Digital Concept - EDU
26/08/2022
Restaurant တစ်ခုမှာ ပေးရတဲ့စျေးနဲ့ တန်၊ မတန် ဘယ်လိုအကဲဖြတ်ကြမလဲ
======================================
☘️🍀
ကုန်စျေးနှုန်းတွေ မြင့်မားလာတာနဲ့အမျှ ဒီရက်ပိုင်းတွေမှာ Restaurant အကြီး၊ အသေးတော်တော်များများနဲ့ ပက်သက်ပြီး Social Media ပေါ်မှာတွေ့လာရတာကတော့ ပေးရတဲ့စျေးနဲ့ မတန်တဲ့ဝန်ဆောင်မှုတွေ၊ စျေးကြီးပြီး portion နည်းလွန်းတာတွေ အပြင် အခြားသောအချက်တွေနဲ့ Bad Review တွေဖြစ်ပါတယ် ။ ဒီတော့ စားသုံးသူ Customer များအနေနဲ့ ဝယ်ယူစားသုံးလိုက်တဲ့ဟင်းပွဲဟာ ဖြစ်သင့်တဲ့ အရည်အသွးရှိရဲ့လား ၊ ဖြစ်သင့်တဲ့စျေးနှုန်းရှိရဲ့လား ၊ ဘယ်လိုဝန်ဆောင်မှုမျိုးတွေပေးတဲ့ စားသောက်ဆိုင်ဆိုရင် စျေးက ဘယ်အတန်းလောက်ရှိမလဲ ဆိုတာကို ကောင်းကောင်းအကဲဖြတ်နိုင်ဖို့လိုပါတယ် ။ ဒီလိုပဲ တစ်ဖက်မှာ Restaurant Business Owner များအနေနဲ့လဲ မိမိတို့ရဲ့ စားသောက်ဖွယ်ရာနဲ့ ဝန်ဆောင်မှုတွေက ဘယ်လောက်လောက်တန်ကြေးရှိသလဲ ၊ စျေးကြီးနေသလား ၊ စျေးတင်သင့်သလား ဆိုတာကို စီစစ်ပိုင်းခြားနိုင်ဖို့အတွက် DIGITAL CONCEPT EDU မှ Knowledge Sharing အဖြစ် Restaurant Business အပေါ် Customer ရှု့ထောင့်မှကြည့်ရှုခြင်း အကြောင်းလေး တင်ဆက်လိုက်ပါတယ် ခင်ဗျာ။
Restaurant တွေရဲ့ အမြတ်က ဘယ်လောက်ရှိသလဲ?
*****************************************
☘️🍀
Restaurant အမျိုးအစားတွေအပေါ် လိုက်ပြီးတော့ ရောင်းချတဲ့ စျေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေက ကွဲပြားပါတယ် ။ လမ်းဘေးမှာ Food Truck နဲ့ရောင်းတဲ့ အာလူးကြော် ၊ KFC မှာရောင်းတဲ့ အာလူးကြော် ၊ BAR/CLUB မှာရောင်းတဲ့ အာလူးကြော်နဲ့ ဟိုတယ်မှာ ရောင်းတဲ့ အာလူးကြော်စျေးတွေဟာ အသုံးပြုတဲ့ Ingredients တွေတူညီနေပေမယ့် စျေးတွေကတော့ မတူကြပါဘူး ။ ဒီလိုမျိုး Restaurant အမျိုးအစားတွေထဲမှာမှ Profit Margin အမြင့်ဆုံးကတော့ Bar/Club Type Restaurant တွေပဲ ဖြစ်ပြီးတော့ သူတို့ရဲ့ Profit ဟာ ဟင်းပွဲစျေးနှုန်းအပေါ်မှာ 18%~25% အထိအမြတ်ကျန်ပါတယ်။ အခြားသော Restaurant Type တွေမှာတော့ 6% ~ 10 % ကြားသာ အမြတ်ကျန်ပါတယ်။ ဟင်းပွဲ တစ်ပွဲကို ရောင်းစျေး ၃၀၀၀ နဲ့ရောင်းမယ်ဆိုရင် Bar/Club မှာတော့ အမြင့်ဆုံး ၆၀၀ ပတ်ဝန်းကျင်လောက်ကျန်ပြီး ၊ အခြားသော Restaurant တွေမှာတော့ ၃၀၀ ပတ်လည်လောက်ပဲကျန်ပါတယ်။ ဒါဟာ လက်ရှိလည်ပတ်နေရတဲ့ Restaurant တွေရဲ့ Profit Margin ပဲဖြစ်ပါတယ် ။ ဒီအချက်ကို သတိမမူမိဘဲ လုပ်ကိုင်နေကြတဲ့ Restaurant Owner တွေမှာ ရောင်းရနေသော်လည်း လကုန်ပြီဆိုရင် အမြတ်မကျန်တဲ့ ပြဿနာနှင့် အမြတ်ကျန်သော်လဲ Bad Review ပေါင်းများစွာနဲ့ ရောင်းအားတဖြည်းဖြည်းကျလာတဲ့ ပြဿနာကို ကြုံတွေ့ရပါလိမ့်မယ်။
ဟင်းပွဲတစ်ပွဲမှာ အရင်းနဲ့ ရောင်းစျေးက ဘယ်လောက်ဖြစ်သင့်သလဲ ?
**********************************************
☘️🍀
Food Service ပေးတဲ့အခါမှာ Customer တွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီးတော့ Restaurant Type တွေကွဲပြားကြပါတယ် ။ အချိန်မဖြုန်းချင်တဲ့ ၊ အလျင်လိုတဲ့ Customer အများစုရှိတဲ့ နေရာအတွက် Fast Food Restaurant ၊ Class တစ်ခုခုကို ဖော်ပြဖို့ လိုအပ်တဲ့ Customer တွေ အတွက် ပတ်၀န်းကျင်ကောင်းပြီး လှပတဲ့ရှုခင်းနဲ့ ခမ်းနားတဲ့နေရာတွေမှာ ဖွင့်တဲ့ Fine Dining Restaurant ၊ စိတ်အပန်းဖြေခြင်းနှင့် စိတ်ထွက်ပေါက်အတွက် Entertainment လိုအပ်တဲ့ Customer တွေအတွက်ဖွင့်တဲ့ Bar & Club လို Restaurant စတဲ့ Restaurant အမျိုးမျိုးမှာ ရောင်းချတဲ့ ဟင်းပွဲတွေရဲ့ အရင်းဟာ ရောင်းစျေးရဲ့ 25% ~ 35% ရှိရပါတယ် ။ Bar& Club လို Restaurant တွေမှာဆိုရင် ချက်ပြုတ်ထားတဲ့ ဟင်းပွဲရဲ့ ကုန်ကျစားရိတ်ဟာ 25% လောက်ပဲရှိပြီးတော့ အခြားသော Restaurant Type တွေမှာဆိုရင်တော့ 30%~35% ရှိပါတယ် ။ ဒါ့ကြောင့်မို့ ဟင်းပွဲပမာဏခြင်းတူမယ်ဆိုလျင်တောင်မှ Bar & Club မှာရောင်းတဲ့စျေးက ပိုများနေတာပဲဖြစ်ပါတယ် ။ ဒီနေရာမှာလဲ Restaurant Owner တွေဟာ မိမိတို့ရဲ့ Menu အပေါ်မှာ Pricing ကောင်းကောင်းမဖွင့်နိုင်ဘူးဆိုရင် Customer အတွက်လဲ ပေးရတဲ့စျေးနဲ့ ထိုက်သင့်တဲ့ တန်ဖိုးကို မရတဲ့အပြင် ၊ ရောင်းတိုင်းရှုံးဖြစ်နေတတ်ပါတယ် ။ ဒီတော့ Customer Side မှကြည့်မယ်ဆိုလျင် မိမိတို့ စားရတဲ့ ကြက်ကြော်သည် စျေးမှာဝယ်လျှင် ကြက်သားစျေး ၁၀သား ၈၀၀ကျပ်လောက်ကျသင့်ပေမယ့် ဆိုင်မှာစားမယ်ဆိုရင်တော့ 3000 ပတ်ချာလည်စျေးနဲ့ စားသုံးရမှာဖြစ်ပါတယ် ။ Customer တွေအနေနဲ့ ကုန်ကြမ်းစျေးကို ၃ ဆလောက်တင်ထားတဲ့ အစားအသောက်တစ်ခုကို ကျေကျေနပ်နပ်စားနိုင်ဖို့အတွက်ကတော့ ပြည့်စုံတဲ့ ဝန်ဆောင်မှုကိုပါ ထပ်ပေါင်းရပါလိမ့်မယ် ။ ဟင်းပွဲ နှင့် ရရှိတဲ့ ဝန်ဆောင်မှုကို ပေါင်းစပ်မှသာ ဒီဟင်းပွဲတစ်ပွဲကို ၃ဆ တင်ထားတဲ့စျေးနဲ့စားရတဲ့ တန်ဖိုးကိုပြန်လည်ရရှိမှာဖြစ်ပါတယ်။
ဟင်းပွဲနဲ့ ဝန်ဆောင်မှုရဲ့ တန်ဖိုးကိုဘယ်လိုတွက်ကြမလဲ ?
