The Movement Institute - TMI

The Movement Institute - TMI

Share

01/02/2023

“စစ်အုပ်ချုပ်မှုလုံးဝမရှိစေရ-တသံတည်းညီ တချီတည်းရုန်း"

ယနေ့၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့သည် ပြည်သူ့သဘောထားစိတ်ဆန္ဒကိုမျက်ကွယ်ပြုကာ လက်နကိအားကိုးပြီး မတရားစစ်အာဏာသိမ်းခဲ့တာ(၂)နှစ်ပြည့်မြောက်လာပြီပဲဖြစ်ပါတယ်။

လွန်ခဲ့သော(၂)နှစ်ကာလ ယခုလိုအချိန်တွင် မြန်မာပြည်သူလူထုတစ်ရပ်လုံးဖြစ်ပေါ်ခဲ့သော မခံမရပ်နိုင် သောဝမ်းနည်းပူဆွေးမှုသည် ယနေ့ထက်ထိတိုင်ခံစားနေရပါသေးတယ်။အာဏာသိမ်းကာလ (၂)နှစ်ပြည့်မြောက်လာတာနဲ့အတူ စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများကလည်း ရပ်မသွားခဲ့ပါ။ထို(၂)နှစ်တာကာလအတွင်းပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှာရှိကြတဲ့ ပြည်သူလူထုပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်များသည် ရက်စက်စွာပျက်စီးဆုံရှုံးခဲ့ရသည်မှာလည်း မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါတယ်။

ထိုသို့သော မတရားဖိနှိပ်မှုများကို မိမိတို့သည် အောက်ကျို့ခံမနေပဲ ဆက်လက်ပြီးတုံ့ပြန်တိုက်ထုတ်သွားကြရမှာဖြစ်ပါတယ်။ "တသံတည်းချီ တချီတည်းရုန်း" ဆိုသညိ့အတိုင်း စစ်အုပ်ချုပ်မှု၏ ယန္တရားလက်အောက်ကနေ တော်လှန်ရုန်းထွက်ကြဖို့၊ သွေးအေးမ​နေကြဘူးဆိုတာပြသကြဖို့၊ ပြည်သူမှာပြည်သူတွေပဲရှိတယ်ဆိုတဲ့အကြောင်း အားလုံးဆက်လက်တိုက်ထုတ်သွားရမှာဖြစ်ပါတယ်။

"စစ်အုပ်ချုပ်ရေးလုံးဝမရှိစေရ၊ ပြည်သူသာလျှင် ပြည်သူပိုင်သည်” အကြမ်းဖက်ရက်စက်သောစစ်အုပ်စုကို နည်းမျိုးစုံဖြင့် ဆက်လက်တော်လှန်တိုက်ထုတ်သွားကြဖို့ကို ယနေ့ကျရောက်သော ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ(၁)ရက်နေ့ အများပြည်သူအားလုံးပါဝင်နိုင်သော အသံတိတ်သပိတ် (Silent Strike) တွင်ပါဝင်ဆင်နွှဲကြရင်း အဆုံးသတ်တိုက်ပွဲကို ဆက်လက်တော်လှန်သွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

#တသံတည်းညီတချီတည်းရုန်း
#စစ်အုပ်ချုပ်မှုလုံးဝမရှိစေရ

04/01/2023

အမှန်တကယ်စစ်မှန်ပြီး အများပါဝင်နိုင်တဲ့ဒီမိုကရေစီစနစ်ပေါ်ထွန်းလာမယ့် လွတ်လပ်ရေးဆီသို့

ယနေ့ကျရောက်သော (၇၅)နှစ်ပြည့်စိန်ရတုလွတ်လပ်ရေးနေ့သည် မိမိတို့ပြည်သူပြည်သားများအတွက် မြန်မာ့သမိုင်းတွငိသာမက ကမ္ဘာ့သမိုင်းမှာပါကိုလိုနီနယိချဲ့အစိုးရတို့၏ မတရားဖိနှိပ်မှုလက်အောက်မှ အပြီးအပိုင်တော်လှန်တိုက်ခိုက်ပြီး ကမ္မည်းမော်ကွန်းတင်နိုင်ခဲ့သည့် အထင်ကရနေ့ရက်တစ်ရက်ပင်ဖြစ်ပါပေတယ်။

သမိုင်းအစဥ်အလာအရ အထင်ကရနေ့ရက်ဖြစ်ပါသော်များလည်း ၁၉၅၈ခုနှစ်မှစတင်ပြီး မတရားအာဏာသိမ်းသောစစ်အာဏာရှင်တို့၏ စနစ်ဆိုးလက်အောက်သို့ အကြိမ်ကြိမ်ကျရောက်ခဲ့ရပါတယ်။ ထိုခေတ်အဆက်ဆက် ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုတို့နှင့်အတူ ပေါ်ပေါက်မွေးဖွားလာသောမျိုးဆက်အသီးသီးတို့၏ ပြင်းပြသောတော်လှန်ရေးစိတ်ဓါတ်များကို ယနေ့အချိန်အထိမျက်ဝါးမြင်မြင်တွေ့မြင်နိုင်ပါသေးတယ်။

ထို့အတွက် တရားမျှတမှုနှင့်ဒီမိုကရေစီအငွေ့အသက်တို့ကငိးမဲ့နေသော ယနေ့ဇန်နဝါရီလ(၄)ရက်နေ့ လွတ်လပ်ရေးနေ့မှစတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဒီမိုကရေစီလွတ်လပ်မှုနှင့်တရားမျှတမှုအမြန်ဆုံးပြန်လည်ရရှိစေရန် ခေတ်အဆက်ဆက်သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်တော်လှန်တိုက်ထုတ်ကြဖို့ ဆန္ဒပြုတိုက်တွန်းရင်း (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုလိုက်ရပါတယ်။


#၇၅နှစိမြောက်စိန်ရတုလွတ်လပ်ရေးနေ့

14/12/2022

အားလုံးပဲမင်္ဂလာပါ။

The Movement - မြန်မာ့အရွေ့အဖွဲ့အစည်းအနေနဲ့ ကြားကာလပညာရေးအတွင်းလူငယ်လူရွယ်များအားလုံးအတွက် ကာလတိုသင်တန်းများကိုဆက်တိုက်ဖွင့်လှစ်လာပေးခဲ့ရာမှာ ယခုဆိုလျှင် သင်တန်းအပတ်စဉ်(၆)ခုမြောက်သို့ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

လူငယ်လူရွယ်များအတွက်အသိပညာ၊ဗဟုသုတများတိုးပွားစေရန်အတွက်လည်း စကားဝိုင်း၊ဆွေးနွေးပွဲများကို ဆက်တိုက်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ယခုတစ်ဖန်လာမည့် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် "Dignity, Freedom and Justice for Migrant Workers - ရွှေ့ပြောင်းလုပ်သားများအတွက် လူ့ဂုဏ်သိက္ခာ၊လွတ်လပ်မှုနှင့်တရားမျှတမှု" အထူးစကားဝိုင်းလေးကို ကျင်းပပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိနိုင်ငံများတွင် နေရပ်စွန့်ခွာရခြင်း၊ပြောင်းရွေ့နေထိုင်ရခြင်းနှင့်ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့၏ အကျိုးသက်​ေရာက်မှုများသည် နိုင်ငံများအကြားအထင်ရှားဆုံးသော မညီမျှမှုလက္ခဏာများဖြစ်ပါပေတယ်။ရာသီဥတု​ပြောင်းလဲမှုဒဏ်ကို အနည်းဆုံးအကျိုးသက်ရောက်မှုဖြစ်စေသည့်သူများကပင် သဘာဝဘေးဒဏ်ကိုအများဆုံးခံစားရသူများဖြစ်နေပါတယ်။ ထိုရာသီဥတုပြောင်းလဲမှုဒဏ်များကြောင့် ပြောင်းရွေ့နေထိုင်မှုများတွင် ပြည်တွင်းပြောင်းရွှေ့နေထိုင်ခြင်းကပင် နိုင်ငံတွင်း မလုံလောက်သေးသည့်အခြေအနေတစ်ခုသို့ရောက်ရှိလာနေပါတယ်။

လွန်ခဲ့သော(၁၁)နှစ်တာကာလတွင်မိမိတို့အာရှပစိဖိတ်ဒေသ၌ သဘာဝဘေးအန္တရာယ်ကြောင့် ၈၀ရာခိုင်နှုန်းခန့်သော ပြည်တွင်းပြောင်းရွှေ့မှုများဖြစ်ပေါ်ခဲ့ပါတယ်။ ထို "ပြည်တွင်းပြောင်းရွှေ့နေထိုင်လာရသူများ" ကို "စစ်ဘေးဒဏ်၊အကြမ်းဖက်ခံရသူများ၊ နေရပ်မှစွန့်ခွာထွက်ပြေးကြသူများ"ဟု အမျိုးမျိုးခေါင်းစဉ်တပ်ကြတဲ့အပြင် တစ်နိုင်ငံမှတစ်နိုင်ငံ၊ နယ်စပ်မှဖြတ်ကျော်လာရသူများကို နိုင်ငံတကာနှင့်ပြည်တွင်းကပါ "စစ်ဘေးရှောင်ဒုက္ခသည်များ" ဟု သတ်မှတ်လာနေကြပါတယ်။

နေရာပြောင်းရွေ့မှုများကိုဖြစ်ပေါ်စေသောအ​ခြေအနေများတွင် နိုင်ငံရေးအရတွန်းပို့မှုများကလည်းပါဝင်နေသောကြောင့် သဘာဝပတ်ဝန်းကျင်အကျိုးသက်ရောက်မှုများကပိုမိုခက်ခဲလာရပါတယ်။လက်ရှိစစ်တမ်းများအရ အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံမဲ့လူဦးရေ (၁)ဒသမ(၂)သန်းရှိနေပြီး ၄င်းအရေအတွက်သည်ကမ္ဘာ့နိုင်ငံမဲ့လူဦးရေ၏ (၁၀)ရာခိုင်နှုန်းခန့်ဖြစ်နေပါတယ်။
ထို့ကြောင့်လက်ရှိရွှေ့ပြောင်းလုပ်သားများရဲ့အခက်အခဲပြဿနာများဖြစ်တဲ့ ပြန်လည်နေရာချထားရေးများလုပ်ငန်းစဉ်များကို အထူးကြိုးပမ်းဆောင်ရွက်ပေးရန်လိုအပ်နေပါတယ်။ကမ္ဘာ့နိုင်ငံတိုင်း၏ဒေသတွင်းသဘာဝပတ်ဝန်းကျင်ဒဏ်ရိုက်ခတ်မှုများအပြင် တခြားသောထိခိုက်ပြောင်းလဲလာတဲ့ လူမှုအသိုင်းအဝိုင်းများအကြား သက်ရောက်မှုများကိုလည်းအဖြေရှာသွားကြရမှာဖြစ်ပါတယ်။

ဤအထူးစကားဝိုင်းလေးတွင် နိုင်ငံတကာ အလုပ်သမားပြောင်းရွေ့မှုများ၊ ပဋိပက္ခများ၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုများအပြင် ကျား၊မရေးရာကိစ္စရပ်များ၊ လူမှုမညီမျှမှုများနှင့် ဆက်စပ်ပြီး ရွေ့ပြောင်းလုပ်သားများအတွက် လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့်တရားမျှတမှု ရှုထောင့်မှ ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။

