင်းအနေနဲ့ သူတို့ကို ဘာကြောင့် အနစ်နာခံ၊ သိန်းထောင်ချီ အကုန်ခံ စကော်လာတွေပေးပြီး ကျောင်းလာတက်ဖို့ ခေါ်သင့်သလဲ ဆိုတာရော စဉ်းစားထားရဲ့လား? ကျောင်းရဲ့ admission officer တွေအနေနဲ့ ဘာတွေကို အလေးပေးဂရုစိုက်လဲ၊ ဘယ်လိုစဉ်းစားသလဲဆိုတာမျိုးကိုလည်း နားမလည်ကြဘူး။ စကော်လာရချင် နိုင်ငံခြားသွားချင်ဇောဘဲများနေပြီး ကိုယ့်အကြောင်းကိုလည်း ရည်ရည်လည်လည်မပြောနိုင်၊ သူများဘယ်လို စဉ်းစားလဲဆိုတာကိုလည်း မသိရင်တော့ လမ်းပျောက်မြဲပျောက်နေဦးမှာဘဲ။
နိဂုံးချုပ်ပြောရမယ်ဆိုရင် “know your school” ဆိုတဲ့စကားက ကျောင်း Website ပေါ်မှာ ရေးထားတဲ့ အကြောင်းအရာတွေကို သိခိုင်းတာမဟုတ်ဘူး။ ကျောင်းရဲ့ admission officer တွေ ဘယ်လိုစဉ်းစားသလဲဆိုတာကို သူတို့ခေါင်းထဲဝင်ကြည့်ခိုင်းတာ။ ဒီတော့ admission committee က ကျွန်တော်ပြောသွားတဲ့ အချက် ၃ ချက်ကို ဆုံးဖြတ်နိုင်ဖို့ ကျောင်းအကြောင်းဘယ်လောက်သိလဲ၊ မသိလဲဆိုတာကို ကျောင်းလျှောက်တဲ့ PS မှာဖြစ်ဖြစ်၊ interview မှာဘဲဖြစ်ဖြစ် ကျိန်းသေပေါက်ကိုမေးမယ်။ အဲဒီမှာမပါဘူးဆိုလည်း တနေရာရာမှာ တနည်းနည်းနဲ့ သွယ်ဝိုက်ပြီးမေးတယ်။ သေချာသိလို့ ဖြေနိုင်လို့ ကျောင်းရမရ မသေချာပေမယ့် ရမ်းရွှီးရင်တော့ အပယ်ခံရဖို့ ကျိန်းသေတယ်။

Disclaimer
===========================
ကျွန်တော်ဒီနေ့ ရှယ်ပေးသွားတာတွေက ကျောင်းလျှောက်နည်း အခြေခံ foundation တွေဘဲဖြစ်ပါတယ်။ အိမ်တစ်လုံးဆောက်တဲ့နေရာမှာ foundation မခိုင်ရင် အပေါ်က ဘာဆောက်ဆောက် မမြဲနိုင်ဘူး။ ဒါပေမယ့် foundation ထဲ လူဝင်နေလို့မရသလိုဘဲ ကျွန်တော် ဒီနေ့ပြောသွားတာတွေကို တသွေမသိမ်းလိုက်လုပ်မယ်ဆိုရင်တောင် ကျောင်းရမယ်၊ စကော်လာရမယ်လို့အာမ မခံနိုင်ပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် အနည်းဆုံးတော့ application မှာ submit နှိပ်လိုက်တာနဲ့ ကွန်ပျူတာ AI ကနေ တန်းပယ်တဲ့ အထဲ မဝင်သွားဖို့တော့ ဖြစ်နိုင်ပါလိမ့်မယ်။ အားလုံးဘဲ admission committee နေရာက နေကြည့်ပြီး ကိုယ်တက်ချင်တဲ့ကျောင်းတွေကို ပါးပါးနပ်နပ်နဲ့ ပြိုင်ဘက်တွေကိုကျော်ဖြတ်ပြီး သွားတက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
==============================
ငြိမ်းဇော်ကို
17.7.2022
B.Sc. Biomedical Engineering and Bachelor of Management (Emily Scholarship, Bucknell University, USA)
M.Sc. Environmental Management (Shell-MEM Scholarship, National University of Singapore
MPhil in Conservation Leadership (Silverstrand Scholarship, University of Cambridge, UK)
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
https://bit.ly/3cm0EGQ

============================
အခု တင်ဆက်သွားတဲ့ အကြောင်းအရာကို ကြိုက်ရင် ဒီ page ကို Like လုပ် subsribe လုပ်ထားပါ။ အခုလို မြန်မာအများစုမသိတဲ့ စကော်လာရစေတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ ဖြတ်လမ်းတွေကို မသိသူကျော်သွား၊ သိသူဖော်စားပြီး ပြိုင်ဘက်တွေကို အသားစီးယူကျော်ဖြတ်သွားနိုင်အောင် အခါအားလျော်စွာ တင်ဆက်ပေးသွားပါဦးမယ်။

#စကော်လာ #ဘွဲ့လွန်

12/07/2022

Congratulations to our founder Mr. Nyein Zaw Ko!!! 🎉

Today, Mr. Nyein Zaw Ko has been conferred a Master Degree in Environmental Management by the Natation University of Singapore (NUS) [QS World University Ranking : 11, 2023]. 🎓

His study in this one-year master level program in Singapore is funded by a merit-based scholarship from Shell. As a scholar, he has maintained a very high level of academic achievement in all compulsory modules. And his dissertation on human-wildlife conflict in Singapore has won the “Best Dissertation Award” from the University. 🥇

Today, Mr. Nyein Zaw Ko has become a distinguished alumnus of this prestigious University. He will contribute to the field of environmental conservation by raising awareness about the need for nature conservation, championing sustainability initiatives, building the capacity of young sustainability leaders in Singapore and worldwide, and engaging with stakeholders and partners from other fields and industries to bring nature-based solutions to tackle climate crisis. To stay relevant in this field, he will continue his studies at the University of Cambridge [QS World University Ranking : 02, 2023] and become the first person from Myanmar to get admission from its Master in Conservation Leadership program.

Let’s hold a round of applause for his extraordinary achievement!👏

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address


No. 86, 49th Street, Pazundaung
Yangon
11171

Opening Hours

09:00 - 18:00