*********************************************
☘️🍀
ဝန်ဆောင်မှုလို့ဆိုတဲ့ နေရာမှာ Restaurant Type တွေအလိုက်ကွဲပြားကြပါတယ် ။ ဒီလိုကွဲပြားတဲ့ ဝန်ဆောင်မှုတွေပေါ်မူတည်ပြီး Restaurant Owner တွေဟာ လိုအပ်ချက်တွေအတွက် အသုံးပြုရတဲ့ စက်ပစ္စည်းနဲ့ ဝန်ထမ်းတွေကို တွက်ချက်ပြီး ထည့်သွင်းရပါတယ် ။ ဒီနေရာမှာ လုပ်ငန်းရှင်အများစုဟာ ဝန်ထမ်းဘယ်နှစ်ယောက်ခေါ်သင့်သလဲ ၊ လိုအပ်တဲ့ပစ္စည်းတွေ ဘယ်လောက်ရင်းနှီးမြှုပ်နှံသင့်သလဲဆိုတာကို မတွက်ချက်ကြပါဘူး ။ လုပ်ငန်းရှင်တော်တော်များများ အဓိကဂရုစိုက်လေ့ရှိတာကတော့ မိမိတို့ရဲ့ Floor မှာ စားဝိုင်းဘယ်လောက်ဆံ့မလဲဆိုတာကိုပဲ ဂရုစိုက်ကြတာများပါတယ် ။ ဒါ့ကြောင့် မလိုအပ်ဘဲ သုံးရတဲ့ ဝန်ထမ်းစားရိတ်တွေ ၊ ဝန်ထမ်းတွေ အပြည့်ရှိသော်လဲ quality service ထွက်မလာတာတွေနဲ့ Error မျိုးစုံတက်နေရတာပဲ ဖြစ်ပါတယ် ။ Customer Side ဘက်မှ ကြည့်မယ်ဆိုလျင် ဝန်ဆောင်မှုကောင်းတယ်ဆိုတာဟာ Fast Food ဆိုလျင် 3~5 min / Fine Dining ဆိုလျင် 5~7 min အတွင်း မိမိမှာထားတဲ့ ဟင်းပွဲရမယ် ။ သန့်ရှင်းသပ်ရပ်ပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်ပြီးတော့ မိမိတို့ကို ဝန်ဆောင်မှုပေးမယ့် Service ဝန်ထမ်းက ချိုသာယဉ်ကျေးပြီး ဝိုင်းကိုင် ကျွမ်းကျင်မယ် ဆိုလျင် ပေးရတဲ့ စျေးသည် ထိုက်သင့်တယ်လို့တွက်ဆလို့ရပြီဖြစ်ပါတယ် ။ ဗဟုသုတအနေနဲ့ပြောရမယ်ဆိုလျင် Restaurant တစ်ခုမှာ ဒီလိုမျိုးဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ထားရှိရမည့် ဝန်ထမ်းအရည်အတွက်ဟာ Floor ပိုင်းမှာဆိုလျှင် စားဝိုင်း ၄ ဝိုင်းဆိုလျှင် Service Staff 1 ဉီးထားရှိရမှာဖြစ်ပြီးတော့ ၊ Customer 40 ယောက်လောက် တပြိုင်နက်စားသုံးနိုင်တဲ့ Restaurant မှာဆိုလျင် Kitchen Staff 7 ဉီးလောက်ထားရှိရမှာဖြစ်ပါတယ် ။ Restaurant Owner တွေဟာ မိမိတို့ဆိုင်ရဲ့ စားဝိုင်းအရေအတွက်ပေါ်မူတည်ပြီး Service & Kitchen Staff တွေကိုတွက်ချက်ပြီးမှ ခန့်ထားရမှာဖြစ်ပါတယ် ။ Restaurant Owner တွေအတွက် သတိထားစရာကတော့ တစ်လလုံးမှာ ကုန်ကျသွားတဲ့ ဟင်းပွဲအရင်းတန်ဖိုးနဲ့ ဝန်ထမ်းစားရိတ် ပေါင်းခြင်းသည် တစ်လလုံးမှာ ရောင်းရတဲ့ ဝင်ငွေရဲ့ 60% ပဲဖြစ်သင့်ပါတယ် ။ 60% အောက် အလွန်အကျွံလျော့ သွားခဲ့ပြီဆိုရင်တော့ Customer ကို မတန်တဆ စျေးတင်ပြီးရောင်းနေတာမျိုးတွေ ၊ ဒါမှမဟုတ် ဝန်ထမ်းတွေကို မနိုင်ဝန်ထမ်းခိုင်းတာမျိုးတွေ ဖြစ်နေတာဖြစ်တဲ့အတွက် နောက်ဆက်တွဲ Kitchen နှင့် Service ရဲ့ Performance ကျလာတဲ့ပြဿနာကို ကြုံတွေ့ရမှာဖြစ်ပါတယ် ။ ဒီ အချက်တွေကို ကြည့်ပြီး Customer တွေဟာ မိမိတို့ စားသုံးတဲ့ ဆိုင်ရဲ့ အခြေအနေနဲ့ မိမိတို့ရရှိတဲ့ ဝန်ဆောင်မှုကို အကဲဖြတ်နိုင်မှာဖြစ်ပါတယ် ။
Restaurant တစ်ခုရဲ့ ဝန်ထုပ်ဝန်ပိုးတွေက ဘာတွေလဲ?
*****************************************
☘️🍀
- Prime Cost လို့ခေါ်တဲ့ ကုန်ကြမ်းနဲ့ ဝန်ထမ်းစရိတ်ပေါင်း 60% ကို အသုံးပြုပြီးတဲ့အခါမှာ ၊ မြေငှားခ ၊ ဆိုင်ခန်းခ စတဲ့ငှားရမ်းခတွေအတွက် 10~12% ကို အသုံးပြုရပြီးတော့ ကျန်တဲ့ အသုံးစားရိတ်တွေကို 20% ထဲမှာဝင်အောင်သုံးနိုင်မှသာ တစ်လလျှင် 10% အမြတ်ရရှိမှာဖြစ်ပါတယ် ။ ဒီတော့ ပိုပြီးရောင်းရလျှင် ပိုပြီး အမြတ်ကျန်မှာမဟုတ်လား ဆိုတဲ့ မေးခွန်းရှိပါတယ် ။ Restaurant တစ်ခုမှာ ထည့်သွင်းထားတဲ့ စားဝိုင်းအရေအတွက် ၊ အသုံးပြုထားတဲ့ Kitchen Equipment အရေအတွက် ၊ ဆိုင်ဖွင့်ချိန်နဲ့ အသုံးပြုရတဲ့ ဝန်ထမ်းအချိုးတွေကိုတွက်ပြီးလျင် Restaurant တစ်ခုရဲ့ အများဆုံးရောင်းနိုင်မှုကို တွက်ချက်နိုင်ပါတယ် ။ Advertising ကောင်းလွန်းအားကြီးလို့ စုပြုံတိုးဝှေ့ပြီး ဧည့်ကျလာလျင်တောင်မှ ရောင်းရတဲ့ ငွေထက် ၊ ဝန်မမျှလို့တက်တဲ့ Error ကများပါတယ် ။ ဒါ့ကြောင့် Restaurant Owner တွေဟာ Restaurant Business Plan တစ်ခုကိုဆွဲတဲ့အခါ စနစ်တကျတွက်ချက်ပြီး စီစဉ်မှသာ ရင်းနှီးမြှုပ်နှံရမည့် ပမာဏနဲ့ အရင်းကျေမည့်ကာလကို တွက်ချက်ပြီး လုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ။
ကမ္ဘာ့ စီးပွားကျဆင်းမှုကို နိုင်ငံကြီးတွေကိုယ်တိုင် ခံစားလာရတဲ့အတွက်ကြောင့် ငွေကြေးဖောင်းပွမှုနဲ့ စားရိတ်စားက ကြီးမြင့်မှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေတဲ့ကာလမှာ နိုင်ငံငယ်တွေအနေနဲ့ အလူးအလဲခံကြရတယ်ဆိုတာဟာ ပညာရှင်တွေက အတိအကျထောက်ပြပြီးဖြစ်ပါတယ် ။ ဒီအချိန်မှာ ဒေါ် လာစျေးမြင့်မားမှု ၊ လောင်စာဆီစျေးမြင့်မားမှုနဲ့ ငွေကြေးဖောင်းပွလာမှုတွေကြောင့် တင်သွင်းကုန်မှန်သမျှဟာ ဒီရေအလားစျေးတက်နေတာဖြစ်ပါတယ် ။
Restaurant Owner တွေအတွက် အကြံပြုချက်ကတော့ တင်သွင်းတဲ့ကုန်ပစ္စည်းတွေကို အတတ်နိုင်ဆုံး ပြည်တွင်းဖြစ်တွေနဲ့ အစားထိုးနိုင်အောင် ကြိုးစားပြီး မိမိတို့ရဲ့ စားဖိုမှုးကြီးတွေနဲ့ ပြည်တွင်းဖြစ်တွေကိုပဲအတတ်နိုင်ဆုံးသုံးကာ ထူးခြားတဲ့ အရသာတွေကိုဖန်တီးပြီး ရောင်းချနိုင်မှသာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ Customer တွေအနေနဲ့လဲ အခြေခံ စားသောက်ကုန်စျေးနှုန်း 50% နီးပါးထိုးတက်လာတဲ့ အချိန်မှာ Restaurant အများစုဟာ စျေးကိုပြောင်းလျှင်ပြောင်း ၊ မပြောင်းလျှင် ထည့်သွင်းတဲ့ ပမာဏလျော့ချတဲ့နည်းလမ်းကိုသာ သုံးနေကြတာဖြစ်တဲ့အတွက် အထက်မှာ ဆွေးနွေးခဲ့တဲ့ အချက်တွေကို ချိန်ဆ ယှဉ်ထိုးပြီးတော့ မိမိတို့ ဝယ်ယူစားသုံးလိုက်ရတဲ့ ဟင်းပွဲဟာ ဖြစ်သင့်၏ ၊ မဖြစ်သင့်၏ကို ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ် ။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျား။
🍄🍁
DIGITAL CONCEPT - EDU
20/01/2022
အောင်မြင်တဲ့ စားသောက်ဆိုင် တစ်ခုရဲ့
လျှို့ဝှက်ချက်ေတွထဲက တစ်ခုသော အကြောင်းအရင်းကတော့
⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇
Restaurant တစ်ခုရဲ့ ဝင်ထွက် စီးဆင်းနေတဲ့ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲနေသလဲ ဆိုတာပဲဖြစ်ပါတယ်
# # # # # # # # # # # # # # # # # # # # # # #
Financial Management For Restaurant
*************************
Online Training Course
Course Fee - 30000 ks
Restaurant လုပ်ငန်းတစ်ခုကို စပြီဆိုတာနဲ့ Restaurant Owner များဟာ အောက်ပါမေးခွန်းတွေနဲ့ ကြံုတွေ့ရတော့မှာဖြစ်ပါတယ် ။
📝📝📝📝📝
🛑 Menu ကို Cost တွက်တတ်သလား?
🛑 Cost တွေကို ခွဲခြမ်းစိတ်ဖြာပြီး ကြည့်တတ်သလား?
🛑 အသုံးစားရိတ်တွေ ကို ခွဲခြမ်းစိတ်ဖြာတတ်သလား ?
🛑 တစ်လလုံး အသုံးစားရိတ်တွေမှာ ဘယ်နေရာသည် ယိုပေါက်ဖြစ်ပြီး ၊ ဘယ်နေရာသည် မလိုအပ်ဘဲ ငွေထွက်နေသည်ဆိုတာ ကြည့်တတ်သလား?
🛑 ရောင်းအား ဘယ်လောက်ရှိလျှင် ဝန်ထမ်းဘယ်လောက် ထားသင့်သလဲ တွက်တတ်သလား?
🛑 စနစ်ကျတဲ့ Profit & Loss Statement တစ်ခုကို ဆွဲတတ်သလား?
ဒီမေးခွန်းတွေဟာ restaurant တစ်ခု အောင်မြင်ဖို့အတွက် Financial Management ပိုင်းမှာ အလွန်အရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
Restaurant တစ်ခုရဲ့ ငွေကြေးစီမံ ခန့်ခွဲမှု အပိုင်းကို လက်တွေ့ကျကျ သိချင်တယ် ဆိုရင်တော့ Digital Concept- Edu မှ ဖွင့်လှစ်လိုက်တဲ့
◾◾◾◾◾◾◾◾◾◾
Online Training Course ကိုတက်ရောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီ Online Training Course မှာ ဟင်းပွဲတစ်ခုချင်းစီကို အသေးစိတ် cost တွက်နည်းတွေမှစပြီး Restaurant တစ်ခုရဲ့ ဝင်ငွေလည်ပတ်တဲ့ Process တစ် ကို Excel Template တွေနဲ့ လက်တွေ့သင်ကြားသွားမှာဖြစ်ပြီးတော့ ကိုယ့်ရဲ့ Restaurant မှာ တန်းပြီး အသုံးပြုနိုင်အောင် Template တွေကိုပါ ရယူနိုင်မှာ ဖြစ်ပါတယ်။
ဒီသင်တန်းမှာ လေ့လာရမယ့် သင်ခန်းစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ခင်ဗျာ။
- Introduction ( What is Financial Management )
- Overview of Financial Management in Restaurant
- Costing Introduction
- Costing Analysis
- Costing System Creation
- Sales Introduction
- Sales Report System
- Expense Introduction
- Expense Analysis
- Wastage Analysis
- Expense Report System
- Wastage Report System
- Profit & Loss Statement
- Linking Each Statement and Analyzing
ဘယ်လိုပုံစံသင်ကြားမှာလဲ❓❓❓❓❓
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
📚📖💻✏
Facebook Closed Group ထဲမှာ သင်တန်းသားတွေကို နားလည်ရလွယ်ကူသော High Quality Video presentation တွေနဲ့ သင်ကြားပို့ချသွားမှာ ဖြစ်ပြီး ၊ အချိန်ကန့်သတ်ချက် မရှိပဲ မိမိအားသော ကိုယ်ပိုင်အချိန်တွင် အလွယ်တကူ သင်ယူနိုင်ရန် Life Time ဖန်တီးပေးထားမှာဖြစ်ပါတယ်။ Video သင်ခန်းစာတွေကိုလဲ Lifetime လေ့လာနိုင်မှာဖြစ်ပါတယ်။
သင်တန်း ဘယ်နေ့စတင်မှာလဲ❓❓❓❓❓
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ယနေ့ မှ စတင်တက်ရောက်နိုင်မှာ ဖြစ်ပြီး ၊ သင်တန်းအပ်ပြီးတာနဲ့ 24 နာရီအတွင်းမှာ Training Class Group ထဲသို့ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ် ။ Learning Video တွေကို Lifetime စတင်လေ့လာလို့ရမှာ ဖြစ်ပါတယ်။
🛑 သင်တန်းအပ်ရန်
💳 CB. 9503 0800 0233 7884
💳 KBZ pay 09975597531
💳 MPT Pay 09975597531
💳 Wave Pay 09975597531
💳 Cb Pay 09975597531
အသေးစိတ်သိရှိလိုပါက 09975597531 သို့မဟုတ် Page Messenger မှတဆင့် မေးမြန်းနိုင်ပါတယ် ခင်ဗျာ။
အားလုံးပဲ Covid ကာလလေးမှာ ကျန်းမာရေး အထူးကောင်းမွန်ပြီး ရရှိတဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon