Hnin April Books
24/03/2022
📖 အဝေးဆုံး...ကြည့် အမြင့်ဆုံးပျံ
✍️ ချမ်းငြိမ်း (ဟံသာဝတီ)
💰 2500
📃 စာမျက်နှာ ၁၁၂
▪️ ဘ၀မှာ အကြမ်းတမ်း အခက်ခဲဆုံးကာလတွေကို ကြမ်းကြမ်းရှရှ ရင်ဆိုင်နေရသလား... ဘ၀မုန်တိုင်းမှာ ဒုက္ခမိုးကြိုးလှိုင်းတွေထိမှန်၊ ဒဏ်ရာဆူးတွေနဲ့ မူးဝေလဲကျနေသလား... မိဘညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်း ပတ်ဝန်းကျင်အခင်းအကျင်းနဲ့ သဟဇာတ မမျှမတ ဖြစ်နေပါသလား။ ဘ၀မှာ ကျဆုံးခြင်းတွေနဲ့ အောင်မြင်မှု သီချင်းတစ်ပုဒ် မတီးမှုတ်နိုင်တော့ဘူးလို့ မိမိကိုယ်မိမိ စိတ်ထဲ မချိတင်ကဲဖြစ်နေသလား...
အဲဒီ ''လား'' ပေါင်းများစွာကို အဖြေရှာအနိုင်ယူ အနာဂတ်ကို အောင်မြင်မှုနဲ့ ကျော်ဖြတ်ချင်တဲ့ လူငယ်တွေ ဒီစာအုပ်ကို မဖြစ်မနေဖတ်ပါ။
▪️ စာရေးသူ ဆရာချမ်းငြိမ်း(ဟံသာဝတီ)၏ နိဒါန်းအမှာစကားလေး ဖြစ်ပါတယ်။ ယခုစာအုပ်မှာ တစ်ဘ၀လုံးခံစားသွားရမယ် အမည်ဖြင့် ပထမအကြိမ်ထုတ်ဝေထားသည့် စာအုပ်ကို ပရိသတ်များတောင်းဆိုမှုအရ ပြင်ဆင်တည်းဖြတ်ပြီး ယခု ဒုတိယအကြိမ် အမည်သစ်ဖြင့် ထုတ်ဝေထားခြင်းဖြစ်ပါသည်။ လူငယ်တွေ ဘ၀မြှင့်တင်ဖို့ ရည်ရွယ်အားထုတ်ရေးသားထားတဲ့ စာပေလက်ရာမွန်တွေဖြစ်ပြီး စာရေးသူ၏ ဘ၀အတွေ့အကြုံနှင့်ယှဉ်ကာ ရေးသားထားသည့် ပင်ကိုယ်ရေးစိတ်အာဟာရစာစုများဖြစ်တာကြောင့် လူငယ် လူရွယ်တို့ မလွတ်တမ်း ဖတ်ရှုထိုက်တဲ့ စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်ပါတယ်။
စာချစ်သူတို့ ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
Hnin April စာပေ
09428559494
24/03/2022
📖 မြန်မာ-ထိုင်း အဘိဓာန်
✍️ ဦးဇာသင်ထောင်း (B.A)
💰 2500
ဤစာအုပ်တွင် စကားလုံးပေါင်း ၇၅၀၀ ပါဝင်ပြီး၊ ကိန်းဂဏန်း၊အချိန်ကာလ၊အခေါ်အဝေါ်များ
ကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားယုံ
သာမက၊မြန်မာတို့အတွက် ထိုင်းအသံထွက် မြန်မာအသံထွက်ကိုပါ မြန်မာ၊ထိုင်း နှစ်ဘာသာဖြင့် ပြည်ပြည်စုံစုံရေးပေးထားသည်။
ဤစာအုပ်ကို လေ့လာခြင်းအားဖြင့် မြန်မာလူမျိုးတို့အတွက် ထိုင်းဘာသာကိုလည်းကောင်း၊ထိုင်းလူမျိုးတို့အတွက် မြန်မာဘာသာကိုလည်းကောင်း အချိန်တိုအတွင်း အလွယ်တကူ သဘောက်ပေါက် သိရှိနိုင်ပေသည်။
စာချစ်သူတို့ ကျန်းမာပျော်ရွှင်သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ
Hnin April စာပေ
09428559494
21/03/2022
📖 တောင်သမန်ရွေအင်းက လေညင်းဆော်တော့
✍️ မြသန်းတင့်
💰 12000
📃 စာမျက်နှာ 690
မြန်မာ့ပဒေသရာဇ်ခေတ် ဆိတ်သုဉ်းပြီး တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့သော ရတနာပုံခေတ်နှောင်း မြန်မာပြည်သမိုင်းကြောင်းကို ရေးသားထားသော စာအုပ်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် အထင်အရှားရှိခဲ့သော သီပေါမင်း၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ မြင်ကွန်းမင်းသား၊ စုဖုရားလတ်၊ တိုင်းတာမင်းကြီး၊ ကာနယ်စလေဒင် အပါအဝင် ဇာတ်ကောင်များ၏ လှုပ်ရှားရွေ့လျားခဲ့သော မှတ်တမ်းတင် ဇာတ်ကွက်ဇာတ်လမ်းများကို ဆရာမြသန်းတင့်မှ ရသမြောက်စွာ မှတ်တမ်းတင် ရေးသားထားခြင်းလည်းဖြစ်သည်။ အောက်မြန်မာပြည်ကို သိမ်းပိုက်ထားသော အင်္ဂလိပ်တို့သည် အထက်မြန်မာပြည် မန္တလေးကို အကြောင်းအမျိုးမျိုးပြလျက် သိမ်းပိုက်ရန်ကြိုးစားခဲ့ပုံများ၊ ကင်းဝန်မင်းကြီး၏ စိတ်ဝင်စားဖွယ်ကောင်းသော ပြုပြင်ပြောင်းလဲရေး စီမံကိန်းများအကြောင်း၊ ညောင်ရမ်းမင်းသားနှင့် မြင်ကွန်းမင်းသားတို့၏ ပုန်ကန်ထကြွမှု၊ မြန်မာ့သမိုင်းတွင် ဂြိုဟ်မွှေခဲ့သော BBTCသစ်ကုမ္ပဏီ၊ ပြင်သစ်နှင့် အင်္ဂလိပ်တို့ သူတို့သြဇာ သက်ရောက်ရောက်ရန် ခြေရှုပ်ကြပုံ၊ စလေဒင် ဆင်ဖြူမရှင်နှင့် ထားဝယ်အရေးအခင်း၊ နောက်ဆုံး မန္တလေးကို သိမ်းပိုက်ပြီး အရှင်နှစ်ပါးကို ကြက်ငှက်များကဲ့သို့ အလွယ်တကူ ဖမ်းဆီးခဲ့ပုံ၊ သီပေါမင်း ရတနာဂိရိသို့ ပါတော်မူပြီးနောက် အိမ်တွင်းရေး အဖြစ်အပျက်များ၊ သီပေါမင်း၏ သားတော် သမီးတော်များအကြောင်း၊ ပဟေဠိဖြစ်နေသည့် ပြည်တန် ပတ္တမြားငမောက်ကိစ္စ၊ ဝန်းသိုနှင့် မြန်မာပြည်အနှံ့ရှိ မြန်မာ့တော်လှန်ရေးသမားများကို အင်္ဂလိပ်တို့ ရက်စက်စွာ နှိပ်နင်းခဲ့ပုံများကို ကွက်ကွက်ကွင်းကွင်း သိမြင်သွားစေမည့် စာအုပ်ဖြစ်သည်။ ခုနှစ်သက္ကရာဇ်၊ ဇာတ်ကောင် ဇာတ်ကွက်၊ အသေးစိတ်အချက်အလက်များ မှန်ကန်တိကျစေရန် ပြည်တွင်းပြည်ပ ကျမ်းကိုးကျမ်းကား မြောက်များစွာကို ရည်ညွှန်းပြုထားသည်ကိုလည်း တွေ့ရသည်။
စာချစ်သူတို့ကျန်းမာပျော်ရွှင်သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
Hnin April စာပေ
09428559494
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon