Shwe Rice

Shwe Rice

Share

30/04/2026

ဒီကနေ့ ကဆုန်လပြည့်နေ့ကစပြီး မိဘပြည်သူများအားလုံး စိတ်နှလုံး အေးချမ်းကြပါစေ 🌾

မကောင်းတဲ့ အပူအပင်တွေ ကင်းစင်ပြီး မေတ္တာရေစင်တွေ ဖြန်းပက်သလို အေးမြတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Shwe Rice မိသားစုကနေ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏✨

#ရွှေဆန်

17/03/2024

ချက်လိုက်တာနဲ့ မွှေးလွန်းတဲ့ ရွှေဆန်ရဲ့ ထမင်းရနံ့လေးက မီးဖိုချောင်ကနေ ဧည့်ခန်းထိ ဆွဲဆောင်လွန်းလို့ ဟန်မဆောင်နိုင်လောက်အောင် ဗိုက်ဆာလာတတ်ကြပါတယ် 🤤

ဒီလိုမျိုး မိသားစုဝင်တွေရဲ့ ထမင်းစားချင်စိတ်ကို ဆွဲဆောင်နိုင်ဖို့ဆိုရင်တော့ အိမ်ရှင်မတိုင်းရဲ့ အဖြေမှန် ရွှေဆန်ကိုသာ ရွေးချယ်ဝယ်ယူလိုက်ပါ 🌾

ရွှေဆန်ရဲ့ အရည်အသွေးကောင်းမွန်မှုကတော့ ဆန်စေ့တစ်စေ့ချင်းစီရဲ့ မွှေးရနံ့နဲ့ နူးညံ့တဲ့ အရသာတွေကို ထိတွေ့ခံစားနိုင်မှာ အသေအချာပဲပေါ့ဗျာ 😎

15/03/2024

မီးဖိုချောင်ဝင်တဲ့ အလုပ်ဟာ မလွယ်ကူပေမယ့် အသုပ်ပြုလုပ်နည်းကတော့ ဟင်းချက်နည်းထက် အနည်းငယ် လွယ်ကူနိုင်တယ်နော် 😉

ဒါကြောင့် လွယ်ကူမြန်ဆန်ပြီး မြိန်ရေယှက်ရေ ဖြစ်စေမယ့် မြန်မာထမင်းသုပ် သုပ်နည်းလေးအကြောင်း မျှဝေပေးလိုက်ချင်ပါတယ် 💁

အရသာမြိန်တဲ့ မြန်မာထမင်းသုပ်တစ်ပွဲကို ရရှိဖို့ ထမင်းဖြူ၊ ကြက်ဥ၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး အနီ/ အစိမ်း၊ မြန်မာနံနံပင်၊ မြေပဲစေ့၊ ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်အမှုန့်အစရှိတဲ့ ပါဝင်ပစ္စည်းလေးတွေတော့ လိုတာပေါ့ 🧂

ပါဝင်ပစ္စည်းလေးတွေ ရပြီဆိုရင် ဇလုံကြီးကြီး တစ်ခုထဲကို ထမင်းဖြူ ကိုယ်စားသလောက်ထည့်၊ ပါးပါးလှီးထားတဲ့ ဂေါ်ဖီနဲ့ ခရမ်းချဉ်သီး အနီ/ အစိမ်းတို့ကိုထည့်ပြီး ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ဆား၊ ငံပြာရည်နဲ့ ဟင်းခတ်အမှုန့်တို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာခန့်စီ အရသာထည့်နယ်ပေးပါ 🥣

နယ်ပြီးသွားပြီဆိုရင်တော့ ကြက်ဥကြော်လေးကို အပေါ်က အုပ်၊ မြေပဲနဲ့ နံနံပင်လေးတွေကို အပေါ်က ဖြူးပြီး စားလိုက်မယ်ဆိုရင် အရသာမှာ ရှယ်ဖြစ်တဲ့ ထမင်းသုပ်တစ်ပွဲကို ပိုင်ဆိုင်နိုင်ပြီပေါ့ 🍚

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. Nya/73, Yuzana Street, Bayint Naung (1) Ward, Mayangone Township
Yangon
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00