MIM Academy

MIM Academy

Share

02/01/2025

MIM Academy မှဖွင့်လှစ်သော
⭐"အမြဲသင်္ချာအမှတ်ကောင်းဖို့ သိကို သိရမယ့်
အချက် ၅ ချက်ကို ၅ ရက်နဲ့ အပြီးသင်"⭐

ဆိုတဲ့ အတန်းလေးက အောင်မြင်စွာပြီးဆုံးသွားပြီ ဖြစ်ပါတယ်ခင်ဗျာ...
အတန်းလေးမှာ အခက်အခဲအချို့ရှိခဲ့တာကြောင့် ၅ ရက်အပြည့်မသင်နိုင်ပဲ ၄ ရက်ပဲတော့ ဖြစ်သွားတယ်ပေါ့လေ...

ဒါပေမယ့်လဲ အောင်မြင်စွာ သင်ကြားပေးနိုင်ခဲ့ပါတယ်။

ဒီပိုစ့်လေးကတော့ သင်ကြားခဲ့တဲ့ အတန်းနဲ့ပက်သက်ပြီး အချက်အလက်လေးတွေအပါအဝင်
ဘာကြောင့်.... ဘယ်လို.... သင်ကြားဖြစ်ခဲ့တယ် ဆိုတာလေးတွေကို ချုံငုံပြီး ရေးဆွဲထားတဲ့ infographic လေးပဲ ဖြစ်ပါတယ်ခင်ဗျာ

နောင်အခါများမှာလဲ အခုလိုမျိုး လူငယ်များနှင့် ပညာရေး အလှမ်းမဝေးစေဖို့အတွက် အစွမ်းရှိသလောက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ

ဒီကမ်ပိန်းလေးမှာ ပါဝင်ကူညီ အားဖြည့်ပေးခဲ့ကြသူ တစ်ယောက်ချင်းဆီတိုင်းကို ကျနော်တို့ MIM Academy မှ ကျေးဇူးအထူး တင်ရှိပါတယ်

ပိုစ့်တွေ share ပေးကြတဲ့ မိဘဆွေမျိုးများရော
အတန်းကို ပါဝင်တက်ရောက်ပေးကြတဲ့ ကျောင်းသား/ ကျောင်းသူများရော
သင်ကြားပေးကြတဲ့ ဆရာများ အပါအဝင်...
အနည်းငယ်လေးပဲ ဖြစ်ဖြစ် ပါဝင်ပက်သက် ကူညီပေးခဲ့ကြသူများကို တကယ် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

"လူငယ်နှင့် ပညာရေး ဝေးသည် မရှိစေရ"
MIM Academy

21/01/2024

⭐ 𝗜𝗚𝗖𝗦𝗘 ဖြေမယ့် သူတိုင်းအတွက် အထူး သင်္ချာအတန်း ⭐

👉 𝗜𝗚𝗖𝗦𝗘 မှာ အမှတ်ကောင်းဖို့ဆိုတာ 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 ကောင်းကောင်းမှာ join ခွင့်ရဖို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သလို၊ ကလေးတစ်ယောက်အတွက် အကောင်းဆုံး ရလာဒ် ထွက်အောင် ဖြေဆိုနိုင်ဖို့ အရင်းအနှီး အထုတ်သင့်ဆုံးသော အတန်းလဲ ဖြစ်ပါတယ်။

𝗠𝗜𝗠 𝗔𝗰𝗮𝗱𝗲𝗺𝘆 ဟာ ၂၀၁၉ ခုနှစ်ကတည်းက သင်္ချာတစ်ဘာသာထဲကိုပဲ အထူးပြုပြီး တစ်စိုက်မက်မက် သင်ကြားလာခဲ့တာ ဖြစ်ပြီးတော့ အောင်မြင်မှုများစွာလဲ ရရှိထားပြီးသား ဖြစ်ပါတယ်။ 💯

🥇အမျိုးမျိုးသော သင်ယူမှု behavior ရှိတဲ့ ကျောင်းသားတိုင်းကို အမျိုးမျိုးသော သင်ကြားမှုပုံစံများဖြင့် အဆင်ပြေ အလျှင်းသင့်အောင် သင်ကြားပေးခဲ့နိုင်ပြီ ဖြစ်ပြီး သင်ကြားသမျှ ကျောင်းသားတိုင်းကိုလဲ အောင်မြင်မှုပန်းတိုင်သို့ ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်။🥇

နှစ်စဉ် အတန်းခေါ်ယူမှု အလွန် နည်းပါးပြီး တက်ရောက်ဖြစ်တဲ့ ကျောင်းသားတိုင်းကို သင်္ချာဘာသာနဲ့ ပက်သက်ပြီး အထူး သေချာ ကြပ်မတ်ဂရုစိုက်ပေးခဲ့ပြီးပါပြီ။

⚠️ ကျောင်းသား မိဘတွေအနေနဲ့ မိမိတို့ ကလေးရဲ့ သင်္ချာဘာသာရပ်အပေါ် သင်ယူမှုကို တိုးတက်စေချင်လို့ပဲ ဖြစ်စေ… ပိုမို ထူးချွန်စေလိုဘဲ ဖြစ်စေ…ဆရာတို့ 𝗠𝗜𝗠 𝗔𝗰𝗮𝗱𝗲𝗺𝘆 ရဲ့ အထူး special သင်္ချာအတန်းကို join သင့်ပါတယ်။ ⚠️

ဆရာတို့ အခု May, June Intake ဖြေမယ့် ကလေးတွေအတွက် အထူးတန်းအနေနဲ့ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗖𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 တစ်ခုထဲကိုပဲ သီးသန့် အာရုံစိုက်ပြီး သင်ပေးမှာ ဖြစ်ပါတယ်။

အတန်းချိန်၊ ကျောင်းလခတွေကိုလဲ မက်ဆင်ဂျာကို လာခိုင်းမှာ မဟုတ်ပဲ အခု တစ်ခါထဲ ပြောပေးသွားမှာ ဖြစ်ပါတယ်။

အတန်းချိန်ကတော့ -

🕗 အပါတ်စဥ် စနေ (မနက် ၈ နာရီ - မနက် ၁၀ နာရီ) နှင့်
တနင်္ဂနွေ (မနက် ၈ နာရီ - မနက် ၁၀ နာရီ) ပဲ ဖြစ်ပါတယ် 🕙

တစ်လကို နာရီ ၂၀ သင်ကြားမှာ ဖြစ်ပြီးတော့ လိုအပ်မယ်ဆိုရင် အချိန်ပိုတွေနဲ့ အခြားသော အပိုထပ်ဆောင်းလိုအပ်မှုများကိုလဲ သေချာ ဂရုတစိုက် ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်။ 💯

🏦သင်တန်းကြေးကတော့ တစ်လ ကို ၁ သိန်း ၆ သောင်းကျပ် တိတိပဲ ဖြစ်ပါတယ်။🏦

⚠️ လျှော့စျေးလဲ မရှိပါဘူး… အပိုကြေးလဲ ထပ်မကောက်ပါဘူး… ဘာဆို ဘာမှ ထပ်မရှိပါဘူး။ အတိအကျကို ၁ သိန်း ၆ သောင်း တိတိပဲ ဖြစ်ပါတယ် ⚠️

စာအုပ်ကြေးနဲ့ ဘာဖိုး ညာဖိုးတွေ ဘာမှထပ်မကောက်ပါဘူး။ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေကို ရှင်းလင်းတဲ့ information တွေကိုပဲ အတိအကျ ပေးချင်တယ်။

ဆရာတို့ တစ်ကျောင်းလုံးက သင်္ချာဆရာတွေပဲမို့ တိကျ သေချာနေမှ ကြိုက်တာ ဖြစ်လို့ တိတိကျကျပဲ ပြောပါတယ်။

ကျောင်းသား တစ်ယောက် ရောက်လာရင် ဆရာတို့က ဒီတိုင်းသင်တာ မဟုတ်ပါဘူး။ ကျောင်းသားကို ရက်ပိုင်းလောက် သေချာ လေ့လာပြီး ကျောင်းသားနဲ့ သင့်တော်မယ့် Curriculum ကို သေချာ ရွေးချယ်ပြီး သင်ကြားပေးတာဖြစ်ပြီး အဆင်အပြေဆုံး သင်ကြားမှုဖြစ်အောင် လစဉ် သုံးသပ်ချက်တွေ၊ အစည်းအဝေးတွေ ပြုလုပ်ပြီး အမြဲ ဂရုစိုက် သင်ကြားပေးတာ ဖြစ်ပါတယ်။

သင်ကြားမယ့် ဘာသာရပ်တွေကတော့ -

📚 Cambridge IGCSE A Maths & E Maths ပဲ ဖြစ်ပါတယ်။ 📚

🌟 အတန်း စမယ့် ရက်ကတော့ နောက်လ ၃ ရက်နေ့ - 3.2.2024 ပဲ ဖြစ်ပါတယ်။ 🌟

တစ်ခြား သိချင်တာ ရှိသေးတယ်…. လေ့လာစုံစမ်းချင်တယ်… သိချင်တာပဲ ဖြစ်ဖြစ်… တက်ချင်တာပဲ ဖြစ်ဖြစ်....

(၁) ဆရာတို့ 𝗠𝗜𝗠 𝗔𝗰𝗮𝗱𝗲𝗺𝘆 Page ရဲ့ မက်ဆင်ဂျာမှာ စာလာပို့လို့ရမယ် 📲

(၂) ဆရာတို့ ကျောင်းဖုန်းနံပါတ် - 09 885 490 740 ကို ဖုန်းဆက် မေးမြန်းလို့ ရမယ် ☎️

(၃) ဆရာတို့ကို Viber (09 885 490 740) ကနေ ဆက်သွယ်မေးမြန်းလို့ ရပါတယ် 📱

⚠️ အတန်း မတက်ဖြစ်ဘူး ဆိုရင်လဲ ဆရာတို့ရဲ့ ကျောင်းသား လူငယ်တွေရဲ့ ရှေ့ရေး အနာဂတ်နဲ့ ပက်သက်ပြီး ကြိုက်ရာ လာဆွေးနွေးလို့ ရပါတယ်… ⚠️

ဆရာတို့ သိသလောက် အကုန် အခမဲ့ ပြန်လည်ပြောကြား ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းအရာ ဖြစ်ဖြစ် လူငယ်တွေရဲ့ အနာဂတ်နဲ့ ပက်သက်နေရင် ဆရာတို့နဲ့ သက်ဆိုင်တာပါပဲ။ 💯

အဲ့ဒါကြောင့် ဆရာတို့ ကျောင်းရဲ့ slogan က

“လူငယ်နှင့် ပညာရေး ဝေးသည် မရှိစေရ”
MIM Academy

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon