KAUNG HTIKE GROUP
23/05/2025
JUNE 1 Open Mobile Hardware Training
11/04/2025
#ကိုယ်ကျိုးရှာတဲ့သူက ကိုယ်ကျိုးရှာမှာပဲ၊
အာဏာပြတတ်တဲ့သူက အာဏာပြမှာပဲ၊
လိမ်ညာတတ်တဲ့သူက လိမ်ညာမှာပဲ၊
တစ်ကိုယ်ကောင်းဆန်တဲ့သူက တစ်ကိုယ်ကောင်းဆန်မှာပဲ၊
ကောက်ကျစ်တဲ့သူက ကောက်ကျစ်မှာပဲ၊
ရိုင်းစိုင်းတဲ့သူက ရိုင်းစိုင်းမှာပဲ၊
ယုတ်မာတဲ့သူက ယုတ်မာမှာပဲ ၊
ရက်စက်တဲ့သူက ရက်စက်မှာပဲ၊
သူတို့ရဲ့ အပြုအမူတွေဟာ ကိုယ့်ကြောင့် မဟုတ်ဘူး၊
ဘယ်သူ့ကြောင့်မှလဲမဟုတ်ဘူး၊
သူတို့ဟာ သူတို့အလုပ် သူတို့လုပ်နေကြတာပဲ။
သူတို့နဲ့ တွေ့တဲ့အခါ
"ငါ့ကိုမှဘာလို့ ဒီလိုလုပ်ရတာလဲ" “ ငါလဲသူ့အပေါ်မှာကောင်းခဲ့တာပဲ”
လို့ ခံစားမိရင် ၊ တွေးပြီး နာကျင်နေရင်
အဲဒါ မှားနေတာပဲ။
ပြောရမယ်ဆိုရင်
သူတို့ရဲ့ အပြုအမူတွေဟာ ကိုယ့်ကို ရည်ရွယ်ပြီး လုပ်နေတာ မဟုတ်ဘူး၊
ကိုယ့်မို့လုပ်တာလဲမဟုတ်ဘူး၊
သူတို့အလုပ်ကိုသူတို့ပျော်ပျော်ကြီး လုပ်နေကြတာပါ။
ဒီတော့ အဲလိုလူမျိုးတွေနဲ့ကြုံတွေ့တဲ့အခါ ပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်းတွေက
၁။ အရင်ဆုံးသူတိုကြောင့်ဖြစ်လာတဲ့ ပြဿနာတွေကို ချက်ချင်း ဖြေရှင်းလိုက်ပါ။
၂။ ကိုယ့်ရဲ့ အခွင့်အရေးကို ကာကွယ်ပါ။
၃။ စိတ်တည်ငြိမ်အောင် နေပါ။
၄။ ရန်လိုပြီး ပြန်မတုံ့ပြန်ပါနဲ့။
၅။ အချို့ကိစ္စတွေကိုတော့ သူတို့နဲ့ ပွင့်ပွင့်လင်းလင်း ပြောကြည့်ပါ။
သူတို့နဲ့ရှောင်ဖို့နည်းလမ်းတွေက
၁။ ဒီလိုလူမျိုးတွေနဲ့ နောက်ထပ် မတွေ့အောင် နည်းလမ်းရှာပါ။
၂။ ကိုယ်နဲ့သူတို့ကြား စည်းတွေ သတ်မှတ်ထားပါ။
၃။ ကိုယ့်ရဲ့ အချိန်နဲ့ စွမ်းအားကို သူတို့ဆီ မပေးလိုက်ပါနဲ့။
၄။ ကိုယ့်အပေါ်မှာကောင်းတဲ့သူတွေနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးတွေမှာ အချိန်ပေးပါ။
၅။ ကိုယ့်ရဲ့ တန်ဖိုးနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အာရုံစိုက်ပါ။
တစ်ခုပြောချင်တာက
ကိုယ်က တခြားသူတွေရဲ့ အပြုအမူကို ပြောင်းလဲပေးဖို့ မွေးဖွားလာတာမဟုတ်ဘူး
ဒါပေမယ့်
ကိုယ်သူတို့နဲ့ပတ်သတ်ပြီး ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကိုတော့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။
စိတ်ထားမကောင်းတဲ့သူတွေကကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးတာကိုတော့မခံပါနဲ့၊
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုက အရေးကြီးဆုံးပဲ။
ကိုယ်လဲ စိတ်ထားမကောင်းတဲ့သူမဖြစ်အောင်ကြိုးစားဖို့လိုတယ်။
ဥာဏ်လင်းအောင်
Unlock Your Futures
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
Yangon
11040