Data Center Professional
A data center or data centre is a building, dedicated space within a building, or a group of buildings used to house computer systems and associated components, such as telecommunications and storage systems.
25/04/2023
Green Datacenter and save electrical usage in Myanmar.
မီးတွေပျက်လာပြီ ဆိုတော့ အင်ဂျင်နီယာ၊ နည်းပညာရှင်တွေ၊ အတတ်ပညာရှင်တွေ power backup ပိုင်းကို စဉ်းစားလာပါပြီ။
Power and Cooling ဆိုသလိုမျိုးဘဲ cooling အပိုင်းကို စဉ်းစားရန် ကျန် မှာစိုးလို့ဖော်ပြလိုက်ပါသည်။
03/03/2023
IPv4 vs IPv6 Chart
Crd
04/12/2021
Success stories(1)
https://www.facebook.com/pyimyanmarnews/photos/a.445310782171386/4554870664548690/?type=3
GTMH နဲ့ VMware ကို ယုံကြည်စွာ လုပ်ငန်း အပ်နှံလိုက်တဲ့ Oway
=======================================================
လျှပ်စစ်မီး ပြတ်တောက်သွားတိုင်း Oway Company ရဲ့ ERP (လုပ်ငန်းဆိုင်ရာ အရင်းအမြစ် စီမံခန့်ခွဲခြင်း) စနစ်ဟာပြန်လည်ပတ်နှိင်ရန် အတွက် ကွန်ပျူတာဆာဗာတွေကို မီးပြန်ဖွင့်ပေးနေရပါတယ်။ ERP စနစ်တွေရှိတဲ့ ဆာဗာတွေဟာ ဒီလို အခြေအနေကြုံရတဲ့အခါတိုင်း နေ့ဖြစ်စေ၊ ညဖြစ်စေ၊ ပိတ်ရက်ဖြစ်နေပါစေ မီးစက်မဖွင့်မချင်း တယောက်ယောက် က ရုံးခန်းကိုမဖြစ်မနေလာပြီး ဖွင့်ပေးရပါတယ်။
မီးအားပြတ်တောက်ရုံသာမက မီးစက်ချို့ယွင်းမှု့ရှိခဲ့ပါက ERP စနစ်ပိတ်သွားခဲ့ရင် ငွေးပေးငွေယူ မှတ်တမ်းမှု့ စနစ် အားလုံးရပ်တန့်သွားမှာဖြစ်သောကြောင့် လုပ်ငန်းလည်ပတ်မှုများကို ထိခိုက်စေနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အွန်လိုင်းခရီးသွား platform စတင်ခဲ့ပြီး အွန်လိုင်းကားဝန်ဆောင်မှု (ride-hailing) နဲ့ အွန်လိုင်းကုန်စုံဆိုင် (e-commerce) တွေအထိ ဝန်ဆောင်မှုတွေ တိုးချဲ့နိုင်ခဲ့တဲ့ ရန်ကုန်အခြေစိုက် Oway အနေနဲ့ ERP စနစ်ကိုအချိန်ပြည့် ( တစ်ရက်မှာ (၂၄နာရီ) ၊တစ်ပတ်(၇)ရက်၊ တစ်နှစ်(၃၆၅)ရက်) လုံးအသုံးပြုနေရဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ဟောင်းနွမ်းပြီး လုပ်နိုင်စွမ်းထက်ပိုမိုအသုံးပြုနေရတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကြောင့် မြန်မာနိုင်ငံမှာ ဓာတ်အားပြတ်တောက်မှုဟာ အဖြစ်များနေသေးပြီး ဓာတ်အားပြတ်တောက်မှုကလည်း နာရီများစွာ ကြာလေ့ရှိပါတယ်။
“တပတ်မှာ သုံးကြိမ်ကနေ လေးကြိမ်လောက်ထိ မီးပြတ်လို့ စက်တွေ ခဏခဏ ရပ်ပါတယ်။ တခါတလေဆို အင်ဂျင်နီယာက Server တွေအကုန်လုံးကို ပြန်စဖွင့်ပြီး ERP စနစ်ကို ပြန်လည်ပတ်အောင် လုပ်ပြီး ကာမှ မီးအားမငြိမ်လို့ အကုန်ပြန်ပိတ်သွားတာမျိုးလည်းရှိတယ်။ အဲ့ဒီအခါကျရင် မီးအားငြိမ်အောင် ပြန်စောင့်ပြီး အကုန်လုံးကို အစက ပြန်ဖွင့်ရပါတယ်” လို့ Oway ရဲ့ အကြီးတန်းမန်နေဂျာ ဝေလင်းထွန်းက ပြောပါတယ်။
ပြည်တွင်းဖြစ် Cloud ကို ပြောင်းလဲ အသုံးပြုခြင်း
Covid-19 ကပ်ရောဂါကြောင့် ခရီးသွားလာမှုကိုလျှော့ချပြီး အိမ်ကနေပဲ အလုပ်လုပ်ကြရချိန်မှာတော့ ဒီကာလ ရှည်ကြာရှိနေတဲ့ပြဿနာကို ဖြေရှင်းနိုင်ရုံသာမကဘဲ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များကိုပါ လျှော့ချနိုင်မဲ့ အဖြေတစ်ခုကို Oway က စတင် ရှာဖွေခဲ့ပါတော့တယ်။
အနှောက်အယှက်မရှိ ဓာတ်အားပေးနိုင်တဲ့ UPS စနစ်ဟာ စျေးနှုန်းကြီးမြင့်တာကြောင့် လက်တွေ့မှာ အသုံးပြုဖို့ အဆင်မပြေခဲ့ပါဘူး။ ဒါ့အပြင် ဆိုက်ဘာလုံခြုံရေးဥပဒေအသစ်ကြောင့် ဒေတာတွေကို ပြည်တွင်းမှာ သိမ်းဆည်းထား နိုင်ဖို့ကလည်း လိုအပ်ပါသေးတယ်။
ERP ရဲ့ လုပ်ငန်းတွေကို Telco cloud ဝန်ဆောင်မှုပေါ် ပြောင်းရွှေ့ဖို့အတွက် Oway ဟာ နိုင်ငံတွင်းက ထိပ်တန်း ဆက်သွယ်ရေး နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Golden TMH (GTMH) နဲ့ စတင် ပြီးခဲ့တဲ့ ဇွန်လမှာ ချိတ်ဆက်ခဲ့ပါတယ်။ Hyperscaler နဲ့ နှိုင်းယှဉ်လိုက်ရင် ပြည်တွင်းကုမ္ပဏီရဲ့ ဝန်ဆောင်မှုဟာ ERP စနစ် နှောင့်နှေးမှု ကို လျှော့ချနိုင်ပြီး ဥပဒေအသစ်နဲ့ မငြိစွန်းပဲ ပုံမှန်လည်း လည်ပတ်နိုင်စေမှာ ဖြစ်ပါတယ်။
“GTMH ဟာ မြန်မာနိုင်ငံမှာ သုံးစွဲသူတွေ အများကြီးရှိတဲ့ ထိပ်တန်း ဒေတာစင်တာ ဝန်ဆောင်မှုတစ်ခု ဖြစ်တာကြောင့် သူတို့ရဲ့ ဝန်ဆောင်မှုကို စိတ်ချယုံကြည်ပါတယ်။ သူတို့က အားထားရတဲ့ မိတ်ဖက်ဖြစ်လာမယ်လို့လည်း ထင်ပါတယ်။" လို့ ဦးဝေလင်းထွန်းက ပြောပါတယ်။
ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအတွက် ဝန်ဆောင်မှုအပြည့်ပေးနေတဲ့ GTMH ဟာ VMware Cloud ရဲ့ အခြေခံ အစိတ်အပိုင်းများအားလုံးကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်နိုင်ကြောင်း အာမခံတဲ့ ရွှေအဆင့်ရှိ အသိအမှတ်ပြုမှုကို VMware Cloud ထံမှ ရရှိထားပြီးလည်း ဖြစ်ပါတယ်။ Telco ရဲ့ cloud ဝန်ဆောင်မှုတွေကို VMware ရဲ့ VMware vCloud Director၊ VMware vCenter နဲ့ NSX Data Center စသည်တို့ပေါ်မှာ တည်ဆောက်ထားပါတယ်။
GTMH ရဲ့ COO တစ်ဦးဖြစ်တဲ့ Derek Hellmons က “GTMH ဟာ ကွန်ယက်ချိတ်ဆက်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်း ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ့ နိုင်ငံတွင်းမှာရှိတဲ့ ပိုင်ဆိုင်မှုအရင်းအမြစ်များနဲ့ အဓိက ကွန်ရက်အားလုံးနှင့် ချိတ်ဆက် ထောက်ပံ့နိုင်စွမ်းကို အသုံးပြုပြီး နှောင့်နှေးမှုနှင့် ဆက်တိုက်လည်ပတ်ရန်လိုအပ်မှု နှစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ် ။ ဒါက ကျွန်တော်တို့ကို တမူထူးခြားစေပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း cloud ဖြစ်လာစေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဝန်ဆောင်မှု နှောင့်နှေးခြင်း မရှိတော့ခြင်း
အခုတော့ Oway ရဲ့ mission-critical ERP စနစ်ဟာ cloud ပေါ်မှာ ချောမွေ့စွာ လည်ပတ်နေပြီ ဖြစ်တာကြောင့် လျှပ်စစ်မီးပြတ်တောက်နေချိန်မှာတောင် လုပ်ငန်းရပ်တန့်မှုမရှိတော့ဘဲ ဝန်ဆောင်မှုတွေကို ပေးနိုင်နေ ပြီဖြစ်ပါတယ်။
အရင်က ဆာဗာတွေကို စက်နဲ့ အသုံးပြုခဲ့ရတဲ့အတွက် ပြဿနာတခုခုကြောင့် ရပ်တန့်သွားတိုင်း အိုင်တီအဖွဲ့ဟာ တစ်ရက်ဖြင့်မရပဲ ရက်အနည်းကြာသည်အအချိန်ယူ ဖြေရှင်းခဲ့ရပါတယ်။ အခုတော့ အင်ဂျင်နီယာတွေအနေနဲ့ portal ကတဆင့် virtual machines တွေကို အဝေးကနေ စောင့်ကြည့်ထိန်းချုပ်ပြီး လိုအပ်သလို စီစဉ်နိုင်တာကြောင့် ဖြေရှင်းချိန်ဟာ တစ်ရက်ကနေ နှစ်ရက်သာ ကြာပါတော့တယ်။
ငွေကြေးအပေးအယူများပြားလွန်းလို့ ဝန်ဆောင်မှုများ နှောင့်နှေးကြန့်ကြာတာတွေ ရှိခဲ့ရင်လည်း Oway က GTMH ကို နာရီပိုင်းအတွင်း လုပ်ဆောင်နိုင်စွမ်း တိုးမြှင့်ပေးဖို့ တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီ လုပ်ဆောင်မှုဟာ အရင်လို ဆာဗာတွေကို စက်နဲ့ပဲ အသုံးပြုနေရချိန်မှာဆို ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
“GTMH Cloud ကို ပြောင်းလဲ အသုံးပြုလိုက်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုပေးနိုင်စွမ်းဟာ ၃၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပါတယ်။ Oway အတွက်တော့ တကယ်ကို တိုးတက်မှုကြီး တခုပါ။ ဒီမသေချာမရေရာတဲ့ကာလအတွင်း မှာ ကျွန်တော်တို့အနေနဲ့ မြန်မြန်ဆန်ဆန် လိုက်လျောညီထွေဖြစ်စေနိုင်ဖို့ကို ကူညီပေးပါတယ်။” လို့ ဦးထွန်းမှ ပြောပါတယ်။
ဒါ့အပြင် Oway ဟာ အရင်လို ဆာဗာစက်တွေကို ဆက်လက်အသုံးမပြုတော့တဲ့အတွက် Hardware ဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်း၊ အအေးခံခြင်းနှင့် သိုလှောင်ခြင်းဆိုင်ရာ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များကိုလည်း ချက်ချင်း လျှော့ချနိုင်ခဲ့ပါတယ်။
“Covid-19 ကပ်ရောဂါဟာ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းအများစုကို ငွေကြေးဆိုင်ရာ ဖိအားများစွာကို ဖြစ်စေခဲ့ပါတယ်။ သူတို့လုပ်ငန်းရဲ့ အခြေခံအချက်အလက်တွေကို Cloud ပေါ် ပြောင်းရွှေ့လိုက်ခြင်းအားဖြင့် အခြား နည်းပညာဆိုင်ရာ ပစ္စည်းတွေပိုင်ဆိုင်တဲ့အတွက် ကုန်ကျစားရိတ် (Total cost of ownership - TCO) ကို လျှော့ချနိုင်ရုံမကဘဲ စီမံခန့်ခွဲနိုင်မှု၊ ယုံကြည်စိတ်ချရမှုနဲ့၊ လုပ်ဆောင်မှုတွေကိုလည်း တိုးမြှင့်နိုင်ဦးမှာပဲ ဖြစ်ပါတယ်။“ လို့ GTMH မှ Derek Hellmons က ပြောကြားခဲ့ပါတယ်။
GTMH Cloud ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက (https://www.gtmh-telecom.com/)
မှာ လေ့လာနိုင်ပါတယ်။
01/12/2021
ကွက်လပ် ဖြည့်ပါ။
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon
11101
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |