Health Wiki

Health Wiki

Share

12/11/2021

💊 Molnupiravir ဆိုတာဘာလဲ?

👉🏻Molnupiravir ဆေးဟာ Covid 19 ရောဂါအတွက် ခွင့်ပြုပေးလိုက်တဲ့ ပထမဆုံးသော ဆေးပဲဖြစ်ပါတယ်။ Lagevrio အမည်နှင့် Brand Name ထွက်ရှိလာပြီး Ridgeback Biotherapeutics နဲ့ Meck, Sharp and Dohme (MSD) ဆေးကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။

👉🏻Molnupiravir ဆိုတဲ့ ဗိုင်းရပ်စ်ဆန့်ကျင်ဆေးဝါးဟာ သောက်ဆေးအမျိုးအစားဖြစ်ပြီး Covid 19 ရောဂါရှင်များကို ရောဂါလက္ခဏာပြပြီး (၅)ရက်အတွင်း တိုက်ရမှာပဲဖြစ်ပါတယ်။

❓Molnupiravir က ဘယ်လိုအလုပ်လုပ်လဲ?

👉🏻Molnupiravir ဟာ ဗိုင်းရပ်စ်ပိုး မျိုးပွားခြင်းကို ဖြတ်ချခြင်းအားဖြင့် အလုပ်လုပ်ပါတယ်။

👉🏻Covid ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲဝင်ရောက်လာတာနဲ့ သူ့ရဲ့ RNA gene ကို မျိုးပွားစေပြီးနောက် ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ ဆဲလ်တွေကိုပြန့်နှံ့စေပါတယ်။

​👉🏻Molnupiravir ဆေးဟာတော့ အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ဆဲလ်တွေထဲဝင်ရောက်ပြီး ဗိုင်းရပ်စ်ပိုး မျိုးပွားခြင်းကို တားမြစ်ပါတယ်။ အဲ့လိုနည်းနဲ့ ဗိုင်းရပ်စ်ပိုးကောင်ရေကို လျှော့ချပေးပြီး ရောဂါပြင်းထန်နိုင်ချေကို လျော့နည်းစေပါတယ်။

👉🏻Molnupiravir ဆေးဟာ RNA ကို အဓိကထားတိုက်ခိုက်တာကြောင့် COVID 19 ရောဂါပိုးတစ်ခုတည်းသာမက တခြားသောCorona ဗိုင်းရပ်စ်မျိုးနွယ်ဝင်များအပေါ်မှာလည်း ထိရောက်မှုရှိနိုင်ပါတယ်။

📈Molnupiravir ဆေးက ဘယ်လောက်ထိ ထိ​ရောက်နိုင်သလဲ?

👉🏻စမ်းသပ်မှုတွေအရ Molnupiravir ဆေးကိုသောက်သုံးတဲ့ Covid ရောဂါလက္ခဏာ အပျော့စားနဲ့ အလတ်စားခံစားရတဲ့လူနာတွေမှာ ဆေးရုံတက်ရောက်ရနှုန်းနဲ့ သေဆုံးနှုန်းကို ၅၀ ရာခိုင်နှုန်းထိ သိသိသာသာလျှော့ချနိုင်ကြောင်း တွေ့ရပါတယ်။

⚠️သို့ပေမယ့် Molnupiravir ဆေးကို ရောဂါလက္ခဏာ စပြပြီး (၅) ရက်အတွင်းသောက်ဖို့လိုအပ်ပြီးတော့ (၅)ရက်ကျော်သွားရင်တော့ ဆေးအာနိသင် သက်ရောက်မှုမရှိနိုင်ပါဘူး။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Address


Myanmagonyi
Yangon