Computer Knowledge Bank

Computer Knowledge Bank

Share

Photos from Computer Knowledge Bank's post 29/09/2022

😇😇😇 အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 😇😇😇
__
🙏 မြန်မာပြည်သူပြည်သားအားလုံး ယခုကြုံတွေ့နေရသော အခက်အခဲများမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။🙏🦯🦯အမြင်အာရုံ မသန်စွမ်း ညီအစ်ကို မောင်နှမများ၊ အကြောင်းအမျိုးမျိုးကြောင့်အမြင်အာရုံချို့ယွင်း/အားနည်းသွားကြသော ညီအစ်ကိုမောင်နှမများ မိမိဖွင့်လှစ်ထားသော ကွန်ပျူတာ သင်တန်းများတွင် အမြင်အာရုံ မသန်စွမ်းသူများပါ ထည့်သွင်းသင်ကြားပေးနိုင်ရန်အတွက် စီစဉ်နေသော ဆရာ/မများ အတွက်ရည်ရွယ်၍ 🏫 Computer Knowledge Bank (CKB) မှ NVDA screen reader အသုံးပြုနည်းသင်တန်းအား အခမဲ့ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဤသင်တန်းတွင် NVDA screen reader အား အခြေခံမှစ၍ အဆင့်မြင့် အသုံးပြုနိုင်သည့်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ သင်တန်းကို NVDA Expert 2022 လက်မှတ်ရရှိထားသော သူများမှ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းကို တက်ရောက်လိုသူများအနေနှင့် computer အခြေခံအသုံးပြုနည်းကို တက်မြောက်ထားသူဖြစ်ရပါမယ်။ သင်တန်းကို အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရပါမယ်။
ရရှိနိုင်သော အကျိုးကျေးဇူးများ
သင်တန်းတက်မြောက်ပြီးပါက NVDA Screen Reader ကို စနစ်တကျ အသုံးပြုလာနိုင်ခြင်း
NVDA Expert 2022 exam အား ဝင်ရောက်ဖြေဆိုလိုပါက များစွာအထောက်အကူပြုခြင်း
NVDA Community Add-ons အကြောင်း ကောင်းစွာသိရှိလာပြီး အသုံးပြုလာနိုင်ခြင်း
အမြင်အာရုံမသန်စွမ်းသူများကို ပြန်လည် သင်ကြားပေးနိုင်ခြင်း/ အမြင်အာရုံသန်စွမ်းသူများကိုလည်း NVDA အသုံးပြု၍ မိမိ၏ အခက်အခဲများကို လျှင်မြန်တိကျစွာ ကြည့်ရှုပေးနိုင်ရန် အထောက်အကူပြုခြင်း
အမြင်အာရုံသန်စွမ်းသူများကို မိမိတက်မြောက်ထားသော computer ပညာရပ်များကို ပြန်လည်မျှဝေလာနိုင်ခြင်း
NVDA Add-On များကို အသုံးခြပြီး computer service ပေးနိုင်ခြင်း
NVDA Add-On များကို Develop လုပ်နိုင်ရန် အထောက်အကူပြုခြင်း
📅📅သင်တန်းကာလ၊ နေ့ရက်နှင့် သင်ကြားမည့်ပုံစံ
သင်တန်းမှာ ၁၀ရက် ကြာမြင့်မှာ ဖြစ်ပြီး
သင်တန်းအချိန်မှာ အောက်တိုဘာလ ၅ရက်နေ့မှစ၍ နံနက် (၁၀:၀၀) နာရီမှ ၁၁:၀၀ နာရီအထိ နေ့စဉ် တစ်နေ့လျှင် တစ်နာရီခန့်ဖြင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ သင်တန်းကို Zoom meeting software အသုံးပြုပြီး Online ကနေ တိုက်ရိုက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
®️သင်တန်းတက်ရောက်လိုသူများသည် အမည်၊ ဖုန်းနံပါတ်၊ E-mail လိပ်စာ၊ တို့ကို phone 09792822674၊ 09252258771၊ 09778408933 သို့ဖုန်းဆက်၍ ဖြစ်စေ၊ Page messenger မှဖြစ်စေ၊ အောက်တိုဘာလ ၃ရက် တနင်္လာနေ့ နောက်ဆုံးထား၍ ®️စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

28/09/2022

😇😇😇 အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 😇😇😇
__
🙏 မြန်မာပြည်သူပြည်သားအားလုံး ယခုကြုံတွေ့နေရသော အခက်အခဲများမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။🙏🦯🦯အမြင်အာရုံ မသန်စွမ်း ညီအစ်ကို မောင်နှမများ၊ အကြောင်းအမျိုးမျိုးကြောင့်အမြင်အာရုံချို့ယွင်း/အားနည်းသွားကြသော ညီအစ်ကိုမောင်နှမများ မိမိဖွင့်လှစ်ထားသော ကွန်ပျူတာ သင်တန်းများတွင် အမြင်အာရုံ မသန်စွမ်းသူများပါ ထည့်သွင်းသင်ကြားပေးနိုင်ရန်အတွက် စီစဉ်နေသော ဆရာ/မများ အတွက်ရည်ရွယ်၍ 🏫 Computer Knowledge Bank (CKB) မှ NVDA screen reader အသုံးပြုနည်းသင်တန်းအား အခမဲ့ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဤသင်တန်းတွင် NVDA screen reader အား အခြေခံမှစ၍ အဆင့်မြင့် အသုံးပြုနိုင်သည့်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
သင်တန်းကို တက်ရောက်လိုသူများအနေနှင့် computer အခြေခံအသုံးပြုနည်းကို တက်မြောက်ထားသူဖြစ်ရပါမယ်။ သင်တန်းကို အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရပါမယ်။
📅📅သင်တန်းကာလ၊ နေ့ရက်နှင့် သင်ကြားမည့်ပုံစံ
သင်တန်းမှာ ၁၀ရက် ကြာမြင့်မှာ ဖြစ်ပြီး
သင်တန်းအချိန်မှာ အောက်တိုဘာလ ၅ရက်နေ့မှစ၍ နံနက် (၁၀:၀၀) နာရီမှ ၁၁:၀၀ နာရီအထိ နေ့စဉ် တစ်နေ့လျှင် တစ်နာရီခန့်ဖြင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ သင်တန်းကို Zoom meeting software အသုံးပြုပြီး Online ကနေ တိုက်ရိုက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
®️သင်တန်းတက်ရောက်လိုသူများသည် အမည်၊ ဖုန်းနံပါတ်၊ E-mail လိပ်စာ၊ တို့ကို phone 09792822674၊ 09252258771၊ 09778408933 သို့ဖုန်းဆက်၍ ဖြစ်စေ၊ Page messenger မှဖြစ်စေ၊ အောက်တိုဘာလ ၃ရက် တနင်္လာနေ့ နောက်ဆုံးထား၍ ®️စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

03/06/2022

Computer Performance Maintaining (Part2)

ကွန်ပျူတာအသုံးပြုသူများသည် မိမိ ကွန်ပျူတာအား ပုံမှန်သန့်ရှင်းရေးလုပ်ရန် လိုအပ်ပါတယ်။ ထိုသို့ လုပ်ရာတွင် ပထမအဆင့်အနေနှင့် သန့်ရှင်းရေးလုပ်ရမည့် နည်းလမ်းများကို ပထမပိုင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မိမိကွန်ပျူတာအား ပုံမှန်သန့်ရှင်းရေးမလုပ်ပါက Windows တက်ရာတွင် ကြာခြင်း၊ ကွန်ပျူတာအသုံးပြုရာတွင် လေးလန်လာခြင်းတို့ ဖြစ်တက်ပါတယ်။ ဒီတစ်ခါမှာတော့ မိမိကွန်ပျူတာတွင် disk cleanup ပြုလုပ်နည်း အဆင့်ဆင့်အား ပြောပြပေးသွားမှာဖြစ်ပါတယ်။ ပြောပြတဲ့ အကြောင်းအရာများဟာ မိမိတို့အတွက် အထောက်အကူပြုတယ်ဆိုရင် ကျွန်တော်တို့ page လေးကို like, Follow and share လုပ်ပေးသွားဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။

Disk cleanup ပြုလုပ်မယ်ဆိုရင်
ပထမအဆင့်အနေနှင့် runbox ကို win+R ဖြင့်ခေါ်ပါ။
Run dialog ကျလာပါက cleanmgr ဟုရေး၍ enter ခေါက်ပါ။

ဒုတိယအဆင့်အနေနှင့် Drives: combo box OS (C:) collapsed Alt+d နေရာတွင် မိမိ လုပ်လိုသော Drive column အား ရွေးပါ။
ထို့နောက် Ok ကို ရှာ၍ Enter ခေါက်ပါ။

တတိယအဆင့်အနေနှင့် Files to delete: list focused Alt+f နေရာတွင် မိမိ ဖျတ်လိုသော နေရာများပေါ်တွင် အမှန်ခြစ် လုပ်ပါ။
ထို့နောက် OK button ကို ရှာ၍ Enter ခေါက်ပါ။
System files များပါရှင်းလိုလျှင် Clean up system files button Alt+s ကို Ok မပေးမှိတွင် နှိပ်၍ ခဏစောင့်ပါ။
ထို့နောက် Drive column ရွေးသည့် နေရာသို့ ပြန်ရောက်လာပါလိမ့်မည်။ ထိုနေရာသို့ရောက်လျှင်ဒုတိယ အဆင့်ပုံစံမျိုးအတိုင်း လုပ်ဆောင်ပါ။
ထို့နောက် Ok ပေးပြီး တတိယ အဆင့်အတိုင်း ထပ်မံလုပ်ဆောင်ပါ။ ထို့နောက် Ok ပေးပါ။
စတုတ္ထအဆင့်တွင် Are you sure you want to permanently delete these files? ဆိုသည့် dialog ကျလာပါလိမ့်မည်။ ထိုအခါ OK button ကို နှိပ်ပါက သန့်ရှင်းရေးလုပ်သွားပါမည်။ Cancel button အားနှိပ်ပါက သန့်ရှင်းရေးမလုပ်တော့ပဲ software ထဲမှ ပြန်လည် ထွက်သွားမည်ဖြစ်သည်။

မြန်မာပြည်သူ/သားအးလုံး ယခုကြုံနေရသော အခက်အခဲများမှ အမြန်ဆုံး ကျော်လွှားနိုင်ပြီး အစစအရာရာ အဆင်ပြေကြပါစေ။

06/05/2022

Making Partation for PC
window key + r ဖြင့် runbox သို့သွားပါ။ ပြီးလျှင် diskmgmt.msc ကိုရေးပြီး enter ကိုနှိပ်ပါ။
ပြီးလျှင် tab key ဖြင့် list view ကိုရှာပါ။
ပြီးလျှင် partation လုပ်လိုသည့် volume သို့မဟုတ် column ကို downarrow key ဖြင့်ရှာပါ။
ပြီးလျှင် right click သို့မဟုတ် application key ကိုနှိပ်ပြီး shrink volume ကို up arrow key ဖြင့်ရှာ၍ enter ကိုနှိပ်ပါ။
ပြီးလျှင် amount of shrink MB ဆိုပြီး edit box ကိုတွေ့ရပါမယ်။
ထို box တွင် partation လုပ်လိုသည့် amount ကို MB ဖြင့်ရေးပါ။
ဥပမာ 1Gb ကို ထားလိုလျှင် 1024 သို့မဟုတ် 1000 ဟု အနီးဆုံးယူ၍ တွက်နိုင်ပါသည်။
ပြီးလျှင် tab key ဖြင့် shrink button ကိုရှာပြီး enter ကိုနှိပ်ပါ။
ထို့နောက် tab key ဖြင့် graphical view table သို့သွားပါ။
ပြီးလျှင် arrow key များသုံးပြီး Disk 0 list item Capacity: ကိုရှာပါ။
ပြီးလျှင် shrink လုပ်ခဲ့သည့် column ကို right arrow ဖြင့်ရှာပါ။

ပြီးလျှင် right arrow key တစ်ချက်ထက်နှိပ်ပြီး right click နှိပ်၍ new simple volume ကို up (or) down arrow key ဖြင့်ရှာပါ။
ထို့နောက် enter ကိုနှိပ်ပြီး tab key ဖြင့် next ကိုရှာပြီး space ကိုနှိပ်ပါ။
နောက်အဆင့်တွင်လည်းထိုသို့ next ပေးပါ။
ပြီးလျှင် drive letter တွင် ထားလိုသည့် letter ကို up (or) down arrow key ဖြင့်ရွေးပါ။
ပြီးလျှင် next ဆက်ပေးပါ။
ထို့နောက် volume label တွင် ပေးလိုသည့် name ကိုပေးပြီး next ဆက်ပေးပါ။
နောက်အဆင့်များတွင်လည်း next ဆက်ပေးပြီး next မရှိတော့လျှင် finish ကိုပေးပါက partation ရပါပြီခင်ဗျာ။
shrink လုပ်ပြီးမှမလုပ်လိုလျှင်လည်း extend လုပ်ပြီးပြန်ပေါင်းနိုင်ပါတယ်။
extend ပြုလုပ်နည်းကို နောက်ပို့စ်မှာ ဆက်လက်တင်ပေးသွားပါမယ်ခင်ဗျာ။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00