MKS Creative Studio
10/04/2022
Content လား၊ Copy လား ဘာကိုရွေးမလဲ
အပေါ်ယံကြည့်ရင်တော့ Content writing နဲ့ Copywriting ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလို ကျောချင်းကပ်ညီအစ်ကိုတွေလို ထင်ရပါတယ်။ ဒါပေမဲ့ ဒီရေးဟန်နှစ်ခုမှာ သိသာတဲ့ ကွဲပြားမှုတွေ ရှိပါတယ်။ Copywriting ဆိုတာက ကုန်ပစ္စည်းတစ်ခု၊ ဒါမှမဟုတ် အမှတ်တံဆိပ်တစ်ခုကို ကြော်ငြာတာ၊ စားသုံးသူတုံ့ပြန်မှုရရှိအောင် လုပ်ဆောင်တာ စတဲ့ စျေးကွက်ထိုးဖောက်ဖို့ရည်ရွယ်ချက်တွေအတွက် ရေးသားတဲ့ ရေးဟန်ဖြစ်ပြီး Content writing ကတော့ ဖောက်သည်တွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ကုန်အမှတ်တံဆိပ်အမြင်ကို ဖြစ်ထွန်းစေဖို့ ရည်ရွယ်ပါတယ်။ Copywriting မှာ ကုန်ပစ္စည်းရဲ့ အသေးစိတ်အချက်အလက်တွေ ဖော်ပြတာ၊ ချက်ချင်းဝယ်ယူချင်အောင် တိုက်တွန်းတဲ့ Call to action တွေ ထည့်သွင်းရေးသားတာ၊ discount ပေးတာလိုမျိုး မက်လုံးပေးကမ်းလှမ်းချက်တွေ ထည့်သွင်းဖော်ပြတာမျိုးတွေ ပါဝင်မှာဖြစ်ပြီး Content writing မှာတော့ လူတွေကို ကိုယ့်ဖောက်သည်ဖြစ်လာအောင် ဆွဲဆောင်ဖို့ သွယ်ဝိုက်ရေးသားတဲ့ စျေးကွက်ထိုးဖောက်မှုပုံစံတွေ ပါဝင်ပါတယ်။ Content writing မှာ ထုတ်ကုန်တွေကို တိုက်ရိုက်ကြော်ငြာရောင်းချတာမျိုး၊ မက်လုံးပေးတာမျိုးတွေ ပါဝင်လေ့မရှိဘဲ တန်ဖိုးရှိတဲ့၊ ဗဟုသုတပေးတဲ့၊ ဒါမှမဟုတ် ဖျော်ဖြေမှုပေးနိုင်တဲ့ အချက်အလက်တွေ၊ အရေးအသားတွေနဲ့ ဖောက်သည်နဲ့ ကိုယ့်ကြားမှာ ဆက်ဆံရေးတစ်ရပ် ပျိုးထောင်တာမျိုး ဖြစ်ပါတယ်။ အဓိကကတော့ ကုန်အမှတ်တံဆိပ်ကို မှတ်မိအောင်နဲ့ ကုန်အမှတ်တံဆိပ်အပေါ် သစ္စာရှိတဲ့ ဝယ်သူတွေဖြစ်အောင် လုပ်ဆောင်တာက Content writing ဖြစ်ပြီး ချက်ချင်းလက်ငင်းဝယ်အောင် တိုက်ရိုက်ရောင်းချတဲ့ ကြော်ငြာပုံစံမျိုးရေးသားတာကတော့ Copywriting ဖြစ်ပါတယ်။ နှစ်ခုစလုံးရဲ့ တူညီတဲ့အချက်ကတော့ ထုတ်ကုန်၊ ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူမယ့် အလားအလာရှိတဲ့ ဖောက်သည်တွေဆီ သတင်းအချက်အလက်ပေးတာဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
Copywriting မှာ အရေးအပါဆုံးအရာက Headline လို့ခေါ်တဲ့ ခေါင်းစဥ်ပါပဲ။ ခေါင်းစဥ်မှာ ကျရှုံးသွားရင် ကြော်ငြာတစ်ပုဒ်လုံး ကျရှုံးတာပါပဲ။ ခေါင်းစဥ်ဟာ အဲဒီလောက်အထိ ဝယ်သူရဲ့ စိတ်အာရုံကို ဖမ်းဆုပ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဆွဲဆောင်မှုကင်းတဲ့ ခေါင်းစဥ်တပ်မှုဟာ ကြော်ငြာဖတ်လိုစိတ်ကို လျော့ကျစေပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်က Customer ကို လေ့လာပြီးမှ ကြော်ငြာရေးဖို့ပါ။ စားသုံးသူကို နားမလည်ဘဲနဲ့ စျေးရောင်းလို့ မရနိုင်ဘူးဆိုတာကိုတော့ ကြော်ငြာစာရေးမယ့်သူတွေ သိထားဖို့လိုပါတယ်။အတိုချုပ်ပြောရရင် Copywriting ဟာ ရေတိုရောင်းအားတက်ဖို့ဖြစ်ပြီး Content writing ကတော့ လူတွေကို တန်ဖိုးတစ်ခုပေးပြီး အပြုသဘော လွှမ်းမိုးဖို့ ကြိုးစားတဲ့ ရေရှည်စျေးကွက်ထိုးဖောက်မှုပုံစံ ဖြစ်ပါတယ်။
MKS Creative Studio က Client တွေရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီမယ့် Copywriting နဲ့ Content Writing တွေကို အကောင်းဆုံး ရေးသားပေးနေပါတယ်။
24/02/2022
အနမ်းဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့အရာ မဟုတ်လား။ လူကြီးဘဝမှာ အနမ်းတစ်ပွင့်မှ မခြွေဖူးဘူးဆိုရင်တောင်မှ ကလေးဘဝမှာတော့ အနမ်းတွေ လက်ခံရရှိခဲ့ကြဖူးတာ လူတိုင်းပါပဲ။ ပြောရရင် ဒီဇိုင်းမှာတောင် အနမ်းနဲ့ မကင်းဘူး ကိုယ့်လူတို့။ ဒါပေမဲ့ ဒီအနမ်းက ခင်ဗျားတို့၊ ကျွန်တော်တို့သိတဲ့ အနမ်းတော့ မဟုတ်ဘူး။ KISS principle ကို ပြောတာ။ ၁၉၆၀ ပြည့်နှစ်တုန်းက အမေရိကန်ရေတပ်ကြောင့် ထင်ရှားခဲ့တဲ့ ဒီဇိုင်းဥပဒေသတစ်ခုပေါ့။
KISS ဆိုတာ keep it simple, stupid ကို အတိုကောက်ခေါ်ထားတာ။ ပြောချင်တာက ရှုပ်ရှုပ်ထွေးထွေးလုပ်ထားတာထက် ရိုးရိုးရှင်းရှင်းလုပ်ထားတာက ကောင်းကောင်းအလုပ်ဖြစ်တယ်လို့ ဆိုလိုတာပဲ။ ဒါကြောင့် ရိုးရှင်းမှုဟာ ဒီဇိုင်းမှာ သော့ချက်ဖြစ်လာပြီး မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေကို ရှောင်ရှားရပါမယ်တဲ့။
KISS principle အကြောင်း ရှင်းရရင် အဲဒီစကားလုံးရဲ့နောက်ကွယ်က ပုဂ္ဂိုလ်က ကယ်လီဂျွန်ဆင် ဆိုတဲ့ လေယာဥ်အင်ဂျင်နီယာမှူးပါ။ သူတို့ ဒီဇိုင်းလုပ်နေတဲ့ ဂျက်လေယာဥ်တစ်စီးကို တိုက်ပွဲဖြစ်နေတဲ့ စစ်မြေပြင်မှာ ဘယ်စက်ပြင်ဆရာမဆို ပြင်နိုင်စွမ်းရှိအောင် ဒီဇိုင်းထုတ်ဖို့ သူ့ရဲ့ဒီဇိုင်းအင်ဂျင်နီယာတွေကို ညွှန်ကြားခဲ့တဲ့ စကားဖြစ်ပါတယ်။ အဲဒီတော့ Minimalism ခေတ်စားလာတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့လည်း ဒီဇိုင်းတွေကို ရိုးရိုးရှင်းရှင်း လုပ်ကြရအောင်ဗျာ။ (Client တွေ သဘောတူမယ်ဆိုရင်ပေါ့😄)
14/02/2022
May your business blossom in the years to come.
For Shwe Cafe(Mawlamyine)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon