LULU STORE

LULU STORE

Share

31/12/2022

ဒီစာလေး မမေ့အောင် ထပ်တင်ပါတယ်

ကျွန်မအလုပ်မနားရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာစုထားတဲ့ငွေမရှိလို့ပဲ

ကျွန်မပင်ပန်းတယ်လို့ မပြောရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလုပ်လက်စ အလုပ်တွေမပြီးသေးလို့ပဲ

ကျွန်မအပျင်းမကြီးရဲဘူး
ဘာဖြစ်လို့်လဲဆိုတော့ ကျွန်မထက်သာတဲ့သူတွေတောင် ကြိုးစားနေကြဆဲမို့ပါ

ကျွန်မမှာ ရွေးစရာလမ်းတွေ အများကြီး
ဒါပေမဲ့ ရွေးပြီးသား လမ်းကိုတော့ ဘယ်တော့မှ မပစ်ဘူး

ဘယ်သူဘယ်လောက်ပဲ ကျွန်မကို မကောင်းဘူးပြောပြော
အချိန်တန်တော့သူ့ပါသာသူ နားလည်သွားပါလိမ့်မယ်
စိတ်ထဲမှာ ထည့်ထား နေစရာမလို ပါဘူး
ကိုယ်ဘယ်သူ့အပေါ်မှာမှ အကြွေးမတင်ရင်တော်ပါ ပြီ

စိတ်အေးအေး ထားတက်အောင်ကြိုးစားမယ်
လူ့ဘဝဆိုတာ အတက်ရှိသလို အဆင်းလဲရှိ တတ်ပါတယ်

သူများတွေကို လိုက်ပြီး ကဲ့ရဲ့နေစရာလဲ မလိုပါဘူး
ဘဝကပေးတဲ့သင်္ခန်းစာတွေ ကြေညက်လေလေ
ကိုယ်က ကံကောင်းလေလေပါပဲ

လူ့လောကကြီးမှာ ဘယ်အလုပ်မှ မပင်ပန်းဘူးဆိုတာ မရှိပါဘူး
မရှုပ်ထွေးတဲ့ မိသားစု အသိုင်းဝိုင်း ဆိုတာလဲ မရှိပါဘူး
ကျွန်မရွေးချယ်တဲ့လမ်းကတော့ လုံးလ ဝိရိယ ဇွဲ ဆိုတဲ့ လမ်းကိုပါပဲ

ကျွန်မဘယ်သူကိုမှ မနာလိုမဖြစ်ပါဘူး ဒီအခြေအနေလေးထိရောက်ဖို့တောင်
ဘယ်လောက်ထိ နေ့မနားညမနားလုပ်ခဲ့ရလဲ ဆိုတာပဲ မေးကြည့် လိုက်ပါ

လူတိုင်း လူတိုင်း လွတ်လပ် မှုကိုလိုချင်ကြမှာပါ
အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူကို တောင်မေးကြည့် လိုက်ပါ
သူတို့်လည်း သူတို့ အပူနဲ သူတို့ပါ

ပစ္စည်းဥစ္စာ ကိုယ်ပိုင် လုပ်ငန်းနဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆို တန်ဖိုးရှိအောင်သုံးမယ်
ဒါကြောင့်ဘယ်သူ့ကိုမှ မနာလိုစရာအကြောင်းမရှိပါဘူး

လူဘဝက တိုတိုလေးပါ ဘာမှပြိုင်စရာမရှိပါဘူး

လူတိုင်းဟာ သူလို ကိုယ့်လိုပဲ
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်
သဘောထားကြီးကြီးထားပါ
မောင်နှမလိုဆက်ဆံပါ
အားပေးအပြုံးလေးတွေပေးပါ

ဒီလို ဆိုရင်တော့ လောကကြီးက ပျော်စရာကြီးပါ။

Want your business to be the top-listed Convenience Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Kyan Khin Su
Yangon