ShweNote

ShweNote

Share

ဒီ ဇွန်လထဲမှာ ShweNote Subscription ဝယ်ယူချင်တဲ့သူတွေအတွက် Inbox မှာ အတန်ဆုံး Surprise Offer တွေ စီစဉ်ပေးထားတာမို့ ဝယ်ယူချင်တယ်ဆိုရင် Messenger နဲ့ 09940084444 ကနေတဆင့် အခုပဲ ဝယ်ယူလိုက်ပါခင်ဗျာ။

17/05/2026

မှော်ပညာကို စိတ်ဝင်စားတဲ့ သူတွေရှိလား?

📌 မေလ (၂၁) ရက်မတိုင်ခင်အထိ ရွှေနုတ် တစ်သက်စာ ဝယ်မယ်ဆိုရင် စပ်တူရှယ်ပြီး ဝယ်လို့ရမှာ အခုပဲ ShweNote page Messenger (သိုမဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ဝယ်ယူလိုက်ပါခင်ဗျာ။


#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

16/05/2026

ဖြိုးတို့ ShweNote ရုံးမှာအလုပ်လုပ်ရတာ ဘယ်လိုနေမယ်ထင်လဲ? ကိုယ့်ရဲ့အမြင်ကို Comment မှာရေးခဲ့ပါ 💬

ဒါနဲ့ဖြိုးတို့ ShweNote ရုံးမှာအလုပ်လုပ်ချင်တဲ့သူတွေရှိရင်လဲ ShweNote HR page ကိုသွားပြီးတော့လိုအပ်တဲ့ Position တွေကိုတိုက်ရိုက်လျှောက် ထားနိုင်ပါတယ်

16/05/2026

မိဘအုပ်ထိန်းမှုနဲ့ပတ်သက်လာရင်
ကျွန်တော်တို ပထမဆုံး သိထားတာက “ဆုံးမရမယ်” ဆိုတာပါပဲ။

သားသမီးမကောင်း မိဘခေါင်းဆိုတဲ့ စကားပုံကလည်း ရှိနေတာဆိုတော့
ကလေးက စကားနားမထောင်ရင် ဆူရမယ်၊
ဂျီကျရင် တားရမယ်၊
ပြန်ခံပြောရင် ရိုက်မယ် ဆိုတဲ့အတွေးတွေ ဝင်လာမိလား။

ဒါတွေက အခုခေတ်ကလေးတွေကိုမှ ဒီလိုထိန်းရမယ်ဆိုတာမျိုးမဟုတ်ဘဲ ဟိုးအရင်ကတည်း ကျွန်တော်တို မိဘတွေက မှားပြီးလက်ခံထားတဲ့ ဆုံးမနည်းတစ်ခု ဖြစ်ခဲ့တာပါ။

ဒီအချက်ကိုပဲ ခေတ်သစ်စိတ်ပညာ (psychology) က မေးခွန်းတစ်ခု ပြန်မေးလာပါတယ်။
“ကလေးကို ပြင်ဖိုမလုပ်ခင် ကလေးကို နားလည်ဖို ကြိုးစားပြီးပြီလား” ဆိုတဲ့ မေးခွန်းပါပဲ။

ဒီမေးခွန်းရဲ့အဖြေကိုတော့ စာရေးဆရာ Dr. Becky Kennedy ရဲ့ Good Inside စာအုပ်က ဖြေပေးနိုင်လိမ့်မယ်။
ဒီစာအုပ်ရဲ့ ဆိုလိုရင်းက ရိုးရှင်းပေမဲ့ အလွန်နက်ရှိင်းတယ်။ မိဘအုပ်ထိန်းမှုကို control ဆိုတဲ့ ထိန်းချုပ်ချင်တဲ့ အမြင်ကနေ Connection လိုခေါ်တဲ့ နှလုံးသားချင်းချိတ်ဆက်တဲ့ အမြင်ဆီ ပြောင်းလဲပေးမဲ့ စာအုပ်တစ်အုပ်ပါ။

တကယ်ဆို မိဘရော ကလေးရောက အတွင်းစိတ်အရ ကောင်းမွန်တဲ့လူသားတွေပါ။
ဆိုးသွန်းတဲ့အပြုအမူတွေဟာ ဆိုးရွားတဲ့အတွင်းစိတ်ကြောင့် မဟုတ်ဘဲ
မကိုင်တွယ်နိုင်သေးတဲ့ ခံစားချက်တွေကြောင့် ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီစာအုပ်က မိဘတွေကို
“ဒီကလေးကို ဘယ်လိုထိန်းမလဲ” ဆိုတဲ့မေးခွန်းကနေ
“ဒီကလေး ဘာတွေရုန်းကန်နေရလဲ” ဆိုတဲ့မေးခွန်းဆီ ပြောင်းလဲစေပါတယ်။

ဒီလိုပြောင်းလဲသွားဖိုတွက်ဆိုရင်တော့ အရေးကြီးတဲ့ အပိုင်း ၃ ပိုင်းကို ဖြတ်ကျော်ရပါမယ်။
အဲဒါတွေကတော့
၁။ စိတ်ချင်းနီးစပ်မှုရဲ့ စွမ်းအား
ကလေးကို လိမ္မာအောင် အမိန့်မပေးခင်၊ သူ့ရဲ့ နှလုံးသားတံခါးကို ဘယ်လိုခေါက်မလဲ။
၂။ မိမိကိုယ်ကိုယ် ပြန်လည်ညှာတာခြင်း
ကလေးကို ပြုစုပျိုးထောင်ရင်း ကြုံရတဲ့ နောင်တတွေ၊ ရှက်ရွံမှုတွေနဲ့ ဖိအားတွေကြားမှာ မိဘကိုယ်တိုင် ဘယ်လို စိတ်သက်သာရာရအောင် နေမလဲ။
၃။ အပြုအမူများရဲ့ နောက်ကွယ်က စကားသံများ
ကလေးရဲ့ အော်ဟစ်သောင်းကျန်းမှု၊ တိတ်ဆိတ်သွားမှုနဲ့ ပြန်ခံပြောမှုတွေရဲ့ နောက်ကွယ်က "တောင်းဆိုချက်" တွေကို ဘယ်လို နားလည်အောင် ဖတ်ရမလဲ။
စတာတွေကို လေ့လာသွားရမဲ့ အပြင် ဒီစာအုပ်က မိဘတွေအတွက်ပဲ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ ငယ်ဘဝက ဒဏ်ရာတွေကို နားလည်ချင်သူတွေ၊
ပေါင်းသင်းဆက်ဆံရေးမှာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု (Emotional Maturity) ရှိချင်သူတွေနဲ့
နွေးထွေးတဲ့ မိသားစုတစ်ခုကို တည်ဆောက်ချင်သူတိုင်းအတွက် ရည်ရွယ်ပါတယ်။
မိဘအုပ်ထိန်းမှုဆိုတာ ကြက်တူရွေးစာအံသလို အလွတ်ကျက်ရမဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ လူသားတစ်ယောက်ရဲ့ အတွင်းစိတ်ကို နားလည်ပေးပြီး၊ ချစ်ခြင်းမေတ္တာနဲ့ စည်းကမ်းကို အချိုးကျပေါင်းစပ်ရတဲ့ "အနုပညာ" တစ်ခုပါ။
ဒါကြောင့် ShweNote ရဲ့ ( ၆၅၁) အုပ်မြောက်စာအုပ်သစ်အနေနဲ့ တင်ဆက်ပေးလိုက်တဲ့ Good Inside — ကလေးဆိုးမရှိ၊ အတွင်းစိတ်အလှနှင့် မိဘအုပ်ထိန်းမှုအနုပညာ ဆိုတဲ့စာအုပ်ကို
အခုပဲ ShweNote ထဲမှာ အသံနဲ့ရော စာနဲ့ပါ ဖတ်ရှုနားဆင်နိုင်ပါပြီ။
ကိုယ်က မိဘတစ်ယောက်၊ ကိုယ့်သားသမီးတွေနဲ့ ရင်းရင်းနှီးနှီးနေချင်တယ်၊ ပြီးတော့ ကလေးတွေရဲ့ စိတ်ကိုလည်း သေချာနားလည်ချင်တယ်ဆိုရင်တော့ ဒီနေ့ပဲ စာအုပ်ထဲမှာပါတဲ့နည်းလမ်းတွေကို လေ့လာပြီး လက်တွေ့အသုံးချလိုက်ပါ။

📌 မေလ (၂၁) ရက်မတိုင်ခင်အထိ ရွှေနုတ် တစ်သက်စာ ဝယ်မယ်ဆိုရင် စပ်တူရှယ်ပြီး ဝယ်လို့ရမှာ အခုပဲ ShweNote page Messenger (သိုမဟုတ်) 📞 ဖုန်း - 09 940084444 ကို ဆက်သွယ်ဝယ်ယူလိုက်ပါခင်ဗျာ။


#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

16/05/2026

ရွှေနုတ်မှာ သက်တမ်းဝယ်ယူတဲ့အခါ (၆) လစာ သို့မဟုတ် (၁) နှစ်စာ ဝယ်ယူတာဟာ "အိမ်ငှားနေထိုင်ခြင်း" နဲ့ အလားသဏ္ဌာန်တူပါတယ်။ အချိန်တန်လို့ စာချုပ်ပြည့်သွားရင် အိမ်ပေါ်က ဆင်းပေးရသလိုပဲ၊ သက်တမ်းကုန်သွားတာနဲ့ ကိုယ်ဖတ်လက်စ စာအုပ်တွေ၊ လေ့လာနေတဲ့ အသိပညာတွေက ကိုယ့်လက်ထဲမှာ ရှိမနေတော့ပါဘူး။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ကုန်စျေးနှုန်းတွေက တစ်နှစ်ထက်တစ်နှစ် မခန့်မှန်းနိုင်အောင် တက်နေပါတယ်။ သက်တမ်းအလိုက် ဝယ်ယူသူတွေအတွက် နောက်နှစ်မှာ စျေးနှုန်းဘယ်လောက်ဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်ရှိနိုင်သလို၊ သက်တမ်းကုန်သွားတိုင်း အသစ်ပြန်ဝယ်နေရတဲ့ အလုပ်ကလည်း လူကို စိတ်ပင်ပန်းစေပါတယ်။ တကယ့်တကယ် စာဖတ်မယ်လုပ်မှ သက်တမ်းကုန်နေတာမျိုးက ကိုယ့်ရဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။

အဲ့ဒါကြောင့် ရွှေနုတ်မှာ သက်တမ်းဝယ်မယ်ဆိုရင် Lifetime (တစ်သက်စာ) ဝယ်ဖို့ တိုက်တွန်းချင်ပါတယ်။ တစ်သက်စာ ဝယ်ယူလိုက်တာဟာ "အိမ်အပိုင်ဝယ်လိုက်တာ" နဲ့ အတူတူပါပဲ။
တစ်ခါပဲ ရင်းနှီးမြှုပ်နှံရမယ်၊ တစ်သက်လုံး ကိုယ့်စိတ်ကြိုက် သုံးလို့ရမယ်။
နှစ်တိုင်း တက်နေတဲ့ ကုန်စျေးနှုန်းတွေကို စိုးရိမ်စရာ မလိုတော့ဘူး။
သက်တမ်းကုန်သွားမှာကို ပူစရာမလိုဘဲ စာအုပ်ပေါင်း (၆၀၀) ကျော်အပြင် လတိုင်းထပ်တိုးမယ့် စာအုပ်အသစ်တွေကိပါ ကိုယ့်အပိုင်အဖြစ် အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်တော့မှာပါ။
ဒီနေ့မှာ ကိုယ်ပေးလိုက်ရတဲ့ Lifetime စျေးနှုန်းဟာ အနာဂတ်မှာ သင်ပိင်ဆိုင်ရမယ့် "ဗဟုသုတအင်ပါယာ" နဲ့ ယှဉ်ရင် အင်မတန်မှ တန်လွန်းပါတယ်။ အိမ်ငှားဘဝကနေ အိမ်ပိုင်ရှင်ဘဝကို ကူးပြောင်းသလိုမျိုး ကိုယ့်ရဲ့ စာဖတ်ခြင်းခရီးစဉ်ကို တစ်သက်စာအတွက် စိတ်ချလက်ချ ပုံအောလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

📌 အဲဒါကြောင့် Lifetime (တစ်သက်စာ) ဝယ်မယ်ဆိုရင် အခုပဲ ShweNote ရဲ့ page Messenger (သို့မဟုတ်) 📞 ဖုန်း - 09 940084444 မှာ ဆက်သွယ်ပြီး တစ်သက်လုံး ရွှေနုတ်မှာ စာတွေဖတ်ပြီး ဘဝတွေမြှင့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက် #တစ်သက်စာ

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 36(C), Sabel Myaing Chan Street, Yankin Township
Yangon
1111