My Library

My Library

Share

13/04/2025

ဘာလုပ်ရမှန်းမသိ အနာဂတ်ပျောက်နေတဲ့ အမတွေ ညီမတွေတွက် အကောင်းဆုံးစာတို

အဘွားက ပြောခဲ့ဖူးတယ်။
ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။
လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။
အနာဂတ်အကြောင်း တွေးမပူနဲ့၊
မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
တွေးမကြောက်နဲ့တဲ့။
ပန်းကန်တွေ ဆေး။
အမှိုက်တွေ လှည်းကျင်း။
စာရေးစရာရှိတာ ချရေး။
ချက်စရာရှိတာ ချက်။
ဒီလောက် လုပ်နိုင်ရင်
ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
တစ်လှမ်းချင်းပေါ့။
ခက်ခဲတဲ့အချိန်မှာ
တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
နည်းနည်း အနားယူ။
ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
နောက်တစ်လှမ်း လှမ်း။
နောက်တစ်ခါ အနားယူ။
နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
ဖြစ်သွားလိမ့်မယ်။
အနာဂတ်ကို တွေးပူပြီး
လက်လျှော့ချင်နေတဲ့စိတ်တွေ
လျော့ပါးလာလိမ့်မယ်တဲ့။
~ အယ်လီနာ မီခယ်လ်ခိုဗာ

30/04/2024

အမြီးတိုသွားတဲ့မျောက်စပ်စုပုံပြင်
✨✨✨✨✨✨✨✨✨✨✨✨

ဟိုရှေးရှေးတုန်းကကျွန်းရွှေမြိုင်ဆိုတဲ့တောအုပ် ကြီးထဲမှာ မျောက်တွေ အုပ်စုလိုက် နေထိုင်ကြတယ်တဲ့။ အဲဒီမျောက်အုပ်စုထဲမှာ အရာရာကိုစပ်စုတတ်တဲ့မျောက် ညိုတစ်ကောင်လည်း ရှိတယ်တဲ့ကွယ်။ မျောက်ညိုကို အခြားမျောက်တွေက စပ်စုတတ်လို့ မျောက် စပ်စုလို့ ခေါ်ကြတယ်။ အဲဒီအချိန်အခါတုန်းက မျောက်တွေရဲ့ အမြီးတွေဟာ ဒီခေတ်မျောက်တွေထက် ပိုရှည်ကြတယ် ကွဲ့။ ဘယ်လောက်ထိများရှည်သလဲဆိုရင်ပေ၃၀လောက် တောင် ရှည်တယ်ဆိုပဲ။

မျောက်အုပ်စုဟာ သစ်သီးသစ်ဖုတွေကို ရှာဖွေ စားသောက်ကြပါတယ်။ ဒါကြောင့်ကျွန်းရွှေမြိုင်တောဟာ သူတို့အတွက် ဘူမိနက်သန် နေရာတစ်ခုပါပဲ။ သူတို့နေတဲ့ တောအုပ်ဟာမြစ်ကြီးတစ်စင်းနဲ့လည်းနီးသတဲ့။ အဲဒီမြစ် က ထွက်ရှိတဲ့ ရေသတ္တဝါတွေကိုလည်း တောနေသတ္တဝါ တွေကတံငါတွေလိုရှာဖွေစားသောက်ကြပါတယ်။

တော အုပ်ကြီးထဲမှာရှိတဲ့ ဝက်ဝံကြီးတွေဟာ ငါးဖမ်းတော်ကြ တယ်။သူတို့ဖမ်းရင်ငါးတွေအများကြီးရတတ်ကြတယ်ကွဲ့။ မျောက်စပ်စုဟာငါးတွေလိုက်ဖမ်းပေမဲ့ ငါးတွေ ဟာ ရေထဲမှာ လျင်မြန်စွာ ကူးခပ်ကြတာကြောင့် ငါး တစ်ကောင်မှမရဘူးတဲ့။ဝက်ဝံကြီးတွေကငါးတွေဖမ်းယူစားသောက်တာကို မြင်မိတဲ့ မျောက် စပ်စုက-

“ဝက်ဝံကြီးတွေကငါးတွေကိုဖမ်းယူစားသောက် နေတာဟာ မြိန်ရေရှက်ရေနဲ့ပါလား။ ငါးရဲ့ အရသာဟာ တော်တော်ကောင်းမယ့်ပုံပဲ။ ငါလည်း ဝက်ဝံကြီးလိုပဲ ငါးတွေ စားချင်လိုက်တာ" လို့ ပြောဆိုကာ ငါးတွေကို စားချင်စိတ် ပြင်းပြနေသတဲ့ကွယ်။ အဲဒီနောက်မှာတော့ မျောက်စပ်စုက -

"ငါးတွေ ဖမ်းမရတဲ့အကြောင်းကို ဝက်ဝံကြီး တစ်ကောင်ကောင်ကို မေးကြည့်ရမယ်။ ဖမ်းပုံဖမ်းနည်း တော့ သိရမယ်"

ဒါနဲ့ မျောက်စပ်စုဟာ ဝက်ဝံကြီးတစ်ကောင် ထိုင်နေတဲ့နေရာကို သွားပြီးမေးသတဲ့-

"အိုအဆွေဝက်ဝံကြီးသင်ဟာငါးတွေကိုဖမ်းတဲ့ နေရာမှာအလွန်တော်တာ ကျွန်တော်သိပါတယ်။ ငါးတွေ ကို ဘယ်လိုဖမ်းရတယ်ဆိုတာကို တစ်ဆိတ်လောက် ကျေးဇူးပြုပြီး ပြောပြပါလားဗျာ" လို့ ပြောတဲ့အခါ ဝက်ဝံ ကြီးက -

"မျောက်လေးရယ်၊ ဘာခက်တာမှတ်လို့ကွာ။ လွယ်ပါတယ်။ ညဉ့်မှောင်တဲ့အချိန်မှာ မြစ်ဆိပ်ကိုသွားပြီး မင်းရဲ့ရှည်လျားတဲ့အမြီးကို ရေထဲမှာ စိမ်ထားလိုက်ရုံပဲ။ မင်းရဲ့အမြီးကို ငါးတွေလာကိုက်တဲ့အခါ မင်းက အမြီးကို အသာသိမ်းပြီး ငါးတွေကို ဖမ်းစားလိုက်ရုံပဲပေါ့" မျောက်စပ်စုက -

"ဒီလိုဆိုတော့လည်းအလွယ်သားပါလား။ ဒါဆို ကျွန်တော် ချက်ချင်းပဲလုပ်တော့မယ်နော်။ အခုလို သင်ပြ ပေးတာကို ကျေးဇူးတင်ပါတယ် ဝက်ဝံကြီးရယ်"

ဒီလိုနဲ့ မျောက်စပ်စုဟာ နည်းလမ်းကိုသိသွား တာကြောင့် ဝမ်းသာအားရနဲ့ ပြန်လာခဲ့တာပေါ့။ပြီးတော့ ညမိုးချုပ်အောင် သည်းခံပြီး စောင့်မျှော်နေရရှာတယ်။ သူ့အတွေးထဲမှာလည်း မြန်မြန်မှောင်ပါစေ။ ကံကောင်း ထောက်မလို့ ငါးတွေရပါစေ။ ရရှိလာတဲ့ ငါးတွေကို အဝ အပြဲ စားပစ်လိုက်မယ်ပေါ့။ တဖြည်းဖြည်း မှောင်ရီသန်း လာပြီး အမှောင်တွေပိတ်ဖုံးလာတာပေါ့ကွယ်။အဲဒီအချိန် မှာ မျောက်စပ်စုဟာ ငါးစားချင်တဲ့စိတ်နဲ့ မြစ်ဆိပ်ဆီကို ထွက်ခွာလာခဲ့ပါတယ်။အဲဒီညကခါတိုင်းညတွေနဲ့ မတူဘဲ အအေးဓာတ်က ပိုကဲနေပါသတဲ့။

ရေလှိုင်းကလေးတွေတဖျပ်ဖျပ်ပုတ်ခတ်နေတဲ့ မြစ်နံဘေးမှာကျောက်ဆောင်လေးတစ်ခုကိုတွေ့လိုက်ရ တယ်။ မျောက်စပ်စုဟာ ကျောက် ဆောင်လေးကို တွေ့ လိုက်တော့ သဘောကျသွားတယ်။

ကျောက်ဆောင်ပေါ်မှာထိုင်ပြီး သူ့ရဲ့အမြီးကိုရေထဲမှာတွဲလောင်းချထားလိုက် သတဲ့။ "ရေတွေကလည်းအေးစိမ့်နေတာပါလား" မျောက် စပ်စုဟာ မြစ်ရေရဲ့ အေးစိမ့်မှုကြောင့် သွေးကြောထဲမှာ ကျဉ်စိမ့်နေမိတယ်။ဒါပေမဲ့ငါးရချင်တဲ့စိတ်နဲ့ မျောက်စပ်စု ဟာ ဆက်ထိုင်နေခဲ့ပါတယ်။

အဲဒီအချိန်မှာလေတွေ တဖြည်းဖြည်းတိုက်ခတ် လာကာပိုပြီးအေးချမ်းလာတာပေါ့။ မျောက်စပ်စုကတော့ အေးချမ်းတာကို ကြိတ်မှိတ်ခံစားရင်း တောင့်ခံနေရှာ တယ်။ အစားမက်နေတာပေါ့ကွယ်။

"အိုး ငါးတွေ ငါ့အနားမှာ စုဝေးလာကုန်ကြပြီ။ စားစရာတော့ အဆင်သင့်ရပြီပဲ။ အရသာရှိတဲ့ငါးတွေကို စားရတော့မယ်ကွ" လို့ တစ်ကောင်တည်း စဉ်းစားနေတုန်း သူ့အမြီးဟာ တဆစ်ဆစ်နဲ့ ပြင်းပြင်းထန်ထန် နာကျင် ကိုက်ခဲလာတာပေါ့။ပြီးတော့ ဘာမှန်းမသိဘဲလေးလံနေ သလို ခံစားနေရပါတော့တယ်။

"အောင်မယ်လေး နာလိုက်တာ။ ငါးတွေတော့ ငါ့အမြီးကို ဝိုင်းဆွဲနေကြပြီထင်ပါရဲ့ " လို့ဆိုကာ သူ့အမြီး ကို သူပြန်ဆွဲယူဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ မျောက် စပ်စုရဲ့အမြီးဟာ လှုပ်ရှားလို့ မရနိုင်လောက်အောင်ကို နာကျင်မှုဝေဒနာက ဆိုးဆိုးရွားရွား ခံစားလာရပါတယ်။ ဒီအချိန်မှာ မြစ်ကမ်းစပ်က ရေတွေဟာ အအေးဒဏ် ကြောင့် အေးခဲသွားပြီး ရေခဲဖြစ်ကာ မျောက်စပ်စုရဲ့ အမြီး ကို ညှပ်ထားပါတော့တယ်။

မျောက်စပ်စုခမျာ အစားကို လောဘ ကြီးမိတာကြောင့် တဦးဦးနဲ့ အော်ဟစ်ရင်း နာကျင်မှုကိုမျိုသိပ်ကာ အမြီးရှည်ကို ဆွဲတင်လိုက်ပါ တယ်။ ဒါပေမဲ့ အမြီးဟာ ရေခဲတုံးတွေကြားမှာ ညပ်နေ တာကြောင့် အပြည့်အစုံမပါလာတော့ဘဲ တင်ပါးနေရာ သာသာလောက်ကနေ ပြတ်ထွက်သွားပါတော့တယ် ကွယ်။

မျောက်စပ်စုရဲ့ အစားလောဘကြီးမှုကြောင့် သူ့အမြီး ပြတ်ထွက်သွားတာပေါ့။ ဒီအချိန်ကစပြီး မျောက် တွေဟာ အမျိုးအစား မျိုးစုံရှိပေမဲ့ ငါးဖမ်းကောင်းတဲ့ မျောက်တွေရဲ့အမြီးဟာတိုကြတယ်လို့ပြောခဲ့ကြတယ်။ အဲဒီမျောက်အမျိုးအစားရဲ့ မျက်နှာနီရခြင်းကလည်း သူ့ အမြီးကို ဆွဲယူတုန်းက အားစိုက်ရတဲ့အတွက် နီးမြန်းနေ တာလို့ ဆိုကြပါတယ်။

ကလေးတို့ရေ -

အရာရာကို စူးစမ်းဆင်ခြင်ပြီးလုပ်တာဟာ အကောင်းဆုံးပါပဲ။မစူးစမ်းမဆင်ခြင်ရင်တော့မျောက်စပ်စု လိုပဲ အမြီးပြတ်တဲ့အဖြစ်မျိုးကို ကြုံတွေ့ကြရမယ်နော်။
#ရွှေသွေးဂျာနယ်
✍👸
✨🌻
#ပြန်လည်မျှဝေပါတယ်။

23/03/2024

ကုန်ပစ္စည်း တစ်မျိုးကို ခင်ဗျား ရောင်းပြီ ဆိုပါတော့။ ခင်ဗျား အာဘောင်အာရင်း သန်သန်နဲ့ ပြောဆိုနေတာကို ပထမဆုံး ဦးစွာ ခင်ဗျားကို စယုံမှာ "သူစိမ်း" တစ်ယောက်ပဲ။ သူစိမ်း တစ်ယောက် ခင်ဗျားကို ယုံနေတဲ့အချိန် "သူငယ်ချင်း" တွေက ခင်ဗျားကို မယုံတယုံ ဖြစ်နေလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ "ဆွေမျိုး" တွေက ခင်ဗျားကို လှောင်ပြောင် နေကြလိမ့်မယ်။ ခင်ဗျားကို လုံးလုံး မယုံမှာက "မိသားစု"။

မိသားစုဝင်တွေကို ခင်ဗျား တစ်စုံတစ်ခု ရောင်းမယ်ဆိုပါတော့။ ခင်ဗျား ဘယ်တော့မှ အမြတ် အများကြီးမရဘူး။ အဆိုးဆုံးက ခင်ဗျား မမြတ်ပါဘူး ဆိုတာကိုလဲ သူတို့ ယုံလိမ့်မယ် မထင်နဲ့။ ဒါ့ကြောင့် မိသားစုသည် ကိုယ့်ကို မယုံဆုံး နဲ့ ရောင်းရ အခက်ဆုံး customer။

တစ်ချိန်မှာ ခင်ဗျား အောင်မြင်လာချိန် ခင်ဗျား အနေနဲ့ မိသားစု အတွက် ဆွေမျိုး အတွက် သူငယ်ချင်းအတွက် စသဖြင့် အသီးသီး ထောက်ပံ့နိုင်လာချိန်။ ခင်ဗျားကို ဘယ်သူမှ မယုံခင်ထဲက ယုံခဲ့တဲ့ "သူစိမ်း" အတွက်ကို စဉ်းစားမိခဲ့ရဲ့လား။

ဒါ့ကြောင့် "သူစိမ်း" ဖြစ်တဲ့ ခင်ဗျားရဲ့ နေ့စဉ် Customer တွေကို ချစ်တတ် ပါ။ ထောက်ပံ့ပါ။ ဘာလို့လဲ ဆိုရင် သူတို့သည် ခင်ဗျားတို့ကို တကယ် ချမ်းသာလာအောင် လုပ်ပေးနိုင်တဲ့ The Best Customer တွေ ဖြစ်လို့ပါပဲ။

Jack Ma: Sales

ီ_ဘာ_ဘာ

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon