Welcome - Home Essentials

Welcome - Home Essentials

Share

ကျွန်မတို့သည် Welcome - Home Essentials ကို မိသားစုတိုင်းအတွက် ပျော်ရွှင်နွေးထွေးစေတဲ့ မီးဖိုချောင်တစ်ခု အိမ်တိုင်းတွင် ဖန်တီးပေးစေလိုသော ရည်ရွယ်ချက်နဲ့ နွေးထွေးမှုလိုအပ်နေသူများကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီဖေးမပေးလိုသောကြောင့်လည်း စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်မတို့သည် တကယ်ကိုအသုံးဝင်ပြီး အချိန်ကုန်လူပင်ပန်းသက်သာစေသည့် မီးဖိုချောင်ပစ္စည်းများကို မကြိုက်ရင် ငွေပြန်အမ်းသောစနစ်ဖ

17/04/2024

💦🙏 မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်၊ ဧပြီလ (17) ရက်နေ့မှာ ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့ မဟာသင်္ကြန်အခါသမယမှာ စီးပွားလာဘ်လာဘတွေတိုးတက်ပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း Welcome Home Essentials (WHE) မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည် 💦🙏

07/12/2023

ယနေ့ ဒီဇင်ဘာလ (𝟕) ရက်နေ့ဟာဆိုရင်တော့ မြန်မာတို့ရဲ့ ❝(𝟏𝟎𝟑) ကြိမ်မြောက် အမျိုးသားနေ့❞ ပဲ ဖြစ်ပါတယ်။
‎‎‎‎
❝အမျိုးသားနေ့❞ ဟာ မြန်မာ့သမိုင်းစာမျက်နှာမှာ အလွန်တရာ အရေးပါခဲ့တဲ့ နေ့ထူးနေ့မြတ်တစ်ရက် ဆိုရင်လည်း မမှားပါဘူး။
‎‎‎‎
‎‎‎‎
🙌 ❝အမျိုးသားနေ့❞ ဖြစ်ပေါ်လာပုံကို အကျဉ်းချုံး ရှင်းပြရမယ်ဆိုရင် …

(𝟏𝟗𝟐𝟎) ပြည့်နှစ်ကာလမှာ ဗြိတိသျှကိုလိုနီ အစိုးရဟာ မျှတမှုမရှိတဲ့ ယူနီဗာစတီအက်ဥပဒေတစ်ရပ်ကို ပြဌာန်းပြီး မြန်မာကျောင်းသားများရဲ့ ပညာသင်ကြားခွင့်ကို ဖိနှပ်ချုပ်ချယ်ဖို့ ကြိုးစားခဲ့ပါတယ်။
‎‎‎
ဒီလိုဖိနှိပ်မှုကို သည်းခံနိုင်စွမ်းမရှိတဲ့ မြန်မာကျောင်းသားထုဟာ နောင်တစ်ချိန်မှာ အမျိုးသားအောင်ပွဲရယ်လို့ ဖြစ်လာမယ့် တက္ကသိုလ်ကျောင်းသားသပိတ်ကြီးကို စတင်ဆင်နွှဲခဲ့ကြပါတော့တယ်။
‎‎‎
ဒီသပိတ်ကြီးမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားများရဲ့ ရဲရင့်မှု ၊ စိတ်ဓာတ်ခိုင်မာမှု ၊ စည်းလုံးညီညာမှုတို့ကို မှတ်ကျောက်တင်ဂုဏ်ပြုတဲ့အနေနဲ့ တန်ဆောင်မုန်းလဆုတ် (𝟏𝟎) ရက်နေ့ကို ❝အမျိုးသားနေ့❞ အဖြစ် သတ်မှတ်ခဲ့ကြတာပါ။
‎‎
‎‎‎
🎉 ဒီလိုမျိုး အဓိပ္ပါယ်လေးနက်ပြီး သမိုင်းအနှစ်သာရပြည့်ဝလှတဲ့ ❝(𝟏𝟎𝟑) ကြိမ်မြောက် အမျိုးသားနေ့❞ ကို ညီမတို့ 𝐖𝐞𝐥𝐜𝐨𝐦𝐞 - 𝐇𝐨𝐦𝐞 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥𝐬 မိသားစုကနေပြီးတော့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုလိုက်ရပါတယ်ရှင်။
‎‎‎

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Address


No. 403, Tower A, The Leaf Residence, Hlaing Township
Yangon