SLOWA

SLOWA

Share

Photos from SLOWA's post 08/05/2026

English Below 👇

မြန်မာ ပြည်တွင်းဖြစ် ချည်ထည် တွေ ဈေးကြီးလိုက်တာလို့ တွေးဖူးကြတယ်မဟုတ်လား ...
အထည်တစ်ထည်ဖြစ်လာဖို့ အဆင့်ဆင့်လုပ်ရတဲ့ မြန်မာ့ချည်ထည် အကြောင်းတွေသိရင်
ဂုဏ်ယူစွာ နဲ့ ဝတ်ဆင်နိုင်ပါလိမ့်မယ်
ကုန်ကြမ်းကနေကုန်ချော ဖြစ်တဲ့အထိ လေ့လာကြည့်ပါ။။

Have you ever thought that Myanmar cotton fabrics are expensive? ...
If you know about the steps involved in making Myanmar cotton fabric, you will be able to wear it with pride.
Take a look at the process from raw material to finished product.

21/04/2026

*“သစ်ရွက်လေးတွေ ကြားထဲမှာ…
ငယ်ဘဝရဲ့အသံတွေကို ပြန်ကြားမိတယ်…
Slowa Ecoprint – memories you can feel.”
*“ငယ်ဘဝဆိုတာ…
လက်ထဲကောက်မိတဲ့ ရွက်လေးတစ်ရွက်နဲ့တောင် ပျော်ရွှင်နိုင်ခဲ့တဲ့ အချိန်ပါ…
နေရောင်အောက်မှာ လှည့်လည်ကစားခဲ့တဲ့နေ့တွေ၊
လေပြေလေးနဲ့အတူ အမှတ်တရတွေကို သယ်ဆောင်သွားတဲ့အချိန်တွေ…
ဒီနေ့…
အဲဒီမေ့မရတဲ့အချိန်တွေကို Slowa ရဲ့ Ecoprint အထည်တိုင်းထဲမှာ ပြန်လည်သိမ်းဆည်းထားပါတယ်…
ရွက်တစ်ရွက်ချင်းစီမှာ အမှတ်တရတွေ ရှိနေသလို…
အထည်တစ်ထည်ချင်းစီမှာလည်း မေ့မရတဲ့ ခံစားချက်တွေရှိနေပါတယ်…
သဘာဝနဲ့အတူ…
သင့်ရဲ့ငယ်ဘဝကို ပြန်လည်ထိတွေ့ကြည့်ပါ…

13/04/2026

“ရိုးရာဆိုတာ…
မျက်စိနဲ့မြင်ရတာထက် စိတ်နဲ့ခံစားရတာပါ”
ဒီနေ့ အပြင်သွားရင်း လမ်းမှာတွေ့ခဲ့ရတဲ့
ရခိုင်ရိုးရာ ရဟန်းခံရှင်ပြု ပွဲ အလှက
ရိုးရှင်းပေမယ့် အလွန်အမင်း အဓိပ္ပါယ်ရှိသလိုခံစားရပါတယ်…
တေးသံတွေ၊ ဝတ်စုံအလှတွေက
မြန်မာ့ယဉ်ကျေးမှုရဲ့ အလှကို မြင်နိုင်ခဲ့တယ် 🌿
ဒီလိုပွဲလေးတွေက မြင်ချင်တိုင်းမြင်ခွင့်မရတဲ့ ပွဲလေးတွေပါ
ရိုးရာဓလေ့တွေ မပျောက်ကွယ်သေးဘူးဆိုတာကို
ပြန်လည်သတိပေးနေသလိုပါပဲ…
💛

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Kabaraye Pagoda Road
Yangon