Amy

Amy

Share

Photos from Amy's post 15/08/2021

မင်မင်က သဘာဝကရရှိတဲ့ ဆေးစွမ်းကောင်း‌လေး တွေကို (part-3)အဖြစ် ဖော်ပြပေးလိုက်ပါတယ်❗

အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြ‌ပါနော် 👍👍👍

ပုံလေးတွေက ယူထားပါတယ်ရှင်

Photos from Amy's post 07/08/2021

မင်မင်က သဘာဝကရရှိတဲ့ ဆေးစွမ်းကောင်း‌လေး တွေကို (part-2)အဖြစ် ဖော်ပြပေးလိုက်ပါတယ်❗

အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြ‌ပါနော် 👍👍👍

ပုံလေးတွေက ယူထားပါတယ်ရှင်

04/08/2021

ဘယ်ချိန်တွေမှာ Skincare လုပ်သင့်လဲ … ❓

ဒီနေ့မှာတော့ မင်မင်က Skincare တွေကို ဘယ်ချိန်တွေမှာလုပ်တာဟာပိုပြီးထိရောက်နိုင်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ် ။ ဥပမာ - ည ၁၀ နာရီ နောက်ပိုင်း Cream လိမ်းတာက မျက်နှာအသားရေထဲကို သေချာစိမ့်ဝင်မှုအားနည်းတယ် ။

WHY ❓

ညအိပ်ယာဝင်ခံနီး အချိန်မှာ
လိမ်းတာဖြစ်လို့ Cream က ကိုယ့်ရဲ့ မျက်နှာအသားရေထဲကို မရောက်ပဲနဲ့ ခေါင်းအုံးထဲ ရောက်သွားတော့
ခေါင်းအုံးကို Skincare သလိုဖြစ်သွားတာမျိုးပေါ့ 😁😁😁

ဒါ့အပြင် တခြားအကြောင်းအရာတစ်ခုကလဲ ရှိနေပါသေးတယ် ။ ဆိုတော့ ပို့စ်လေးကို
ဆက်ကြည့်လိုက်ရအောင် ..... ❤

🍀 မနက် ၆:၀၀ နာရီ မှ ၇:၀၀ နာရီ 🍀

ဒီအချိန်ကတော့ မနက်အိပ်ယာထလို့ အကောင်းဆုံးအချိန်လဲဖြစ်သလို ခန္ဓာကိုယ်က နှလုံးခုန်နှုန်းမှန်ပြီး
Hormones တွေ စတင်လှုန့်ဆော်ပေးတဲ့
ချိန်ပဲဖြစ်ပါတယ် ။ ဒီလိုချိန်မှာ Skin က Moisturizing လုပ်လို့ အကောင်းဆုံးအချိန်ပါပဲ …။

ဆိုလိုချင်တာကတော့ ဒီချိန်မှာ ရေမိုးချိုးပြီး ၊ Moisturizer သုံးတာက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်နော် …။

🍀 မနက် ၈:၀၀ နာရီ 🍀

ဒီချိန်ကတော့ Skin ကို သန့်ရှင်းရေးလုပ်လို့အကောင်းဆုံးအချိန်ပါပဲ …. ။ ဒီလိုချိန်မှာဆို ရေခဲဝတ်လေးနဲ့ မျက်နှာအသားရေကို Cleansing လုပ်ပေးတာက အရေပြားတွင်းမှာရှိတဲ့ Dead Cells တွေကို
ဖယ်ရှားပေးနိုင်ပါတယ် ။ ခုလို Stay Home ချိန်ကတော့ အကောင်းဆုံးအချိန်ပါပဲ …. ။

🍀 မနက် ၈ နာရီ မှ ၁၂:၀၀ နာရီ 🍀

Skincare Treatments တွေ ပြုလုပ်ဖို့ အကောင်းဆုံးချိန်က ဒီချိန်လေးတွေပါ ….. ။ Organism’s Metabolism တွေက အရမ်းတွေ Active ဖြစ်နေတဲ့ချိန်မို့ ကိုယ်လုပ်လိုက်တဲ့ Skincare Treatments တွေက ပိုပြီးထိရောက်ပါတယ် ။

🍀 နေ့လည် ၁နာရီ မှ ၃ နာရီ 🍀

ဒီချိန်လေးကတော့ အသားရေရဲ့ စုပ်ယူုနိင်တဲ့ လုပ်ဆောင်ချက်တွေက Sluggish (နှေးကွေး) တာကြောင့် ဒီလိုချိန်မျိုးမှာ ဘာ Skincare မှ မသုံးတာက အကောင်းဆုံးပါပဲနော် ….. ။

🍀 ၄း၀၀ နာရီ မှ ၅း၀၀ နာရီ 🍀

ဒီချိန်မှာ ခန္ဒာကိုယ်က ပုံစံပြန်ကျလာပြီပဲ ဖြစ်ပါတယ်။ ဒီလိုချိန်လေးတွေမှာ အားကစားတမျိုးမျိုးလိုက်စားတာ၊ ပြေးခြင်း၊ ရေကူးခြင်း၊ ချွေးထုတ်ခန်း ဝင်ခြင်း နှင့် ပြေးတာမျိုးတွေ လုပ်နိုင်ပါတယ်..... ။

🍀 ည ၆း၀၀ နာရီ မှ ၈း၀၀ နာရီ 🍀

မျက်နှာကို Cleansing လုပ်တာ ၊ Exfoliation လုပ်တာမျိုးတွေ၊ Masks ကပ်တာမျိုးတွေ
လုပ်နိုင်ပါတယ် ။ ရေနွေးလေးနှင့် ရေချိုးခြင်း၊ ရေနွေးငွေ့ နှင့် Facial Treatment ခံယူခြင်းကလဲ အဆိပ်အတောက်များကို လျော့နည်းစေပြီး ကျန်းမာစွာ အိပ်ပျော်စေနိုင်ပါတယ်..... ။

🍀 ည ၁၀ နာရီ မှ ၁၁း၀၀ နာရီ 🍀

🍀 တကယ်လို့ ည၁၀နာရီ မတိုင်ခင်ထိ Interference တွေကို လက်မခံတော့ပါဘူး။ ဒါကြောင့် ဒီချိန်မှာ Cream ကိုလိမ်းဖြစ်သွားတာဆိုရင် အရေပြားက မစုပ်ယူနိုင်တော့တဲ့အတွက် မနက်ကျရင် ရောင်ရမ်းနေပါလိမ့်မယ်နော် …… ။

ဒါကြောင့်ဒီချိန်ရောက်ရင် ဘာမှမလိမ်းပဲနဲ့ မနက်အိပ်ယာထမှ လိမ်းတာက အသားရေကို ပိုပြီးနုပျိုလန်းဆန်းစေပါတယ် 🍀

အားလုံးးပဲ ဒီအချိန်လေးတွေကအတိုင်း Skincare Care ဖြစ်ကြရဲ့လား……။ တကယ်လို့ မလုပ်ဖြစ်သေးဖူးဆိုရင် ဒီစာလေးကိုဖတ်ပြီးချိန်ကစပြီး Skincare Time လေးကိုသေချာ ဂရုစိုက်ကြရအောင်နော် 💓💓💓

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon