Future Light Mm

Future Light Mm

Share

09/01/2020

အမေများနေ့ (ပြာသိုလပြည့်နေ့ )
-----------------------------------
အမေများနေ့မှာ ဖေဖေရော မေမေရော ကျန်းမာပါစေ

Light Mm

09/01/2020

မင်္ဂလာ နံနက်ခင်း လေးပါဗျ
ဒီနေ့ Sharing လုပ်ပေးမှာကတော့

Email နှင့် Gmail အတူတူပဲလား ???
===========================
ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော် အမြဲကြုံတွေ့နေရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတော်တော်များများ နည်းပညာနဲ့ အရမ်းစိမ်းနေကြပါတယ်။ အထူးသဖြင့် နယ်တွေမှာပေါ့။ အခုနောက်ပိုင်း Mobile တွေ ခေတ်စားလာပြီး၊ Mobile phoneတွေနဲ့ အင်တာနက်ကြည့်နိုင်လာတာကနေပြီးတော့မှ အင်တာနက်ဆိုတာကို စိတ်ဝင်စားလာကြပါတယ်။ အဲဒီကနေ Google အကောင့်တွေ ဖွင့်ပါတယ်။ ပြီးတော့ Gmail, Gtalk တွေ သုံးပါတယ်။ ဒါပေမယ့် သူတို့တွေဟာ Email ဆိုတာ ဘာမှန်းမသိကြပါဘူး။ Email လို့ ပြောလိုက်ရင် အချို့ဆို Email တော့ မရှိဘူး၊ Gmail ပဲ ရှိတယ်ဆိုပြီး ပြောတာတွေ ကြားသိနေရပါတယ်။ အဲဒီအတွက် ကျွန်တော် ဒီ ဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ ရေးခြင်းဆိုပေမယ့် ရေးထားတော့ကြာပါပြီ။ ဒီမှာ ပြန်တင်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလို ဆောင်းပါးမျိုးကို အသိမိတ်ဆွေများထံ မျှဝေပေးခြင်းဖြင့် မြန်မာနိုင်ငံကို ကူညီပေးကြပါ။

Email ဆိုတာ
°°°°°°°°°°°°°

Email ဆိုတာက electric mail ကိုခေါ်ဆိုခြင်းဖြစ်သည်။ အင်တာနက်မှာ အသုံးပြုသော mail အားလုံးကို Email ဟုခေါ်ဆိုပါသည်။ Email ဆိုသည်မှာ [email protected] ဟူ၍အပြည့်အစုံ ကိုပြောတာပါ။

Gmail ဆိုတာ
°°°°°°°°°°°°°°

Gmail ဆိုတာ google ကဝန်ဆောင်မှုပေးထားတဲ့ Email တနည်းအားဖြင့် google webmail လို့ခေါ်ဆိုနိုင်ပါသည်။ Gmail ဟာ google account တစ်ခုပဲဖြစ်ပါသည်။

Google Account
°°°°°°°°°°°°°°°°°°°°

သင့်အနေနဲ့ google ကဝန်ဆောင်မှုအကုန်လုံးကို သင့် google account ဖြင့်အကုန်ဝင်ရောက်နိုင်ပါသည်။ ဥပမာအားဖြင့် Gmail, Gtalk, Blogspot, Picasa, youtube စသဖြင့် အများကြီးရှိပါသည်။ အဲလို google က ဝန်ဆောင်မှုပေးထားသော မည်သည့် ဝန်ဆောင်မှုများမဆို သင့်သိထားတဲ့ Gmail address တနည်းအားဖြင့် google အကောင့်ဖြင့် access လုပ်ပြီး ဝင်ရောက်နိုင်ပါသည်။ အသစ် create လုပ်စရာမလိုပါ။ google မှာများသောအားဖြင့် username ဆိုပြီးအသုံးများပါသည်။ Email လို့ဆိုခဲ့ရင် သင့်မှာ google အကောင့်ရှိတဲ့အတွက် [email protected] ဆိုပြီးတော့လဲ google mail တနည်းအားဖြင့် Gmail သင့်မှာရှိပါတယ်။

Email လိပ်စာဆိုတာ
°°°°°°°°°°°°°°°°°°°

Email သင်္ကေတကတော့ “@” sign ပဲဖြစ်ပါသည်။ “@” sign ကို At sign လို့ခေါ်ပါသည်။ အဲဒီအတွက် သင့်မှာ email ရှိလားလို့ မေးခဲ့ရင် ငါ့မှာ email မရှိဘူး Gmail ပဲရှိတယ်လို့မလုပ်ပါနဲ့။ သင့်မှာ google အကောင့် ရှိရင် [email protected] ဆိုပြီး သင့်မှာ email account ရှိပါတယ်။ google ဝန်ဆောင်မှုတွေကို သိချင်တယ်ဆိုရင်>>> https://en.m.wikipedia.org/wiki/List_of_Google_products

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon