Artist JUU

Artist JUU

Share

08/04/2023

🥰

12/01/2023

🥰

Local Artist တွေကို ဘယ်လို Supporting ပြုလုပ်နိုင်မလဲ ❓

ကိုယ့်ရဲ့သူငယ်ချင်း၊မိတ်ဆွေ မိသားစုတွေထဲမှာ ပန်းချီရေးဆွဲတဲ့သူတွေ Artist တွေရှိကြမယ်ဆိုရင် သူတို့ရဲ့ဝါသနာကို တစ်ဖက်တစ်လမ်းကနေ ဘယ်လို Supporting လုပ်ပေးနိုင်မလဲ 🤔🤔

အဲဒါကြောင့် ဒီနေ့မှာတော့ ကိုယ့်ရဲ့ သူငယ်ချင်း၊မိတ်ဆွေ Local Artist တွေကို ဘယ်လို Support လုပ်နိုင်မလဲဆိုတဲ့ အကြောင်းအရာလေးတွေကိုမျှဝေပေးချင်ပါတယ်။

ဒီလို Support လုပ်ပေးတဲ့အခါမှာလည်း ငွေကြေးအရ ပမာဏတစ်ခုကို အသုံးပြုပြီး Supporting ပြုလုပ်ပေးနိုင်သလို ငွေမကုန်ဘဲ Supporting ပြုလုပ်ပေးတဲ့ နည်းလမ်းဆိုပြီး နည်းလမ်း နှစ်မျိုးရှိပါတယ်။

----------------------------------------------------------------------------------

◾ Art Supplies များ လက်ဆောင်ပေးခြင်း။

ဒီ အချက်က Artist တွေ သဘောအကျဆုံးနည်းလမ်းဖြစ်ပါတယ်။ တန်ဖိုးပမာဏ နည်းသည်များဖြစ်စေ Artsuppliesနဲ့ပတ်သတ်တဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးတာက သူတို့အတွက် ပျော်ရွှင်မှု တစ်ခုဖန်တီးပေးခြင်းပဲ ဖြစ်ပါတယ်။ Artist အများစုဟာ ဒီလမ်းကြောင်းကို ငယ်ငယ်ကတည်းက ဝါသနာပါလာခဲ့ပြီး မိဘက အားပေးထောက်ခံမှုမရှိကြတဲ့သူတွေဆိုရင် မုန့်ဖိုးတွေ ကိုယ့်ရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ Art Supplies တွေဝယ်ပြီး အသုံးပြုရတဲ့သူတွေပဲ ဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် သူတို့လိုအပ်မယ့် Art Supplies တွေကို လက်ဆောင်ပေးတာကလည်း တစ်နည်းအားဖြင့် သူတို့ရဲ့ဝါသနာပါရာလမ်းကြောင်း အားပေးထောက်ခံတဲ့ နည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ Artist တွေရှိမယ်ဆိုရင် Artsupplies တွေ လက်ဆောင်ပေးပြီး သူတို့ရဲ့ဝါသနာကို ထောက်ခံအားပေးနိုင်ပါတယ်။

◾Comissions အပ်ခြင်း။

နောက်ထပ် နည်းလမ်းတစ်ခုကတော့ ကိုယ့်ရဲ့ အကြိုက်ဆုံး Artist ​ တွေရှိမယ်ဆိုရင် သူတို့ Comission ဖွင့်တဲ့ အခါမှာ Comission အပ်ပြီး အားပေးတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ကိုယ့်အတွက် အမှတ်တရ အဖြစ်လည်း သိမ်းဆည်းထားနိုင်သလို သူတို့အတွက်လည်း Supporting ပေးရာလည်းရောက်ပါတယ်။Digital Art,Visual Art စသ​ဖြင့် ကိုယ်ကြိုက်နှစ်သက်ရာကို အားပေးနိုင်ပါတယ်။

----------------------------------------------------------------------------------

◾ပန်းချီကားများ ဝယ်ယူအားပေးခြင်း။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ပန်းချီကားများ ဝယ်ယူအားပေးခြင်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ပန်းချီကားတွေ Offline Gallery တွေတင်ရောင်းတာမျိုး ဖြစ်စေ Online Gallery မှာ ရောင်းတာမျိုးဖြစ်စေ အားပေးဝယ်ယူနိုင်ပါတယ်။ ကိုယ်က ပန်းချီကားတွေ Collection လုပ်ရတာ သဘောကျတဲ့သူဆိုရင်လည်း ကိုယ့်အတွက်လည်း အကျိုးရှိသလို Local Artist တွေကို Supporting ပြုလုပ်ပေးရာလည်း အကျိုးသက်ရောက်နေစေမှာပဲ ဖြစ်ပါတယ်။

----------------------------------------------------------------------------------

◾ ပြပွဲများကို သွားရောက် အားပေးခြင်း။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ Supporting အတွက်ကို ကိုယ့်အနေနဲ့ Budget အများကြီး သုံးနေစရာတော့မလိုအပ်ပါဘူး။ သူတို့ရဲ့ ပြပွဲတွေ ရှိတဲ့အခါမှာ ပြပွဲကိုသွားအားပေးတာ၊ အသိအမှတ်ပြုပေးတာကလည်း ထောက်ခံအားပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ကိုယ့်အနေနဲ့ အချိန်အများကြီးပေးရတာမျိုး မဟုတ်၊ငွေကြေးပိုင်းဆိုင်ရာ အရအထောက်အပံ့ပေးတာမျိုးမဟုတ်ပေမဲ့ သူတို့ရဲ့ အောင်မြင်မှာကို အသိအမှတ်ပြုပေးတာမျိုးဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရ အထောက်အပံ့အများကြီး ဖြစ်စေမှာပဲဖြစ်ပါတယ်။ ဒီလို ပြပွဲတွေသွားရင်းဖြင့်လည်း အပေါ်မှာ ဖော်ပြခဲ့သလို ပန်းချီကားတွေလည်း ဝယ်ယူအားပေးနိူင်ပါတယ်။

----------------------------------------------------------------------------------

◾Channelတွေ Page တွေကို Subscribe / Follow/ Share ပြုလုပ်ပေးခြင်း။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကိုယ့်အနေနဲ့ Budget လည်း မကုန်ဘဲ Social Media, Digital Platforms တွေကနေ Supporting ပြုလုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ နေ့စဥ်အသုံးပြုနေကြ Social Channel တွေကနေ သူတို့ရဲ့ Artwork တင်နေကြ page ,Youtube Channel,Website စသဖြင့် Subscribe, Follow,Share ပေးခြင်းဖြင့် အားပေးနိုင်ပါတယ်။

Creator တွေအနေနဲ့ Digital Platforms တွေကို အသုံးပြုပြီး ဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးနိုင်လာတဲ့ အလျှောက် ဒီလိုထောက်ခံအားပေးတာကလည်း သူတို့ရဲ့ ဝါသနာလမ်းကြောင်းကို Supporting ပြုလုပ်ပေးတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

----------------------------------------------------------------------------------

ဒီနေ့မျှဝေပေးခဲ့တဲ့ အကြောင်းအရာကတော့ Local Artist တွေကို ဘယ်လို Supporting ပြုလုပ်ပေးနိုင်မလဲဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဝါသနာလမ်းကြောင်းကို ဒီလို အသိအမှတ်ပြု အားပေးနိုင်တဲ့နည်းလမ်းတွေက အများကြီးရှိပေမဲ့ ဒီနေ့ကတော့ အကျဥ်းချုပ်အနေနဲ့ပဲ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ အားပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ မိသားစု၊သူငယ်ချင်းမိတ်ဆွေတွေထဲမှာ Artist တွေရှိမယ်ဆိုရင် ဒီလိုနည်းလမ်းနဲ့ သူတို့ရဲ့ဝါသနာလမ်းကြောင်းကို အသိအမှတ်ပြုကာ

ပန်းချီနှင့်ပတ်သတ်သော ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာများကိုလည်း ဖော်ပြပေးသွားဦးမှာမို့ အပတ်စဉ် သောကြာနေ့ ညနေ ၄နာရီရဲ့ Knowledge Sharing အစီအစဉ်မှာ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

ပန်းချီနှင့်ပတ်သတ်ပြီး သိလိုသမျှ အကြောင်းအရာများကိုလည်း မေးမြန်းနိုင်သလို ရေးစေချင်တဲ့ အကြောင်းအရာ သိချင်တဲ့ တခြားသော အကြောင်းအရာလေးတွေရှိရင်လည်း comment မှာ ပြောပြပေးခဲ့ဖို့အတွက်လည်း ဖိတ်ခေါ်ပါတယ်ဗျ

နောက်ထပ် Knowledge Sharing အစီအစဉ်တွေမှာ အလျင်းသင့်သလို ရေးသား ဖော်ပြပေးသွားပါမယ်ဗျာ

နောက်အပတ်မှာလည်း မတူညီတဲ့ ပန်းချီနဲ့သက်ဆိုင်သော ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်တာမို့ စောင့်မျှော်ပေးကြဖို့ရာ ဖိတ်ခေါ်ပါတယ်ဗျာ

Kar Kar Gyi ရဲ့ Telegram Channel လေးမှာလည်း ဒီလိုဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေသာမက Kar Kar Gyi မှာ ဝယ်ယူလို့ရနိူင်မဲ့ Productများ Promotion အစီအစဥ်များကိုလည်း မျှဝေပေးသွားမှာမို့ Channel လေးကို Join ထားပေးကြပါဦး ခင်ဗျ...

📎 https://t.me/karkargyi

ပန်းချီနဲ့ပတ်သတ်ပြီး ဘယ်လို Supplies တွေကို ရွေးချယ်အသုံးပြုရမယ်ဆိုတာနဲ့ပတ်သတ်ပြီး ခေါင်းစားမခံတော့ဘဲ ပန်းချီနဲ့ပတ်သတ်တဲ့ Supply လေးတွေအစုံရနိုင်မဲ့ Kar Kar Gyi Art & Drawing Material Supply Page လေးမှာ အားမနာတမ်း လာရောက်တိုင်ပင်ပြီး ရွေးချယ်ဝယ်ယူဖို့အတွက် ဖိတ်ခေါ်ပါတယ်ခင်ဗျ...

🏢
No.156,31st Street (Middle Block),Pabedan Township,Yangon

☎ 01 250220,01 377657,09 5170098

04/01/2023

ကလေးတို့ရေ ကျောက်တုံးဘယ်လိုဆွဲရလဲ သင်ပေးထားတယ်နော်

02/01/2023

2019ထဲကဆွဲထားတဲ့ ကြက်ဥကြော်လေး အခု2023ကြက်ဥကြော်လေးဖြစ်သွားပါပြီ 🥰

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Art

Telephone

Website

Address


Bargaya Road
Yangon
11111