ယခုအထူးစကားဝိုင်းလေးကို ပါမောက္ခ ဒေါက်တာ စုယဉ်ထွန်းမှဆွေးနွေးပြောပြပေးသွားမှာဖြစ်ပြီးတော့ ဆရာမသည် Human Right Law, Constitutional နှင့် Administrative Law, Environmental laws တို့တွင် များစွာသောစာသင်ကြားခြင်းအတွေ့အကြုံများရှိပါတယ်။ ဆရာမအနေနဲ့ ၂၀၁၈ခုနှစ်၊ အမေရိကန်နိုင်ငံ၊ Columbia University တွင် US-ASEAN Fulbright Scholarship ကိုရရှိထားသူတစ်ဦးဖြစ်ပြီး ၂၀၁၉ခုနှစ်၊ စင်ကာပူနိုင်ငံ ASLI Research Fellowship Program တွင်လည်းတက်ကြွစွာပါဝင်ဖို့ ရွေးချယ်ခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။
ဆရာမသည် သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုးမှုကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်များအကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုကို ဥပဒေဆိုင်ရာနည်းနာများဖြင့်ကာကွယ်ခြင်းအကြောင်း၊ ရွှေမန္တလေးရှိ ယဥ်ကျေးမှုနှင့်ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအကြောင်း၊ ယခု Covid-19 မူဝါဒဆိုင်ရာ ပေါ်လီစီများကြောင့် တွေ့ကြုံရသောအကျိုးဆက်များအကြောင်း၊ နိုင်ငံသားတိုင်းရဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များနှင့် ဥပဒေရေးရာအခွင့်အရေးများအကြောင်း စသည်အကြောင်းအရာများနှင့်ဆက်စပ်၍ ကိုယ်ပိုင် သုတေသနပြုလုပ်၍ စာတမ်းထုတ်ဝေခြင်းများစွာလည်း ပြုလုပ်ထားတဲ့ဆရာမတစ်ဦးဖြစ်ပါတယ်။

ယခု "Dignity, Freedom and Justice for Migrant Workers - ရွှေ့ပြောင်းလုပ်သားများအတွက် လူ့ဂုဏ်သိက္ခာ၊လွတ်လပ်မှုနှင့်တရားမျှတမှု" အထူးစကားဝိုင်းလေးကို ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၁၈)ရက်နေ့၊ ညနေ(၄)နာရီမှာ စတင်ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပြီးတော့ ပါဝင် တက်ရောက်ချင်သူများအနေနဲ့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့၊ည(၁၂)နာရီအထိအောက်ပါလင့်ခ်လေးတွင် နောက်ဆုံးထားစာရင်းပေးသွင်းနိုင်မှာပဲဖြစ်ပါတယ်။

Registration Link :
https://forms.gle/yKxxvvJ7X6iscerLA

အထူးစကားဝိုင်းတွင် ပါဝင်တက်ရောက်ခွင့်ရရှိသူများအတွက် Zoom Meeting Link များကို
ပွဲမစတင်မှီမနက်ပိုင်းတွင် Email ကနေတစ်ဆင့်ပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။

14/12/2022

Arizona State University နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်းကာဖွင့်လှစ်မည့် ရက်တိုသင်တန်းများအတွက် ကျောင်းသား(၃၀) ကို ပညာသင်ဆုများ ပေးအပ်သွားမည်။

ကျောင်းသား၊လူငယ်များနှင့် မိဘပြည်သူအပေါင်းတို့ခင်ဗျာ…

ပြီးခဲ့သော ရက်ပိုင်းအတွင်း ကြိုတင်ကြေညာခဲ့သည့်အတိုင်း နွေဦးတက္ကသိုလ် နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိထားတဲ့ မိတ်ဖက် တက္ကသိုလ်တစ်ခုအား ဖော်ပြပေးလိုပါတယ်။

နွေဦးတက္ကသိုလ်အနေဖြင့် Arizona State University: The Asia Center နှင့် တရားဝင် ချိတ်ဆက်ညှိနှိုင်းပြီး မြန်မာကျောင်းသားများအတွက် ခရက်ဒစ်ရယူနိုင်သော ရက်တို၊ သင်တန်းများအား စတင်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေညာလိုပါတယ်။

ပထမဦးဆုံးအနေဖြင့် ဖွင့်လှစ်မယ့် ရက်တိုသင်တန်းမှာ Arizona State University: The Asia Center မှ ပို့ချသွားမှာဖြစ်ပြီး တက်ရောက်ခွင့်ရရှိသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသား/သူ၊ လူငယ် (၃၀) အတွက် ပညာသင်ဆုများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Arizona State University: The Asia Center မှ ဖွင့်လှစ်မယ့် သင်တန်းအစ၊ဆုံးကို အွန်လိုင်းဖြင့် ပို့ချသွားမှာဖြစ်ပြီး ပညာသင်ဆုဖြင့် တက်ရောက်လိုသော လူငယ်များအနေဖြင့် ဖော်ပြထားတဲ့ Google Form ကို အချက်အလက် မှန်ကန်စွာ ဖြည့်ရပါမယ်။

၎င်း Form မှ တစ်ဆင့် လျှောက်ထားသူများစွာထဲမှ ကျောင်းသား အယောက် (၃၀) တိတိကို ရွေးချယ်သွားမှာဖြစ်ပြီး ထို ကျောင်းသားများမှာ Foundation of Earned Admission (EA) အတန်းကို ဦးစွာ တက်ရောက်ရမှာပါ။

ထို့ Foundation of Earned Admission (EA) အတန်းကို အောင်မြင်သူ ကျောင်းသားများသာ နွေဦးတက္ကသိုလ်နှင့် Arizona State University: The Asia Center မှ သင်ကြားပို့ချသွားမယ့် တန်းခွဲ (၃) ခုဖြစ်တဲ့

CIS105 - Online Computer Science
SOC101 - Online Sociology
SST220 - Online Social Transformation တို့ကို ပညာသင်ဆုဖြင့် တက်ရောက်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

အကယ်၍ ၎င်းသင်တန်း (၃) ခုကို တက်ရောက်ပြီး ထူးချွန်စွာ အောင်မြင်သူများက
Arizona State University: The Asia Center မှ ပေးအပ်တဲ့ College Credit- ကောလိပ် ခရက်ဒစ်များကို ရရှိသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

ထိုကဲ့သို့ ကျောင်းသား/သူများ Credit များဖြင့် ထူးချွန်စွာ အောင်မြင်နိုင်ဖို့အတွက် နွေဦးတက္ကသိုလ်မှ တာဝန်ရှိသူများက အပတ်စဥ် သင်ခန်းစာများကို ပြန်လည်ဆွေးနွေးပေးမယ့် Mentoring Session ပါ ထည့်သွင်းပေးသွားဦးမှာဖြစ်လို့ စာမလိုက်နိုင်မှာ စိုးရိမ်စရာ မလိုတော့ပါဘူး။

လျှောက်ထားပုံ အဆင့်ဆင့်-

(1) လျှောက်ထားလိုသူ မည်သူမဆို ယခုဖော်ပြထားသော Google Form မှ အချက်အလက်များကို မှန်ကန်စွာ ဖြည့်ပေးရပါမယ်။
Google Form Link- https://forms.gle/zJEfPRvCLRU3nTEJ6

(2) ထိုကဲ့သို့သော မြောက်များစွာသော လူငယ်များထဲမှ အယောက် (၃၀) တိတိကို “Foundation of Earned Admission (EA)” တက်ရောက်နိုင်ရန်အတွက် နွေဦးတက္ကသိုလ်မှ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

(3) ထိုကျောင်းသား (၃၀) မှာ Arizona State University: The Asia Center မှ ကောလိပ် ခရက်ဒစ် ရရှိနိုင်မယ့် သင်တန်း (၃)ခုကို ပညာသင်ဆု အပြည့်ဖြင့် တက်ရောက်နိုင်မှာဖြစ်ပါတယ် ခင်ဗျာ။

ဒါ့ကြောင့် ယခုလိုအခွင့်အရေးကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသား၊လူငယ်များအားလုံး လက်မလွတ်တမ်းရယူကြဖို့ နွေဦးတက္ကသိုလ်မှ တိုက်တွန်းလိုပါတယ်။

နောက်ထပ်လည်း ကျောင်းသား/သူများအတွက် အကျိုးရှိစေမယ့် ပညာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို ပြုလုပ်သွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ပေးကြပါဦး ခင်ဗျာ။

08/12/2022

အားလုံးပဲမင်္ဂလာပါ။

The Movement Institute - TMI ကနေ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးတော့မယ့် "နိုင်ငံဖြတ်​ကျော်၍ဖြစ်ပေါ်လာသောကိစ္စရပ်များတွင် စီမံအုပ်ချုပ်မှု - Transnational Governance" သင်တန်းလျှောက်လွှာပိတ်ရန် နာရီအနည်းငယ်မျှသာ လိုတော့တဲ့အကြောင်းကို အသိပေးလိုပါတယ်။

ထို့အတွက် သင်တန်းလေးကိုစိတ်ပါဝင်စားတက်ရောက်လိုသူများအနေဖြင့် ယနေ့ည ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၈)ရက်နေ့၊ ည(၁၂)နာရီအထိ နောက်ဆုံးထားအပ်နှံသွားလို့ရမှာဖြစ်ပြီး အောက်ပါလင့်ခ်တွင် အမြန်ဆုံးစာရင်းပေးသွင်းထားနိုင်မှာပဲဖြစ်ပါတယ်။
Registration Link: https://forms.gle/XSJsiGKSTs552WVU8

သင်တန်းအချိန်များကတော့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့အထိ သင်တန်းကာလ(၆)ပတ်ကြာ တက်ရောက်သင်ယူသွားရမှာဖြစ်ပြီး အပတ်စဥ် စနေနေ့နှင့်တနင်္ဂနွေနေ့ မနက်(၁၀)နာရီမှ(၁၂)နာရီအထိဖြစ်ပါတယ်။
သင်တန်းကြေးအတွက် ကျောင်းသားတစ်ဦးစာ မြန်မာငွေ (၃၅,၀၀၀) ကျပ်ကျသင့်မှာဖြစ်ပါတယ်။

"နိုင်ငံဖြတ်​ကျော်၍ဖြစ်ပေါ်လာသောကိစ္စရပ်များတွင် စီမံအုပ်ချုပ်မှု - Transnational Governance" သင်တန်းတွင်ပါဝင်သော အသေးစိတ်အကြောင်းအရာများကို အောက်ပါလင့်ခ်တွင်လေ့လာနိုင်မှာဖြစ်ပြီးတော့....
https://m.facebook.com/story.php?story_fbid=173698948596624&id=100078695606472
သင်တန်း၏စီမံအုပ်ချုပ်မှုပညာရပ် အရေးပါမှုအခန်းကဏ္ဍကို အောက်ပါလင့်ခ်တွင်ဝင်ရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
https://m.facebook.com/story.php?story_fbid=174668478499671&id=100078695606472

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို သင်တန်းမစတင်မှီမှာရွေးချယ်သွားမှာဖြစ်ပြီး Email ကနေတစ်ဆင့် အကြောင်းကြားပေးသွားမှာဖြစ်လို့ လျှောက်ထားသူများအနေဖြင့် မိမိ၏ Spam Mail ကိုစစ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ Email ရရှိထားသူများအနေဖြင့် Email တွင်ပါဝင်သော Telegram Channel ကို Subscribe ပြုလုပ်၍ သင်တန်းအပ်နှံခြင်း၊ သင်တန်းအတွက် ငွေချေခြင်းကိစ္စများ ဆက်လက်ပြုလုပ်နိုင်ကြောင်းကိုလည်း အသိပေးလိုပါတယ်။

TMI မှရရှိသောသင်တန်းကြေးများကို CDM ပြည်သူ့ဝန်ထမ်းများ၊ IDP စစ်ဘေးရှောင်ပြည်သူများနဲ့ တခြားလိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးလျက်ရှိပါတယ်။ မြန်မာ့အရွေ့မှပြုလုပ်နေသော Activity များ၊ TMI သင်တန်းများအကြောင်း ပိုမိုသိရှိလိုပါက The Movement Institute Telegram Channel ဖြစ်သော () သို့ လာရောက်မေးမြန်းနိုင်ပါတယ်။

07/12/2022

Statement Regarding Death Sentences Against Seven Students from Dagon University

02/12/2022

အားလုံးပဲမင်္ဂလာပါ။
The Movement Institute - TMI မှ မနက်ဖြန် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးသွားတော့မယ့် "နိုင်ငံဖြတ်ကျော်၍ဖြစ်ပေါ်လာသောကိစ္စရပ်များတွင် စီမံအုပ်ချုပ်မှု - Transnational Governance" သင်တန်းလေးအား စိတ်ပါဝင်စားမှုများပြားသောကြောင့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်နေ့သို့ ပြောင်းရွေ့ဖွင့်လှစ်ပေးသွားမယ့်အကြောင်းကိုအသိပေးသွားလိုပါတယ်။

ယခုသင်တန်းလေးကို ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၈)ရက်နေ့၊ ည(၁၂)နာရီအထိ နောက်ဆုံးထားအပ်နှံသွားလို့ရမှာဖြစ်ပြီး ပါဝင်တက်ရောက်ချင်သူများအနေနဲ့ အောက်ပါလင့်ခ်တွင်စာရင်းပေးသွင်းနိုင်မှာပဲဖြစ်ပါတယ်။
Registration Link: https://forms.gle/XSJsiGKSTs552WVU8

သင်တန်းအချိန်များကတော့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့အထိ သင်တန်းကာလ(၆)ပတ်ကြာ တက်ရောက်သင်ယူသွားရမှာဖြစ်ပြီး အပတ်စဥ် စနေနေ့နှင့်တနင်္ဂနွေနေ့ မနက်(၁၀)နာရီမှ(၁၂)နာရီအထိဖြစ်ပါတယ်။
သင်တန်းကြေးအတွက် ကျောင်းသားတစ်ဦးစာ မြန်မာငွေ (၃၅,၀၀၀) ကျပ်ကျသင့်မှာဖြစ်ပါတယ်။

ယခု"နိုင်ငံဖြတ်​ကျော်၍ဖြစ်ပေါ်လာသောကိစ္စရပ်များတွင် စီမံအုပ်ချုပ်မှု - Transnational Governance" သင်တန်းတွင်ပါဝင်သော အသေးစိတ်အကြောင်းအရာများကို အောက်ပါလင့်ခ်တွင်လေ့လာနိုင်မှာဖြစ်ပြီးတော့....
https://m.facebook.com/story.php?story_fbid=173698948596624&id=100078695606472
သင်တန်း၏စီမံအုပ်ချုပ်မှုပညာရပ် အရေးပါမှုအခန်းကဏ္ဍကို အောက်ပါလင့်ခ်တွင်ဝင်ရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
https://m.facebook.com/story.php?story_fbid=174668478499671&id=100078695606472
သင်တန်းတက်ရောက်ခွင့်ရရှိသူများကို သင်တန်းမစတင်မှီမှာရွေးချယ်သွားမှာဖြစ်ပြီး Email ကနေတစ်ဆင့် အကြောင်းကြားပေးသွားမှာဖြစ်လို့ လျှောက်ထားသူများအနေဖြင့် မိမိ၏ Spam Mail ကိုစစ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ Email ရရှိထားသူများအနေဖြင့် Email တွင်ပါဝင်သော Telegram Channel ကို Subscribe ပြုလုပ်၍ သင်တန်းအပ်နှံခြင်း၊ သင်တန်းအတွက် ငွေချေခြင်းကိစ္စများ ဆက်လက်ပြုလုပ်နိုင်ကြောင်းကိုလည်း အသိပေးလိုပါတယ်။

TMI မှရရှိသောသင်တန်းကြေးများကို CDM ပြည်သူ့ဝန်ထမ်းများ၊ IDP စစ်ဘေးရှောင်ပြည်သူများနဲ့ တခြားလိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးလျက်ရှိပါတယ်။ မြန်မာ့အရွေ့မှပြုလုပ်နေသော Activity များ၊ TMI သင်တန်းများအကြောင်း ပိုမိုသိရှိလိုပါက The Movement Institute Telegram Channel ဖြစ်သော () သို့ လာရောက်မေးမြန်းနိုင်ပါတယ်။

Want your university to be the top-listed University in Yangon?
Click here to claim your Sponsored Listing.

Address


Yangon