Glory Win
Feel free to come to CB for more information anytime!
02/12/2022
**e_သောက်တာက_ဆေးလိပ်လိုအန္တရာယ်မရှိဘူးမလား
#မီးခိုးငွေ့လည်းမထွက်တော့_ဘေးကလူတွေလည်း_အန္တရာယ်မဖြစ်ဘူးထင်တယ်
**ng (e-cigarette Smoking)
Cigarette သောက်ခြင်းကနေ ကင်ဆာရောဂါမျိုးစုံအပါအဝင် သွေးတိုးရောဂါ၊ အဆုတ်ပွရောဂါ ၊ လေဖြတ်ခြင်း ၊ နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ခြင်း စတဲ့ရောဂါတွေဖြစ်သလို
Cigarette သောက်နေတဲ့သူ မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ရှူခြင်းကနေလည်း ဆေးလိပ်သောက်တဲ့သူနှင့်တန်းတူ အထက်ပါရောဂါတွေ အစုံဖြစ်တတ်တယ်ဆိုတာ ကျွန်တော်တို့ သိပြီးဖြစ်ကြပါတယ်။
အခု လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားထဲ မှာ ခေတ်စားလာတာကတော့ e-cigarette ဒါမှမဟုတ် V**e သောက်ခြင်းပါပဲ။
#မေးစရာရှိလာတာက_e_cigarette_သောက်တာအန္တရာယ်ကင်းလား ❓
V**e ကနေ ထွက်ပြီး ကျွန်တော်တို့ ရှူရှိုက်ကြတာဟာ V***r- ရေငွေ့ဖြစ်ပါတယ်
မီးခိုးငွေ့မဟုတ်လို့
တချို့ စားသောက်ဆိုင်တွေက ဆေးလိပ်ပေးမသောက်ကြသော်လည်း V**e တော့ ခွင့်ပြုကြပါတယ် 😢
V**e အကြောင်းပြောရရင်
1. V***r_ရဲ့_အကျိုးအပြစ်
2. Flavor_liquid_ရဲ့_အကျိုးအပြစ်
3. Ni****ne_ရဲ့_အကျိုးအပြစ် ဆိုပြီး (၃) မျိုး ပြောပြသွားပါမယ်
1. ***r_ရဲ့_အကျိုးအပြစ်
V**e ကနေ ရှိုက်လိုက်တဲ့ V***r ထဲက ဓာတ်ပစ္စည်းတွေကြောင့်
- နှလုံးနှင့်သွေးလှည့်ပတ်မှု ထိခိုက်စေပါတယ်
- အဆုတ်ကို ထိခိုက်စေပါတယ်
- သွားနှင့်ခံတွင်းကိုပျက်စီးစေပါတယ်
- ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်
Va**ng တစ်ရှိုက်ရှူလိုက်ရုံနဲ့ နှလုံးခုန်နှုန်းတက်လာသလို ၊ သွေးပေါင်လည်း အနည်းငယ်တက်ပါတယ် ၊ အဲ့ဒါကြောင့် နှလုံးခုန်မြန်ခြင်း/မမှန်ခြင်းဖြစ်ခြင်း ၊ သွေးပေါင်တက်ခြင်းတို့ကြောင့်
👉 နှလုံးရောဂါ ၊ နှလုံးသွေးကြောကျဉ်းရောဂါ
👉 သွေးတိုးရောဂါ
👉 လေဖြတ်ခြင်း စတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
V***r မှာပါတဲ့ ဓာတ်ပစ္စည်းတွေကြောင့် အဆုတ်နှင့်အသက်ရှုလမ်းကြောင်းကို
👉 oxidation ဓာတ်တိုးစေခြင်း
👉 inflammation ရောင်ရမ်းမှုဖြစ်ခြင်း စသည်တို့ဖြစ်စေပါတယ်။
ပြင်းထန် ငဗစ်ဖြစ်ပြီး ဒုတိယအပတ်ဆို Oxygen ကျပြီး အသက်ဆုံးရှုံးခြင်းဟာ oxidation ဓာတ်တိုးစေခြင်း၊ inflammation ရောင်ရမ်းမှုဖြစ်ခြင်း တို့ကြောင့် အဆုတ်ကို ပျက်စီးစေတာဖြစ်ကြောင်း မှတ်မိကြမယ်ထင်ပါတယ်။
ခံတွင်းက အမြှေးပါးလေးတွေကိုပျက်စီးမှုတွေဖြစ်စေသလို သွားရဲ့အပေါ်ယံကြွေလွှာကို ပျက်စီးစေလို့ သွားပိုးစားခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်း စသည်တို့ဖြစ်စေပါတယ်
ဦးနှောက်အာရုံကြောဖွံဖြိုးမှုကိုလည်း oxidation ဓာတ်တိုးစေခြင်း၊ inflammation ရောင်ရမ်းမှုဖြစ်ခြင်း တို့ဖြင့် ထိခိုက်စေပါတယ်။
V**e က ၂၀၀၃ ခုနှစ်ကမှ စပြီးပေါ်လာတာဖြစ်လို့ နှစ် ၂၀ တောင်မပြည့်သေးတဲ့အတွက် သူ့ရဲ့တခြားမသိရသေးတဲ့ ဆိုးကျိုးတွေ အများကြီးရှိနိုင်ပါသေးတယ်
ဥပမာ ။ ။ oxidation ဓာတ်တိုးစေခြင်း inflammation ရောင်ရမ်းမှုဖြစ်ခြင်း တို့ဟာ DNA ပျက်စီးမှုကိုဖြစ်စေလို့ Cancer ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။
__________
2. ဲ့_အကျိုးအပြစ်
Coffee , Chocolate, almond, bread, berry, camphor, caramel စသဖြင့် flavors မျိုးစုံရှိသလို အဲ့ဒီ flavors တွေရအောင် ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို oxidation ဓာတ်တိုးစေခြင်း inflammation ရောင်ရမ်းမှုဖြစ်ခြင်း တို့ ဖြစ်စေပါတယ်။
အနည်းဆုံး အာခေါင်ခြောက်တာ၊ ချောင်းဆိုးတာ ကစလို့ အသက်ရှူလမ်းကြောင်းကိုပျက်စီးစေပါတယ်
__________
3. ****ne_ရဲ့_အကျိုးအပြစ် ဆိုပြီး (၃) မျိုး ပြောပြသွားပါမယ်
ဆေးလိပ်စွဲရတဲ့ အဓိက အကြောင်းရင်းက Ni****ne ပါ။ V**e မှာမှ Ni****ne ပါထည့်ပြီး သုံးစွဲကြရင်တော့ V**e စွဲပါလိမ့်မယ်
V**e ရဲ့ ကုန်ကျစားရိတ်ကများတော့
V**e လေး လည်ပင်းစွဲပြီး Style ထုတ်ကြရင်း Refill ဖိုးတွေ မနိုင်ကြတဲ့အခါ ဆေးလိပ် ဘက်ကူးကြပါလိမ့်မယ်။
ကြုံတုန်းပြောရရင် ကြိုက်တဲ့ကင်ဆာပြောဆေးလိပ်နဲ့ မပတ်သက်တဲ့ ကင်ဆာမရှိပါဘူး ( အဲ့လောက်ကို ကြောက်ဖို့ကောင်းပါတယ်)
__________
နောက်ဆုံးကတော့ V**e ကနေ ထွက်တဲ့ V***r ဟာ အန္တရာယ်မကင်းပါဘူးဗျာ (မွှေးတော့မွှေးပေမယ့် 😅) အဲ့ဒီ V***r ကို ရှူမိတဲ့သူတွေလည်း V**e ရှိုက်တဲ့သူတွေ နီးပါး အန္တရာယ်ဖြစ်ကြောင်းပါဗျာ
မရ ရအောင် ယှဉ်ပြောရရင်တော့ V**e သောက်တာဟာ ဆေးလိပ်သောက်တာလောက် အန္တရာယ်မကြီးပေမယ့်
- နှလုံးရောဂါ နှလုံးသွေးကြောပိတ်ရောဂါ
- သွေးတိုးရောဂါ လေဖြတ်ရောဂါ
- အဆုတ်ရောင် အဆုတ်ပွရောဂါ စတာတွေဖြစ်လို့ ဘာမှတော့ ထူးပြီး ကောင်းမနေဘူးဆိုတာ သိကြစေဖို့ ရေးသားလိုက်ပါတယ်။
(Photo credit; Medical News Today)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
08:50 pm/ 30.11.2022
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )
29/01/2022
Chevrolet Spark 2019 ရောင်းဖို့ရှိပါသည်။
Silver Color
Premier Grade
💵 💵 💵 247 သိန်း (နည်းနည်းညှိနှိုင်း) 💵 💵 💵
Kilo - 1 # #
Yangon ကားကြည့်လို့ရပါမည်
📞 : 09899339927
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bayint Naung Road, Kamayut Township
Yangon