Progistics
16/03/2025
ျော့သွားပြီး_မှန်ကန်_မြန်ဆန်_အလုပ်တွင်စေတဲ့_5S
5S က ဘာအကျိုးရှိတာလဲ၊ ဘာကောင်းတာလဲ ဆိုတာကို တခွန်းထည်း ပြောရရင်တော့.. အလုပ်တွင် တာပါပဲ။
• 5S ဆိုတဲ့ နည်းပညာဆိုင်ရာ အသုံးအနှုန်းဟာ Toyota ကား ထုတ်လုပ်ရေးက စခဲ့တာပါ။
• လုပ်ငန်းဆောင်တာတွေကို “မှန်ကန်” “မြန်ဆန်” စေဖို့ 5S က အများကြီး အထောက်အကူပြုပါတယ်။
• စက်ရုံ ၊ အလုပ်ရုံတွေ Warehouse တွေသာမကပဲ ရုံးတွေမှာလည်း 5S စနစ်ကို ကျင့်သုံးကြပါတယ်။
5S က အောက်ပါ ဂျပန် စကားလုံး ၅လုံးကို အခြေခံပြီးခေါ်ကြတာပါ,
ကျနော်တော့ မှတ်လို့လွယ်အောင် မြန်မာလို အတိုခေါက်,
“ #ရွေးစု_စီခင်း_သန့်ရှင်း_စံပြု_ထိမ်းသိမ်းမှု_ငါးခု_5S_တာ” ဆိုပြီး မှတ်ထားပါတယ်။
*** ***
ဒီ 5S ကို ဘယ်လိုစပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမယ်ဆိုတာကို
ကျနော်တို့နှင့် နေ့စဉ်သွားလေရာ ပါတတ်တဲ့ ပိုက်ဆံအိပ် အထဲက ပစ္စည်းတွေနဲ့ ဥပမာ ပေးချင်ပါတယ်၊….
ကျနော်တို့ရဲ့ပိုက်ဆံအိပ်ကို ဖွင့်ပြီး စ လိုက်ရအောင်... ...
၁။ SEIRI = Sort / Tidiness (ပစ္စည်း တူရာတွေကို ရွေးထုတ်ခြင်း)
ပိုက်ဆံအိပ်ထဲမှာ ရှိနေတဲ့ ၁၀,၀၀၀ တန် က နေ ၅၀ တန်အထိ ငွေစက္ကူတွေ / ဘဏ်ကဒ်တွေ / Name Card တွေ/ မှတ်ပုံတင် နှင့် ယာဉ်မောင်းလိုင်စင် တွေကို ရွေးထုတ်ပြီး တူရာ တူရာ စုထားပါမယ်၊
*
၂။ SEITON = Set / Orderliness (ရွေးထုတ်ထားတဲ့ ပစ္စည်းတွေကို အစီအစဉ် တကျ ထားရှိခြင်း)
ရွေးထုတ်ထားတဲ့ ပစ္စည်းတွေကို အောက်ပါအတိုင်း အစီအစဉ်လိုက် ထားပါမယ်၊
• ၁၀,၀၀၀ တန် ပြီးရင် ၅,၀၀၀ တန်, ၁,၀၀၀ တန် စ သဖြင့် ၅၀ တန် ထိ.. ကြီးစဉ် ငယ်လိုက် ပြန်ထည့်ပါမယ်၊
• ထိုနည်းတူ ဘဏ်ကဒ်တွေ / Name Card တွေ ကိုလည်း “လိုအပ်” တဲ့ အမျိုးအစား နှင့်အရေတွက် ကိုပဲ ပြန်ထည့်ပါမယ်၊
• မှတ်ပုံတင် နှင့် ကားမောင်းလိုင်စင် ကိုတော့ မိမိ မကြာခဏ အသုံးပြုလေ့ရှိတဲ့ ကဒ်ကို.. ပိုက်ဆံအိတ်ရဲ့ ထုတ်လို့ထည့်လို့ အလွယ်ဆုံး အိပ်ကပ်မှာထားပါမယ်
(ဥပမာ - မိမိ က အစိုးရရုံးတွေ ခဏ ခဏသွား နေရတဲ့သူ ဆိုရင် မှတ်ပုံတင်ကို ထုတ်လို့ထည့်လို့ အလွယ်ဆုံး အိပ်ကပ်မှာထားပေါ့ / မိမိက ကား တစ်ချိန်လုံးမောင်း နေတဲ့ သူဆိုရင်တော့ အဲဒီနေရာမှာ ယဉ်မောင်းလိုင်စင် ထားပေါ့)
*
၃။ SEISO = Shine / Cleanliness ( ပစ္စည်းများကို သန့်ရှင်း သပ်ရပ် (ဖုန် / ဆီချေး ကင်းစင်) စွာ ထားရှိခြင်း)
ပထမဦးစွာ မိမိပိုက်ဆံအိပ်၏ အပြင်ပိုင်း အတွင်းပိုင်းကို သန့်ရှင်းရေး အရင်လုပ်ရပါမယ်၊
• ချုပ်ရိုးကြောင်းတွေမှာ ချေး / မှို တွေမရှိအောင် သန့်ရှင်းပါမယ်-
• ငွေစက္ကူတွေ တွန့်ကြေ၊ ခေါက်နေတာ၊ ရေစို(မိုးတွင်းဆို မှိုပါတက်) နေတာ၊
• မှတ်ပုံတင် / ကားလိုင်စင်တွေမှာ စတစ်ကာ တွေရှိနေတာ၊
• ဆောင်ထား တဲ့ မိမိရဲ့ Name Card တစ်ချို့မှာရေးချစ်ထားတာ / စွန်းထင်းနေတာ၊
စသည်တို့ နှင့် ကင်းစင်ပြီး သန့်ရှင်းသပ်ရပ်နေအောင် ထားရပါမယ်။
ဘာတွေ အကျိုးအမြတ် ရမလဲဆိုတာ အောက်မှာ ပြောပါ့မယ်။
*
၄။ SEIKETSU = Standardize (လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ စံနှုန်းများ ထားရှိခြင်း)
အပေါ်က သုံးချက် လုပ်ဆောင်ပြီးတဲ့ အခါ အမြဲတန်း လိုက်နာ ကျင့်သုံးရမည့် Standard Operation Procedure (SOP) တွေထားရှိရပါမယ်၊
SOP ဥပမာ၊
တစ်စုံတစ်ယောက်က Name Card တောင်းတဲ့အခါ - အလွယ်တကူ အိန္ဒြေမပျက် ဆွဲထုတ်နိုင်ရန်အတွက် - (Name Card ကို ညာဘက် လက်နှင့် ဆွဲထုတ်မှာ ဖြစ်လို့)
• ပိုက်ဆံအိပ် ရဲ့ ဘယ်ဘက်ချမ်းတွင် ထည့်ရန်၊
ပိုက်ဆံအိပ်ထဲတွင် ငွေ အကြွေများ / မလိုအပ်သည့် ကဒ်များ နှင့် ပြည့်ဖောင်း ရှုတ်ပွ မနေစေရန် အတွက်
• ၄၀၀၀ နှင့် အောက်ကျသင့်ငွေကို “အကြွေရှိပါက” ၁၀,၀၀၀ တန် မပေးရန်.
• အခြားသူများ၏ Name Card များကို လက်ခံရရှိပါက ဖုန်းနံပါတ်၊ Email စသည်တို့ကို မိမိဖုန်း၌မှတ်သားပြီး ပိုက်ဆံအိပ် အတွင်းထည့်မထားပဲ Name Card Holder ထဲ၌ သိမ်းထားရန်
စသည်ဖြင့် လိုက်နာကျင့်သုံးရမည့် စံနှုံန်းများကို ရေးဆွဲ ချမှတ်ထားရမှာပါ။
*
အထက်ပါ (၄) ချက် နှင့် ပြည့်စုံပြီးရင် ရရှိမည့် အကျိုးအမြတ် (Advantages) တွေကတော့
၁။ မိမိ ပိုက်ဆံအိပ်ကို သူများရှေ့မှာ ထုတ်သည့်အခါ ယုံကြည်ချက် (Confidence) အပြည့်ရှိခြင်း
၂။ ငွေစက္ကူများ အစဉ်လိုက် စီထားသဖြင့် ငွေရှင်းရာတွင် မှန်ကန် မြန်ဆန်ခြင်း (၅၀၀ တန် နှင့် ၅,၀၀၀ တန် မှားပေးမိခြင်းမျိုး မရှိခြင်း)
၃။ Name Card / ဘဏ်ကဒ် / ယာဉ်မောင်းလိုင်စင် တွေကို သတ်သတ် မှတ်မှတ် ထားရှိထားသဖြင့် လူအများရှေ့တွင် ထုတ်ပေးရန် လိုအပ်ပါက ရှာနေစရာ မလိုပဲ စမတ်ကျကျနှင့် မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်ခြင်း၊
၄။ မိတ်ဆွေသစ်များ၊ ဧည့်သည်များရှေ့မှာ ပိုက်ဆံအိတ် တစ်လုံးနှင့် အလုပ်ရှုတ် စရာမလိုပဲရ အိန္ဒြေရရ ပြောဆိုဆက်ဆံနိုင်ခြင်း
စသည့် အကျိုးအမြတ်များ ရရှိမှာ နိုင်ပါတယ်။
*
၅။ SH*TSUKE = Sustain / Discipline ((ကောင်းမွန် သင့်တော်သော စံနှုန်း - လုပ်ငန်းစဉ် များကို) ထမ်းသိမ်း ဆက်လက် ကျင့်သုံးခြင်း)
ကောင်းမွန် သင့်တော်သော စံနှုန်း - လုပ်ငန်းစဉ် များကို) ထိန်းသိမ်း ဆက်လက် ကျင့်သုံးခြင်း ကိုတော့ လုပ်ငန်း အဖွဲ့အစည်း တစ်ခုမှာ လုပ်ဆောင်ရမယ့် အချက်တွေကို ဝေမျှပါ့မယ်. (ပိုက်ဆံအိပ် Porcedure မဟုတ်တော့ပါ )
1. 5S တာဝန်ခံ (Incharge / Champion) များ အလှည့်ကျထားရှိခြင်း
2. ရည်မှန်းချက် နှင့် ရလာဒ် များကို လေ့လာ ဆန်းစစ် သုံးသပ်ခြင်း
3. လိုအပ် သက်ဆိုင်သည့် သင်တန်းများပို့ချခြင်း
4. ရလာဒ်များတိုင်းတာခြင်း နှင့် ဆုပေးခြင်း
5. အလေ့အကျင့် ဖြစ်သွားစေရန် တစ်ယောက်ချင်းစီ စည်းကမ်းလိုက်နာ၍ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း
6. ဖြစ်စဉ်များကို စောင့်ကြည့်လေ့လာခြင်းနှင့်
7. စံနမူနာပြ ဆောင်ရွက်ခြင်းတို့ပါဝင်ပါတယ်။
5S ဟာ လက်တွေ့ ကျင့်သုံး လိုက်နာ ဆောင်ရွက်မယ်ဆိုရင် အစပြုခါစမှာ အနည်းငယ် အားစိုက်ရပေမယ့် လုပ်နေကျသွားရင် ပင်ပန်းမှု မရှိပဲ လုပ်ငန်း ဆောင်ရွက်ရာမှာ Downtime နည်းပြီး တိကျမှု / မြန်ဆန်မှု / သေသပ်မှု / စိတ်ချမ်းသာမှု တို့ကို ရစေမှာ ဖြစ်ပါတယ်၊
Downtime ဆိုသည်မှာ ကုန်ထုတ်စက်ရုံ ပျက်တဲ့ / ပြင်တဲ့အချိန် ကိုပဲ ခေါ်တာ မဟုတ်ပဲ တစ်စုံတစ်ခု / တစ်စုံတယောက် အလုပ်မလုပ်တဲ့ အချိန်၊ အလုပ်မှာ Active မဖြစ်တဲ့ အချိန်ကိုလည်း ခေါ်ကြပါတယ်။
တစ်ချို့ ဂျပန် ကုမ္ပဏီ တစ်ချို့ဆိုရင် ပစ္စည်းတစ်ခု စားပွဲပေါ်ကနေ ကျမ်းပြင်ပေါ်ကြသွားလို့ ကောက်လိုက်တဲ့ အချိန်ကို တောင် Downtime တွက်တဲ့အထဲမှာ ထည့်တွက်တယ်လို့ မှတ်သားဖူးပါတယ်။
အပေါ်က ပိုက်ဆံအိတ် ဥပမာ ကို ကိုးကားပြီး မိမိ နှင့် သက်ဆိုင်ရာ နယ်ပယ်မှာ အသုံးချ (Apply) လုပ်နိုင်ပါတယ်
• ပိုက်ဆံအိတ် မှသည် အလုပ်စားပွဲ (Logistics သမားများ အတွက်တော့ ဖိုင်တွဲတွေပေါ့)
• အလုပ်စားပွဲ မှသည် ရုံးခန်း
• ရုံးခန်း မှသည် Company / Factory / Warehouse / Workshop
• Company / Factory / Warehouse / Workshop မှသည် Corporation ကြီးတစ်ခုလုံး အထိ Apply လုပ်နိုင်ပါတယ်.
5S အကြောင်း ပိုပြီးပြည့်စုံသွားအောင် မိတ်ဆွေတို့လည်း Comment တွေပေးပြီး ဝင်ရောက်ဆွေးနွေးသွားပါဦး
God bless you 🙏
Zarni Oo (Progistics)
https://progistics.blogspot.com/
23/08/2024
ကျန်းမာတော်မူကြပါစခင်ဗျာ…အိုဟုတ်ပေါင် …
how we delivery orders nationwide blah blah blah
23/07/2024
VPN မလို Internet Data သိပ်မကုန်ပဲ ဖတ်လို့ရမယ့် Logistics ဗဟုသုတ အပြည့်ပါတဲ့ Progistics Blog
ကျနော့်ရဲ့ Page မှာရှိတဲ့ ဆောင်းပါးတွေကို Google Blog မှာရေးထားတာဖြစ်ပြီး Link ကို ဖွင့်ဖတ်ရင် VPN မလိုပါဘူး။ Video file မဟုတ်တဲ့အတွက် Data လည်း သိပ်မကုန်ပါဘူး။
ပုံတွေကိုလည်း သက်ဆိုင်ရာ ခေါင်းစဉ်အောက်မှာ ထည့်ထားလို့ အလွယ်တကူ ကိုးကားနိုင်ပါတယ်။
Progistics Blog မှာ process အားလုံးကို အသေးစိတ်ရေးထားတဲ့အတွက် စာရှည်ပေမယ့် လုပ်ငန်းစဉ် တစ်ခုလုံးကို ထဲထဲဝင်ဝင်နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ Logistics မိတ်ဆွေတစ်ယောက် ရေးထားတဲ့ Review အောက်ကပုံမှာ ကြည့်ပါ။
Blog ကို progistics.blogspot.com/ မှာ တိုက်ရိုက်ဝင်ကြည့်နိုင်ပြီး Logistics & Warehousing, Shipping, Supply Chain ဆိုပြီး အုပ်စုသုံးခု ခွဲရေးထားပါတယ်။
ကျနော့် Blog / Page တွေဟာ ဗဟုသုတ မျှဝေခြင်းသာဖြစ်လို့ လွတ်လပ်စွာ Share နိုင်ပါတယ်ဗျ၊ ကော်ပီတော့ မကူးပါနဲ့လား။
God Bless You 🙏
Zarni Oo (Progistics)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon