Win Digital Learning Hub
21/05/2026
သင်တန်းတွေအများကြီးထဲမှ 𝐖𝐢𝐧 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐇𝐮𝐛 သင်တန်းကို ဘာလို့ရွေးချယ်သင့်တာလဲ❓
ဒီနေ့လို ခေတ်ကြီးထဲမှာ ကျောင်းတွေ သင်တန်းတွေကလဲများတာကြောင့် သားသားမီးမီးတို့အတွက် တကယ် Effective ဖြစ်မယ့် ကျောင်းတွေသင်တန်းတွေ ရှာရတာလဲ ခေါင်းကိုက်စရာကိစ္စတစ်ခုပါပဲ။ အသိတွေ မိတ်ဆွေတွေကနေ တစ်ဆင့် ဒီလိုပဲ လိုက်စုံစမ်းရင်း ဟိုအသိကဟိုကျောင်းညွှန် ဒီမိတ်ဆွေက ဒီသင်တန်းတွေညွှန်နဲ့ ဘယ်သင်တန်းထားလို့ထားရမှန်းမသိဖြစ်နေတက်ပါတယ်။
အဲ့အတွက် စိတ်ပူမနေပါနဲ့တော့.....
ဖေဖေမေမေတို့ရဲ့ ခေါင်းကိုက်စရာ သင်တန်းရှာပုံတော်ခရီးကို ဒီမှာတင်ပြီးပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ Win Digital Learning Hub သင်တန်းလေးက ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတို့ အနာဂတ်ပညာရေးတွေဖြစ်တဲ့ အဓိက Courses တွေအနေနဲ့ ICT, Coding နဲ့ Robotics Course တွေကို သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
သင်တန်းတွေအများကြီးထဲမှ 𝐖𝐢𝐧 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐇𝐮𝐛 သင်တန်းကို ဘာလို့ရွေးချယ်သင့်တာလဲဆိုတာရယ် သင်တန်းအသေးစိတ်တွေကို ပြောပြပေးသွားပါမယ်။
၁) Online နဲ့အဓိက သင်ပေးမှာဖြစ်ပြီး (၂)ပတ်နေမှ Campus ကိုလာရမှာဖြစ်လို့ ကလေးအနေနဲ့ သက်သောင့်သက်သာနဲ့ သင်ကြားနိုင်မှာပဲဖြစ်ပါတယ်။
၂) Course Ware တွေအနေနဲ့လဲ Greece နိုင်ငံအခြေစိုက် နိုင်ငံပေါင်း (၁၃၉) နိုင်ငံသို့ Courseware တွေကိုဖြန့်ဖြူးနေတဲ့ Binary ကထုတ်ဝေတဲ့ Courseware တွေနဲ့ သင်ကြားပေးမှာပဲ ဖြစ်ပါတယ်။
၃) သားသားမီးမီးတို့ကိုလဲ သင်တန်းပြီးသွားတိုင်း Certificate တွေပေးသွားမှာဖြစ်ပြီး Lvl များအားလုံးပြီးဆုံးသွားရင်လဲ နိုင်ငံတကာ အသိအမှတ်ပြု IC3 , ECDL , ICDL နဲ့ Microsoft က Exam တွေကို ဖြေဆိုပြီး Certificate တွေကိုပါ ထပ်မံ ရယူနိုင်မှာပဲ ဖြစ်ပါတယ်။
📚 သင်တန်းတွင် ပါဝင်မည့် အဓိက Course များအနေနဲ့
🔹ICT
🔹Coding
🔹Robotics Course တွေကို သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
သင်တန်းသားအနေနဲ့ အသက် ၅ နှစ် မှစတင်ပြီး တက်ရောက်နိုင်မှာဖြစ်ပြီး ပျော်ရွင်စရာကောင်းတဲ့ ဂိမ်းများ ၊ ပုံပြင်များ ဖြင့် Coding အခြေခံကို စတင်ထိတွေ့ခွင့်ရရှိမှာပဲဖြစ်ပါတယ်
သားသားမီးမီးတို့အတွက် ခိုင်ခံတဲ့ နည်းပညာအခြေခံကို တည်ဆောက်ပေးဖို့ အခုပဲ Win Digital Learning Hub မှာလာရောက် အပ်နှံလိုက်ပါ။
📍 Win Digital Learning Hub
အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 977 221 703
✉️ Messenger http://m.me/104842592706983
✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨
20/05/2026
သားသားမီးမီးတို့ရေ Robotics Project တွေမှာ သုံးတဲ့ Bee Bot နဲ့ M Bot လေးမှာ ဘယ် Robot လေးနဲ့ သင်ရတာပိုသဘောကျကြလဲ။
Command ပေးပြီး ရှေ့တိုးဘယ်ကွေ့ညာကွေ့ Bee Bot လေးလား ဒါမှမဟုတ် Censor လေးနဲ့ သွားတဲ့ M Bot လေးလား 🤖
ဘယ် Robot လေးနဲ့ သင်ရတာ ပိုကြိုက်လဲ❓
1) Bee Bot
2) MBot
📍 Win Digital Learning Hub
အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 977 221 703
✉️ Messenger http://m.me/104842592706983
✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨
10/05/2026
"𝐌𝐁𝐨𝐭 လေးနဲ့သင်ယူခြင်းဖြင့် သားသားမီးမီးတို့ ရရှိလာမယ့် 𝐒𝐤𝐢𝐥𝐥 (၅)ခု" ✨
Win Digital Learning Hub ရဲ့ ICT, Coding & Robotics Class အတန်းလေးမှာဆို သားသားမီးမီးတို့ စိတ်ဝင်တစားနဲ့ လက်တွေ့ကျကျသင်ယူနိုင်အောင် Robot လေးတွေနဲ့ သင်ကြားပေးတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်တန်းထဲက Robot တွေထဲက တစ်ခုဖြစ်တဲ့ Mbot လေးနဲ့ သင်ယူခြင်းဖြင့် သားသားမီးမီးတို့ ကျွမ်းကျင်လာနိုင်တဲ့ Skill (၅)ခုကို ပြောပြပေးပါမယ်။
၁။ အခြေခံ Coding နှင့် Algorithm ဆိုင်ရာ ကျွမ်းကျင်မှု
လုပ်ငန်းစဉ်တစ်ခုကို အဆင့်ဆင့် စနစ်တကျ စဉ်းစားတွေးခေါ်တတ်လာမယ်။
ကုဒ်တွေကို ရိုက်စရာမလိုဘဲ Block လေးတွေ ဆွဲဆက်ရုံနဲ့ Program တွေကို တည်ဆောက်တတ်လာမယ်။ စက်ရုပ်တစ်ရုပ် ရှေ့သွားဖို့၊ ကွေ့ဖို့အတွက် လိုအပ်တဲ့ ညွှန်ကြားချက်တွေကို အစီအစဉ်တကျ ရေးသားတတ်လာမှာပဲဖြစ်ပါတယ်။
၂။ STEM (Science, Technology, Engineering, Math)
စက်ရုပ်တစ်ရုပ်မှာ ပါဝင်တဲ့ Sensor တွေ၊ Motor တွေနဲ့ Mainboard တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို လက်တွေ့ သိရှိလာမှာပဲဖြစ်ပါတယ်။ စက်ရုပ်ကို ကိုယ်တိုင် တပ်ဆင် ရတာဖြစ်လို့ Mechanical အခြေခံတွေကို နားလည်လာမယ်။ အကွာအဝေး၊ အမြန်နှုန်းနဲ့ ထောင့် (Angle) တွက်ချက်မှုတွေကို စက်ရုပ်မောင်းနှင်ရင်း လက်တွေ့ အသုံးချတတ်လာမှာပဲဖြစ်ပါတယ်။
၃။ ပြဿနာ ဖြေရှင်းနိုင်စွမ်း (Problem-Solving Skills)
ကုဒ်ရေးလိုက်လို့ စက်ရုပ်က ကိုယ်ဖြစ်စေချင်သလို မလုပ်တဲ့အခါ ဘယ်နေရာမှာ မှားနေလဲဆိုတာကို ရှာဖွေပြီး ပြန်ပြင်တတ်လာမှာပဲဖြစ်ပါတယ်။
၄။ တီထွင်ဖန်တီးနိုင်စွမ်း (Creativity & Innovation)
mBot ကို အခြေခံပြီး ကိုယ်ပိုင် Idea သစ်တွေ (ဥပမာ- ဘောလုံးကန်တဲ့စက်ရုပ်၊ လမ်းပြစက်ရုပ်) အဖြစ် ပြောင်းလဲဖန်တီးနိုင်လာပြီး ကိုယ်ပိုင် Project တစ်ခုကို အစမှ အဆုံး တည်ဆောက်ပြီး စိတ်ကူးတွေကို လက်တွေ့ အကောင်အထည်ဖော်လာနိုင်မှာပါ။
၅။ စိတ်ရှည်သည်းခံမှုနှင့် အာရုံစူးစိုက်မှု (Focus & Patience)
စက်ရုပ်တပ်ဆင်တာကနေ ကုဒ်ရေးတာအထိ အဆင့်တိုင်းမှာ အသေးစိတ် ဂရုစိုက်ရတာကြောင့် ကလေးတွေရဲ့ အာရုံစူးစိုက်မှုအား (Attention Span) ပိုကောင်းလာစေပါတယ်။
➖➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖
ICT, Coding & Robotics နည်းပညာတွေက အနာဂတ်မှာ ပိုမိုကျယ်ပြန့်လာမှာဖြစ်တာကြောင့်
သားသားမီးမီးတို့ ငယ်စဥ်ကတည်းက နည်းပညာနဲ့ မစိမ်းအောင် ပြုလုပ်ပေးထားသင့်ပါတယ်။
ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတို့ရဲ့ အနာဂတ်မှာ နည်းပညာနဲ့ပက်သက်ပြီး ထူးချွန်စေချင်တယ်ဆို
Win Digital Learning Hub အတန်းလေးကို လာရောက်အပ်နှံထားလိုက်ပါနော်.....
📍 Win Digital Learning Hub
အမှတ် (၈)၊ စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 977 221 703
✉️ Messenger http://m.me/104842592706983
✨ ကလေးတို့ရဲ့ နည်းပညာအနာဂတ်အတွက် 𝗪𝗶𝗻 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ✨
Click here to claim your Sponsored Listing.
Category
Website
Address
အမှတ် ၈, စကားဝါခြံ၊ မြသီရိလမ်းသွယ်၊ အေဝမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
Yangon
11062