City Wide
Customer Services
1) Air-Con Installation/inspection/repair
2) Electrical cabling/inspection/repair
3) Breaker & Main panels installation/inspection/repair
4) Plumbing & Sanitary pipes inspection/repair
5) Water purifiers inspection/installation
6) Water pumps inspection/installation
7) Kitchen/Toilet exhaust servicing
8) Earthing and LPS system installation
9) Fire Protection and Fighting Systems inspection/repair
12/07/2023
Special promotion for City villa Resident !!!!
10/05/2022
Split Type Air-Conditioner များစနစ်တကျမှန်ကန်စွာတပ်ဆင်နိုင်ရန် နေရာရွေးချယ်ဖို့ က အလွန်အရေးကြီးပါတယ်။
Air-conditioner များအားရေရှည်ကောင်းမွန်စွာ အသုံးပြု ထိန်းသိမ်းနိုင်ရန်အတွက် installation အခန်းဂဏ္ဍမှာ အထူး အရေးပါလှ ပါသည်။ Installation ပြုလုပ်ရာတွင် စနစ်တကျ နည်းလမ်း မှန်ကန်စွာ တပ်ဆင်အသုံးပြုပုံ အဆင့်ဆင့်အား အောက်ပါအချက်များအတိုင်း တပ်ဆင်ပြုလုပ်သင့်ပေသည်။
Air-Con indoor unit တပ်ဆင်ရန်ရွေးချယ်သင့်သည့်နေရာများ
အခန်းအတွင်း ညီညာစွာ လေဖြန့်ဝေပေးမှု ဖြစ်စေနိုင်သော နေရာြဖစ်ရပါမည်။ ဖြစ်နိုင်ပါက အခန်း၏ center တွင်ဖြစ်ရပါမည်။
Indoor Unit တပ်ဆင်ရန် ခိုင်ခန့်မှုရှိသောနေရာ စက်၏ တုန်ခါမှု အသံ မဖြစ်လွယ်သောနေရာ။
Gas ပိုက်နှင့်ရေထုတ်ပိုက် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မည့် နေရာ။
Outdoor Unit အနိမ့်အမြင့်ကွာခြားမှုပိုက်အရှည်မှာ သတ်မှတ်ချက်ထက်မပိုဘဲ Indoor to outdoor အကွာအဝေး High difference တပ်ဆင်နိုင်သောနေရာ။ (စက်၏ Cooling Capacity, ထုတ်လုပ်သည့် Brand အလိုက် Pipe Length အနည်းငယ် ကွာြခားမှု ရှိပါသည်။)
Air-con indoor unit တပ်ဆင်ရာတွင် ရှောင်ရှားသင့်သောနေရာများ
လူဝင်လူထွက်ရှိသော တံခါးမကြီး အပေါ်ဘက်တွင် တပ်ဆင်ခြင်း မပြုရ။
မီးလောင်လွယ်သော ဓာတ်ငွေ့ယိုစိမ့်မှုများ ရှိနိုင်သော နေရာ၊ ဆီ၊ Oil နှင့် ဓာတ်ဆီငွေ့များ ပျံနှံနေသော နေရာ များတွင် တပ်ဆင်ခြင်း မပြုရပါ။
အခန်းများ၌ အိပ်ရာပေါ်နှင့် လူမျက်နှာပေါ်သို့လေလမ်းကြောင်း တိုက်ရိုက်ကျသော နေရာ၊ ရေကျနိုင်သော နေရာ။
Indoor unit ၏အရှေ့ဘက် လေထွက်ရာလမ်းကြောင်း၌ မည်သည့် ကာရံ ပိတ်ဆို့ခြင်းများ မရှိသောနေရာ။
Indoor Unit အား အလွယ်တကူ ဖြုတ် တပ် ဆေးကြောခြင်း မပြုနိုင်သော နေရာများ။
Ceiling နှင့် စက် ကပ်လွန်းသော နေရာများ။
Indoor Unit တစ်လုံးစာပင် အထိုင်ချ တပ်ဆင်ရန် အကျယ်အဝန်းမရှိသောနေရာ။
Air-con outdoor Unit တပ်ဆင်ရန် ရွေးချယ်သင့်သောနေရာများ
လေဝင်လေထွက်ကောင်းသောနေရာ၊ Heat Radiation မရှိသော Heat Source မရှိသောနေရာ။
Unit Air Circulation အတွက် လုံလောက်သော ကျယ်ဝန်းမှု ရှိသော နေရာ။
ပြတင်းပေါက်နှင့် နီး၍ အလွယ်တကူ တပ်ဆင်နိုင်မည့် နေရာ။
အလွယ်တကူ servicing ပြန်လည်ပြုလုပ်နိုင်သော နေရာ။
Maintenance အလွယ်တကူ ပြုလုပ်နိုင်မည့်နေရာ။
Air-con outdoor unit တပ်ဆင်ရန် ရှောင်ရှားသင့်သော နေရာများ
သာမန်ထက်ပိုသော အပူစွန့်ထုတ်မှု၊ အပူထုတ်လုပ်မှုရှိသော နေရာများလေလည့်(မီးဖိုခန်း၊ အင်ဂျင်ခန်း) ပတ်ရာလမ်းကြောင်းကို အဟန့်အတား ဖြစ်စေမည့် ပစ္စည်းများ မရှိစေရ။ လေလည့်ပတ်မှု ကို အဟန့်အတား ဖြစ်စေသော နေရာများတွင် မတပ်ဆင်သင့်ပါ။
နေရောင်ခြည် တိုက်ရိုက်ကျ၍ အပူချိန်မြင့်မားစေသောနေရာများတွင် မတပ်ဆင်သင့်ပါ။
Condenser လေမှုတ်ပန်ကာနှင့် မျက်နှာချင်းဆိုင် ပြင်းထန်သောလေစီးကြောင်းရှိသည့် နေရာများတွင် မတပ်ဆင်သင့်ပါ။(တိုက်ခေါင်းမိုးပေါ်များတွင် လေပြင်းထန်စွာ တိုက်သည့်အတွက် သတိပြုပါ။)
စက်တုန်ခါမှုကြောင့် ဆူညံသံ ဖြစ်ပေါ်လွယ်သည့်နေရာ မဖြစ်စေရပါ။
Outdoor Unit များ များစွာစုပြုံ၍ တပ်ဆင်ထားသော နေရာများမှာ အပူစွန့်ထုတ်မှုများသောကြောင့် ရှောင်ရှားပါ။
လူသွားလူလာများသော နေရာများတွင် တပ်ဆင်ခြင်းမှ ရှောင်ရှားပါ။
Outdoor Unit အား မြေကြီးပေါ်တွင် တိုက်ရိုက်ထားခြင်းမှ ရှောင်ရှားရမည်။ မဖြစ်မနေ တပ်ဆင်ရမည်ဆိုပါက Foundation ခုံ (မြေပြင်မှ ၁ ပေခန့်) ပြုလုပ်ပေးရပါမည်။
မကြာခန ရေကြီး ရေလျှံ နိုင်သောနေရာများတွင် တပ်ဆင်ရမည်ဆိုပါက outdoor unit နံရံတွင် Frame ဖြင့်တပ်ဆင်ရန် ရွေးချယ် သင့်ပါသည်။
ခိုင်ခံမှုမရှိသော၊ ဆွေးနေသော နံရံများတွင် outdoor တပ်ဆင်မှု အားရှောင်ရှားပါ။
Outdoor Unit တွင်လေထွက်လမ်းကြောင်းသည် တဖက် အဆောက်အဦး၏ နံရံနှင့် အလွန်ကပ်နေခြင်း outdoor unit မှထွက်သော အသံကြောင့် ဘေးပတ်ဝန်းကျင်မှ အိမ်များတွင် အသံ ဆူညံခြင်းများ ရှိမည်ကို သတိထား၍တပ်ဆင်သင့်ပါသည်။
Outdoor Unit များ တစ်နေရာထဲတွင် စုပြုံ တပ်ဆင်ရမည်ဆိုပါက outdoor unit တစ်လုံးနှင့် တစ်လုံးကြားအကွာအဝေး၊ တစ်ဘက်နံရံ နှင့်အကွာအဝေး outdoor unit နှင့် နံရံတစ်ဖက်တစ်ချက်စီကြားအကွာအဝေး တို့အား သက်ဆိုင်ရာ manufacture ၏ installation manual အားစနစ်တကျသေချာစွာဖတ်ရှု တပ်ဆင်ရပါမည်။
ပင်လယ်ကမ်းခြေဒေသများဖြစ်ကြသော၊ ဆားငံရေများနှင့် ထိတွေ့နေရသည့်နေရာများတွင် တပ်ဆင်ရသည့်အခါ air-con outdoor unit များ ရွေးချယ်ရာတွင်အထူးသတိပြုရွေးချယ်ပါ။
ှင့် အခြားဝန်ဆောင်မှုများအား စုံစမ်းမေးမြန်းလိုပါကဆက်သွယ်ဝယ်ယူရန်
☎️ 09 777990688, 09 400550868
Ground Floor, Building CL2, Cityloft, Star City,
Thanlyin Township, Yangon
Call Center: 8:00 AM – 6:00 PM (everyday)
Service Time: 8:30 AM – 5:30 PM (Monday to Friday)
We also coordinate important services outside office hours.
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Ground Floor, Building CL2, City Loft, Star City, Thanlyan Township
Yangon
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 17:30 |