GAIA Crystals

GAIA Crystals

Share

14/04/2024

How to cleanse your crystals 🫧

ဒီနေ့တော့ ကိုယ့်ဆီမှာရှိတဲ့ Crystal လေးတွေကို ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီး cleansing လုပ်လို့ရလဲဆိုတာလေး ပြောပြပေးသွားပါမယ်။

Water 💧
အလွယ်ဆုံးနဲ့ Traditionalအကျဆုံးနည်းလမ်းကတော့ ရေနဲ့ဆေးတာပါပဲ။ စီးဆင်းနေတဲ့ရေအောက်မှာပဲဖြစ်စေ ရေခွက်ထဲထည့်စိမ်ပြီးတော့ပဲဖြစ်စေ crystalရဲ့ negative energy တွေအကုန်ရေနဲ့ပါသွားပြီဆိုပြီး visualize လို့ရပါတယ်။ Moon Water, Sun Water, Holy Water စသဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ Fluorite, Selenite, Malachite စတဲ့ကျောက်တွေက water-safe မဖြစ်တာမို့ ကိုယ့် crystal လေးတွေက ရေထဲထည့်လို့ရ မရ အရင် research ကြည့်ဖို့တော့လိုပါမယ်။

Smoke 💨
နောက်ထပ်နည်းလမ်းတစ်ခုကတော့ Smoke cleansing ပါ။ ကိုယ်နှစ်သက်ရာ Incense (အမွှေးတိုင်)၊ သို့မဟုတ် Sageစတဲ့ herbsမျိုးပဲဖြစ်စေ၊ ကိုယ် preferဖြစ်တဲ့ herbsတွေကို မီးရှို့ပြီးဖြစ်စေ ထွက်လာတဲ့ smoke နဲ့ cleansing လုပ်ပေးလို့လည်းရပါတယ်။

Sound 🔊
Tibetan Singing Bowls, Tuning Forks, .. စတာတွေကို အသုံးပြုပြီးဖြစ်စေ၊ YouTube မှာ Cleansing Music လို့ရိုက်ရှာပြီးပဲဖြစ်စေ crystalလေးတွေကို cleanseလုပ်နိုင်ပါတယ်။ မိမိနှစ်သက်ရာ ဘာသာရေးဂါထာများ၊ သီချင်းများကို ရွတ်ဖတ်ပြီးတော့လည်း လုပ်နိုင်ပါတယ်။ ဒါ့အပြင် အချစ်ရေးအတွက် ဥပမာ-နှင်းဆီသလင်းကို 528Hz, healingအတွက် ဥပမာ-ခရမ်းစွဲကို 174Hz, 432Hz စသဖြင့် ဖွင့်ထားပေးပြီးတော့ rechargeပါလုပ်ဆောင်နိုင်ပါတယ်။

Light ☀️
နောက်ထပ်လွယ်ကူတဲ့ နည်းလမ်းတစ်ခုကတော့ နေရောင်အောက် သို့မဟုတ် လရောင်အောက်မှာ အချိန်အတိုင်းတာတစ်ခုထပြီး cleansing လုပ်နိုင်ပါတယ်။ Amethyst, Aquamarine, Clear Quartz စတဲ့ကျောက်တွေကို လရောင်အောက်မှာထားတာပိုသင့်တော်ပြီး Citrine, Tiger Eye, Carnelian စတဲ့ကျောက်တွေကိုတော့ နေရောင်အောက်မှာထားပေးတာ ပိုသင့်တော်ပါတယ်။ သို့ရာတွင်လည်း အချို့သောကျောက်တွေက နေရောင်အောက်မှာကြာမြင့်စွာထားမယ်ဆိုရင် အရောင်မှိန်လာတာ၊ အပူလွန်ကဲတာမျိုးဖြစ်တတ်လို့ နေပူထဲပစ်မထားဘဲ ဂရုတစိုက်နဲ့ပြန်သိမ်းပေးဖို့တော့လိုပါမယ်။

Crystal Jar Necklace လေးတွေကိုတော့ တစ်ကြိုး 7000ကျပ်တည်းနဲ့ Page Cb မှာလာရောက်မှာယူနိုင်ပါတယ်ရှင်။ 💚🪞🌿

Feel the vibe, wear the energy_ GAIA for your radiant aura!

Photos from GAIA Crystals's post 11/01/2024

Introducing GAIA Crystal Jar Necklaces 🪞🌿

ကျမတို့ GAIAရဲ့ First product ဖြစ်တဲ့ Crystal Jar necklace လေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။
Crystal energy အတွက် အဆောင်သဘောမျိုးနဲ့ပဲဖြစ်စေ၊ Daily outfitအတွက် Accessory တစ်ခုအနေနဲ့ပဲဖြစ်စေ ပေါ့ပေါ့ပါးပါးဝတ်ဆင်ဖို့အတွက် အဆင်ပြေပါတယ်။
Youthful and earthy vibeရအောင် leather ကြိုးအနက်ကို သုံးပေးထားပြီး ကြိုးအရှည် 15 to 17inches ဝန်းကျင်ထိ အတိုးအလျှော့လုပ်လို့ရပါတယ်။
ရွေးချယ်စရာ ကျောက်အမျိုးအစားကတော့ 8မျိုးရှိပြီး တစ်ခုချင်းစီရဲ့ benefitsတွေကိုတော့ အောက်ကပုံလေးတွေမှာဝင်ကြည့်နိုင်ပါတယ်ရှင်။
ဘာယူရမှန်းမသိရင်လည်း ကိုယ်လိုချင်တာပြောပြပြီး adminတို့နဲ့ လာတိုင်ပင်လို့ရပါတယ်။
Priceကလည်း အသက်သာဆုံးဖြစ်အောင် 7000mmkတည်းနဲ့ စီစဉ်ထားပေးလို့ affordable ဖြစ်ပြီး ဝတ်ပျော်ပါတယ်ရှင်။ 💚

Ygn, Mdy, Npt Cash on deliရပြီး ကျန်မြို့များကတော့ Prepaid onlyပါရှင့်။ Online paymentကတော့ Kpay, WavePay available ပါရှင်။ orderမှာပြီး သုံးရက်အတွင်း deliအပ်ပေးပါတယ်ရှင့်။

Feel the vibe, Wear the energy _ GAIA for your radiant aura! 🍃

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon