Red Devil - Myanmar

Red Devil - Myanmar

Share

04/03/2026

အရှုံးဆိုတာ ဘာလဲ သိအောင် သေချာပြသွားခဲ့ပြီ....

10 ယောက် 11 ယောက် နဲ့ ကန်ရတာလည်း မနိုင်ခဲ့တဲ့ အပြင် ကွင်းလယ်ကော နောက်တန်းကော လိုအပ်ချက်အပြည့်နဲ့ ဖိပြီး မကစားနိုင်ခဲ့တဲ့အပြင် အရန်အင်အားလုံး၀မရှိတဲ့အခြေအနေကိုလည်း မြင်‌တွေ့ခဲ့ရပါတယ် ။

ဒဏ်ရာရ ကစားသမားတွေရှိခဲ့ပြီး ပရီးမီးယားလိဂ်ပွဲဘဲ ကစားနေရတဲ့အသင်းဖြစ်လို့ နားချိန် အပြည့်အဝ့ရမှာ ဖြစ်တဲ့အတွက် အကောင်းဆုံး ပုံစံတစ်ခုနဲ့သာ ပြန်လာဖို့ မျှော်လင့်ရင်း

နယူးကာဆယ် 2 - 1 ယူနိုက်တက် (ပွဲပြီးရလဒ်)

04/03/2026

သရဲနီတို့ အဆင့် 3 နေရာနှင့် ထိုက်တန်ကြောင်း သက်သေပြရမယ့်ပွဲ....

အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့ တွေ့ဆုံမှုတွေ ရှိနေတဲ့ အချိန်မှာ အခွင့်ကောင်းယူပြီး ယူနိုက်တက်တို့အနေနဲ့ စိန့် ဂျိမ်းပက်ခ်ကွင်းကြီးမှာ နယူးကာဆယ်ကို မဖြစ်မနေအနိုင်ယူရမယ့် ပွဲပါ ။

ဒီပွဲပြီးရင် တခြားအသင်းကြီးတွေ FA Cup နဲ့ ဥရောပ ပြိုင်ပွဲတွေ ကစားရမယ့်အချိန်မှာ ယူနိုက်တက်ပွဲတွေကို ဆယ်ရက်လောက်အထိ ဝေးကွာရမယ့် အနေအထားမှာ ဖြစ်ပါတယ် ။

အသင်းရဲ့ အမြင့်‌ဆုံးကို ရောက်နေတဲ့ စိတ်ဓာတ်ပိုင်းနဲ့အတူ ပရိတ်သတ်တွေအတွက် အနိုင် ရလဒ်ကိုဘဲ ရယူမယ်လို့ ယုံကြည်ပါတယ် ။

COME ON UNITED 🔴

နယူးကာဆယ် VS ယူနိုက်တက်
ယနေ့ည - 2 နာရီ 45 မိနစ် ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon