TRA Investment
29/04/2020
သင်ဟာ ငွေကြေးနှင့် ရင်းနှီးမြုပ်နှံမှု (Finance & Investment ) နယ်ပယ်မှာ လုပ်ကိုင်ဖို့ စိတ်ဝင်စားတယ် ။ မြန်မာနိုင်ငံရဲ့ SME လုပ်ငန်းတွေကို ငွေကြေးဝန်ဆောင်မှု တွေကို အဖွဲ့လိုက်လှုပ်ရှားပြီးတော့ အတူလုပ်ကိုင် လေ့လာချင်တယ်ဆိုရင် သတင်းကောင်း ရှိပါတယ်။
TRA Investment မှ Finance ပိုင်းစိတ်ဝင်စားပြီး လေ့လာသင်ယူချင်စိတ်ရှိတဲ့ လူငယ်များကို Remote Intern အနေနဲ့ ခေါ်ယူလိုပါတယ်။
Duration : May - June 2020
Location : Remote Workplace
Number of Intern: 1 - 2
Type : Unpaid Internship
(Allowance for Phone Bill and Internet Charges could be available)
🔷 လိုအပ်သောအရည်အချင်းများ
- ပြင်ပအခြေအနေကိုလေ့လာသုံးသပ်လိုစိတ်ရှိပြီး လေ့လာသင်ယူလိုစိတ် ပြင်းပြသူ
- Finance ပိုင်း ကို စိတ်ဝင်စား လေ့လာထားသူ
(မှတ်ချက်။ ။ Finance ပိုင်းဆိုင်ရာ ဘွဲ့ လက်မှတ်များ မဖြစ်မနေ ရှိရန် မလိုပါ)
- Business ပိုင်းဆိုင်ရာ အကြောင်းအရာများ တွေးခေါ်စဉ်းစားနိုင်သူ
- ရလဒ်ကို ဖြစ်မြောက်အောင် စဉ်းစားလုပ်ဆောင်နိုင်သူ
- ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ
-Internship ကာလ ပြီးမြောက်အောင် လုပ်နိုင်မယ့်သူ။
အလုပ်အတွေ့အကြုံမရှိသည့် Fresh Graduate များလည်း လျှောက်ထားနိုင်ပါတယ်။
🔷 Remote Intern အနေနှင့် ပါ ဝင်လုပ်ကိုင်ရမည့်အရာများမှာ
- TRA Investment ၏ Clients များနှင့် အဆက်အသွယ် ပြုလုပ်ခြင်း
- TRA Investment ၏ Operation များကို အခြားသော team member များနှင့်အတူတကွ လုပ်ဆောင်ခြင်း
- Finance ပိုင်းဆိုင်ရာ သတင်းအချက်အလက်များ မျှဝေပေးခြင်း
🔷 အလုပ်ချိန်
internship ကာလကတော့ ၂ လဖြစ်ပြီး အလုပ်ချိန် တစ်ပါတ်ကို အနည်ဆုံး နာရီ ၂၀ ကနေ နာရီ ၃၀ကြား သက်မှတ်ထားပါသည် Work From Home ဖြစ်သည့်အတွက် အချိန်သက်မှတ်ထားတာမျိုးမရှိသော်လည်း သတ်မှတ်ထားသော အချိန်ပမာဏ ပြည့်ရပါမယ်။
🔷 Intern အဖြစ်နဲ့ ရွေးချယ်ခံရရင် ဘာအကျိုးကျေးဇူးတွေရမလဲ?
- နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များရဲ့ ထိတွေ့ ချိတ်ဆက်မှု။ အတွေ့အကြုံတွေကို လေ့လာနိုင်မှု
- Finance ပိုင်းဆိုင်ရာ အသိပညာဗဟုသုတ များနှင့် အခြားလိုအပ်မယ့် သင်တန်းများကိုလည်း TRA Investment မှာ သင်ယူခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။
- အခြား Business ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များသာမက Personal Development ပိုင်းဆိုင်ရာ skill များ၊ Digital Tools အသုံးပြုနည်းများ ကိုလည်း လေ့လာသင်ယူခွင့်ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
- Internship ကာလ ပြီးဆုံးသွားပါက မိမိရဲ့ Personality နဲ့ အလုပ်ပေါ်ထားတဲ့ Commitment ပေါ်မူတည်ပြီး Recommendation Letter နှင့် Certificate of Completion ထုတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
- သင့်တော်ကိုက်ညီတဲ့ Intern တွေကို နောက်ပိုင်းမှာ TRA Investment နဲ့လက်တွဲလုပ်ကိုင်ဖို့ ခေါ်ယူလိုတဲ့ အခွင့်အရေး ရှိပါတယ်။
🔷 လျှောက်ထားရန်
လျှောက်ထားလိုပါ အောက်ပါ link တွင်ဝင်၍ ဖောင်ဖြည့်ပြီး မေလ ၅ ရက်နေ့နောက်ဆုံးထား၍ ဝင်ရောက် လျှောက်ထားနိုင်ပါသည်။
https://forms.gle/GHWgjDR6NkrY22fb8
ရွေးချယ်ခံရသူများကိုလျှောက်ထားပြီး ၁ ပါတ်အတွင်း အကြောင်းပြန်ပေးမည်ဖြစ်ပါသည်။
Internship နဲ့ ပတ်သက်ပြီး မေးမြန်လိုပါက TRA Investment ရဲ့ page (သို့) [email protected] တွင် ဝင်ရောက်မေးမြန်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
No. 88/90, 51st Street(Middle Block) Pazundaung Tsp
Yangon
01001