Nyeinchan Pyae

Nyeinchan Pyae

Share

10/05/2026

မိန်းမတွေက ကြင်နာတတ်ကြတယ်သာ ပြောတာ တကယ်တမ်းကျ ယောကျ်ားတွေ(အကုန်နီးပါး)ချစ်တတ်တာကို မမီကြဘူး.ဆားလေးကျတော့ ငန်လို့ ထန်းလျက်လေးကျတော့ ချိုလို့ သံပုရာသီးလေးကျ ချဉ်လို့ဆိုပြီး သဘာဝအလျောက်ဖြစ်နေကြတာကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သူတို့စိတ်ကြည်နေရင် ချစ်ပြကြလိမ့်မယ်.အရမ်း....ကြည်နေတဲ့အချိန်ကျရင်လည်း ကျီးကန်းထုံးသုတ်ပြီး ဗျိုင်းဖြစ်သယောင် တမင်ကြည်ဖြူပြကြလိမ့်မယ်.မကြည်ဖြူတော့တဲ့အခါကျရင်လည်း ဒီမိန်းမ တော်လွန်းထက်လွန်းလွှမ်းမိုးချင်လို့ တုံးအရိုးအလွန်းလို့ မောက်မာလို့ ဖော်ရွေလို့ ရုပ်လှလို့ ရုပ်ကြည့်မကောင်းလို့..အကြောင်းပြချက်မျိုးစုံနဲ့ ပြစ်တင်ရှုတ်ချကြလိမ့်မယ်.စကားပုံ ခပ်ကြမ်းကြမ်းနဲ့နှိုင်းရရင် 'ခိုးချင်လိုက်တာလည်းပြာ လက်နှေးလိုက်တာလည်း ချာ'ဆိုသလို သူတို့လောက် အားကိုးဂရုစိုက်ခံချင်ကြတာလည်း သူတို့ပဲ ကိုယ်တိုင်ကဖြင့် ရေသန့်ဘူးကြီးတစ်ဘူးနိုငိအောင် မထမ်းနိုင်ရင်သာရှိမယ်😏 မိန်းမရှာဖွေစာ စားသောက်ရရင် ကျိန်စာစူးနေကြသလို ပုံစံမျိုးတွေနဲ့.ချိုမိုင်မိုင်လောက်တော့ နိုင်အောင်ကပါဦး .တံခွန်မရှိတဲ့ဘုရား... ယောကျ်ားမရှိတဲ့မိန်းမ ဘာ...ညာ..နဲ့ သူတို့ကိုယ်သူတို့ ကြီးမြတ်တဲ့မဟာကရုဏာရှင်ကြီးတွေပုံစံ ဖမ်းပြကြလိမ့်မယ်.စုတ်တံဆေးချက်အတိုင်း လိုက်ပါပုံဖော်ပေးရတဲ့ ပန်းချီကားလိုမျိုး ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ်လိုမျိုး မိန်းမတွေကိုသဘောထားလို့မရဘူး.
တစ်ခွန်းတည်းပဲ ပြောလိုက်မယ်
#ကျားစော်နံ ပြန်လိုက်ဦး
(ဘာအနံ့ရယ်တော့ အခုအထိ တိတိကျကျ မဝေခွဲတတ်သေး😁)
' တစ်ကိုယ်တော်မအောင်ရင်'ဇာတ်လမ်း နားထောင်ပြီး
တွေးမိလို့ရေးချလိုက်တာပါ
PS:
ကျမ အကြောက်လွန်တတ်ပါတယ်
စိတ်ဆိုးရဘူးနော် ခို/မှောင်တို့😁
ချစ်နှမ@DNCP😜

Photos from Nyeinchan Pyae's post 21/01/2026

#ပုံလေးတွေ ယူသုံးခွင့်ပြုပါ
😭😭😭😭😭😭
တကယ်ရင်ကွဲရတယ် ကလေးရယ်😭

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon