Modern Arch

Modern Arch

Share

29/05/2026

6 လွှာမှာ ကိုယ်ပိုင် vibe လေးနဲ့ အပီအပြင် Chill ချင်တဲ့လူတွေအတွက် သတင်းကောင်းလာပြီဗျို့.......🤫

ကဲ ဒီအခန်းလေးကတော့ ဆေးရောင်စုံအပြည်နဲ့ လူငယ် vibe လေးရစေမယ့် Modern ရဲ့ တိုက်အသစ်စက်စက်လေးကိုမှ 6 လွှာတစ်ခန်းပဲကျန်ပါတော့မယ်😛

မိုးတွင်းဘက်လည်းရောက်ပြီဆိုတော့ မိုးလေးအေးအေး ကော်ဖီနွေးနွေးလေးနဲ့ပဲ chill မလား အမြော်ကင့်ကြီးကနေပဲ လူတွေကို ငုံကြည့်ချင်တာလား ရှုခင်းလှလှလေးတွေကြည့်ပြီး လေကောင်းလေသန့်လေးတွေပဲရှုရှိုက်မလား ကြိုက်တော့ရွေးလိုက်တော့ကွာ😏

တိုက်အသစ်လေးရဲ့ လိပ်စာကတော့
အမှတ် 506/A အနော်မာ 21လမ်း 2ရပ်ကွက် သာကေတမြို့နယ်မှာပါ

တိုက်လေးရဲ့အကျယ်ကတော့ 18ပေ×54 ပေ ဖြစ်ပြီးတော့Hall type ဆောက်ထားတာဆိုတော့ စိတ်ကြိုက် Decoration တွေကိုယ်တိုင်လုပ်နိုင်တဲ့အတွက် ကိုယ်ပိုင် creation ထည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်တော့သတင်းကောင်းပါပဲ

မျက်နှာစာကတော့ တောင်ဘက်ကိုလှည့်ထားတဲ့အတွက် လေဝင်လေထွက်ကောင်းပြီးတော့ အပူဒဏ်တွေလျော့ချနိုင်ပြီး မီတာခတွေလည်း သက်သာနိုင်ပြီနော်

တိုက်ခန်းတစ်ခန်းဝယ်ယူတာနဲ့ ပြန်ရမယ့်အကျိုုးမြတ်တွေက အများကြီးဆိုတော့ အမြန်သာလှမ်းလာခဲ့ပါတော့ဗျာ

အသေးစိတ်သိရှိလိုပါက page messenger ကနေဆက်သွယ်မေးမြန်းနိုင်ပါပြီ😎 #သာကေတတိုက်ခန်း #ရန်ကုန်တိုက်ခန်းအရောင်း

15/05/2026

12/05/2026

*အလုပ်ခေါ်စာ*

Modern Arch ရဲ့ ဆောက်လုပ်ရေးဆိုဒ်တွေမှာ တာဝန်ယူမှုအပြည့်နဲ့ စနစ်တကျ ဦးဆောင်နိုင်မယ့် ဆိုဒ်တာဝန်ခံ တစ်ဦး အမြန်အလိုရှိနေပါတယ်။ ဆိုဒ်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းကျောင်းပြီး တာဝန်ယူမှုအပြည့်နဲ့ အလုပ်လုပ်နိုင်သူများကို ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

လျှောက်ထားရန် လိုအပ်ချက်များ -
* အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
* အဆောက်အဦ ဆောက်လုပ်ရေးပိုင်းကို ကျွမ်းကျင်စွာ နားလည်ရမည်။
* ဆိုဒ်အတွင်းရှိ စာရင်းဇယားများကို စနစ်တကျ ဆောင်ရွက်နိုင်ပြီး နေ့စဉ် Report တင်ရမည်။
* မိမိတာ၀န်ယူထားသော ဆိုဒ်အတွင်း ပစ္စည်းအလေအလွင့် အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းနိုင်စွမ်းရှိရမည်။
* ပုဒ်ပြတ်/နေ့စား အလုပ်သမားများကို ကောင်းစွာ ကြီးကြပ်စီမံနိုင်ရမည်။
* Viber အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

📍 Location: ဒေါပုံ / သာကေတမြို့နယ် 💰 Salary: ၆ သိန်း (ညှိနှိုင်း) 🏢 Company တိုက်ရိုက်ခေါ်ယူခြင်း ဖြစ်ပါသည်။
⚠️ အမှန်တကယ် လုပ်ကိုင်နိုင်သူများသာ CV ပေးပို့လျှောက်ထားရန် အထူးမေတ္တာရပ်ခံပါသည်။

လျှောက်ထားရန် - Viber No: 09883987767 သို့ CV Form ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 65/70 Thantumar Street, Tarmwe Tsp
Yangon