OSC Pharmacy

OSC  Pharmacy

Share

28/05/2026

🌙🤍 𝐇𝐚𝐩𝐩𝐲 𝐄𝐢𝐝 𝐚𝐥-𝐀𝐝𝐡𝐚 𝐌𝐮𝐛𝐚𝐫𝐚𝐤 🌙🤍

အစ်ဒ်နေ့မြတ်မှစ၍ ဘဝတစ်သက်တာလုံး ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းနှင့် အောင်မြင်ခြင်းမင်္ဂလာအပေါင်း ခိုအောင်းပါစေကြောင်း ဥက္ကလာဆေးရုံမှ လှိုက်လှဲစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်...🌙🤍

05/05/2026

🧼 𝐖𝐨𝐫𝐥𝐝 𝐇𝐚𝐧𝐝 𝐇𝐲𝐠𝐢𝐞𝐧𝐞 𝐃𝐚𝐲 𝟐𝟎𝟐𝟔🌍🦠🖐️
ဒီနေ့ မေလ (၅) ရက်နေ့လေးဟာ တစ်ကမ္ဘာလုံးက အထူးအလေးပေး ဂရုပြုကြတဲ့ "𝐖𝐨𝐫𝐥𝐝 𝐇𝐚𝐧𝐝 𝐇𝐲𝐠𝐢𝐞𝐧𝐞 𝐃𝐚𝐲" ဖြစ်ပါတယ်။ ✨ ဒီနှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "𝐀𝐜𝐭𝐢𝐨𝐧 𝐬𝐚𝐯𝐞𝐬 𝐥𝐢𝐯𝐞𝐬!"ဆိုတဲ့အတိုင်း လက်ကို စနစ်တကျ ဆေးကြောခြင်းက ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်နိုင်ပါတယ်။ 💪

လက်သန့်ရှင်းရေးက ဘာကြောင့် အရေးကြီးတာလဲ? ❓
ကျွန်တော်တို့ရဲ့ လက်တွေဟာ နေ့စဉ်လှုပ်ရှားမှုတွေမှာ ရောဂါပိုးမွှားတွေ၊ အညစ်အကြေးတွေနဲ့ အမြဲထိတွေ့နေရပါတယ်။

🦠 လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စနစ်တကျ ဆေးကြောတာဟာ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပြီး၊ 🧼 မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကတစ်ဆင့် ရောဂါပိုးတွေ ကူးစက်ဝင်ရောက်မှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ 🛡️

ဘယ်အချိန်တွေမှာ လက်ကို မဖြစ်မနေ ဆေးကြောသင့်ပါသလဲ? ⏰
• အစာမစားမီနှင့် စားသောက်ပြီးတိုင်း 🍽️
• အိမ်သာအသုံးပြုပြီးတိုင်း 🚽
• အိမ်သန့်ရှင်းရေး လုပ်ပြီးတိုင်း 🧹
• အပြင်ထွက်၊ လမ်းလျှောက်၊ ဆော့ကစားပြီး ပြန်ရောက်တိုင်း 🚶
• အိမ်မွေးတိရစ္ဆာန်များကို ကိုင်တွယ်ပြီးတိုင်း 🐾
• ဖျားနာနေသူများကို ပြုစု/လူနာမေးသွားပြီးတိုင်း 🤒
• နှာချေ၊ ချောင်းဆိုးပြီး မိမိမျက်နှာကို ထိမိတိုင်း 🤧

မိမိတို့ရဲ့ လက်ကို မကြာခဏ စနစ်တကျ ဆေးကြောပေးခြင်းဖြင့် မိမိကိုယ်တိုင်သာမက မိမိချစ်ခင်ရသူတွေကိုပါ ရောဂါဘယတွေကနေ ကာကွယ်ပေးကြပါစို့။ ✨❤️🧼

01/05/2026

👷‍♂️ အလုပ်သမားနေ့ 🛠️
မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ကို OSC ဆေးရုံမိသားစုကနေ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်...💐

မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အားတက်သရော ကြိုးစားအားထုတ်နေကြတဲ့ အလုပ်သမားထုကြီးဟာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစားထိုးမရတဲ့ မောင်းနှင်အား ပဲ ဖြစ်ပါတယ်... 💪⚙️

ဒါကြောင့် နိုင်ငံတစ်ဝန်းရှိ အလုပ်သမားထုကြီးတစ်ရပ်လုံး ရောဂါဘယ ကင်းဝေးကြပါစေ၊ 😇 အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အဆင်ပြေချောမွေ့ပြီး ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေလို့ OSC ဆေးရုံမိသားစု ကနေ မေတ္တာရှေ့ထား ဆုတောင်းပေးလိုက်ပါတယ်ရှင်။ 🙏✨

#အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့

30/04/2026

”ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်” 💧🌳

ဒီနေ့ (၃၀.၄.၂၀၂၆) ကြာသပတေးနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ "ကဆုန်လပြည့် ဗုဒ္ဓနေ့" ပဲ ဖြစ်ပါတယ်... 🌕🙏

ကဆုန်လရာသီဟာ အပူရှိန် အပြင်းထန်ဆုံးအချိန်ဖြစ်လို့ ရေအိုင်၊ ရေတွင်းတွေ ခမ်းခြောက်တတ်တဲ့ ရာသီပါ။ ☀️🍂 ဒါကြောင့်လည်း မြတ်စွာဘုရားရှင် ပွင့်တော်မူရာ ဗောဓိညောင်ပင်ကြီး အပူရှိန်ကြောင့် ညှိုးခွေမသွားစေဖို့ ရည်ရွယ်ပြီး စေတနာသဒ္ဓါတရား ထက်ထက်သန်သန်နဲ့ "ညောင်ရေသွန်းလောင်း" ပူဇော်ကြတဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာလေး ပေါ်ပေါက်လာခဲ့တာပါ... 💦🌳✨

ကဆုန်လပြည့်နေ့ဟာ မြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခြင်းနဲ့ ပရိနိဗ္ဗာန် စံဝင်ခြင်းဆိုတဲ့ ထူးခြားတဲ့ အဖြစ်အပျက် (၄) ခု တစ်နေ့တည်းမှာ ဆုံတွေ့တဲ့နေ့မို့ "ဗုဒ္ဓနေ့" လို့လည်း ခေါ်ဆိုကြပါတယ်ရှင်။ ✨☸️✨

ဒီလို နေ့ထူးနေ့မြတ်မှာ မြန်မာလူမျိုးတို့ရဲ့ ဓလေ့အတိုင်း သံဃာတော်တွေကို ဆွမ်းလောင်းလှူခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့အပြင် ဇိဝိတဒါနအဖြစ် ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်း စတာတွေကိုလည်း တပျော်တပါး ကုသိုလ်ယူလေ့ ရှိကြပါတယ်... 🍛🪷🐟🕊️

ဒီနေ့မှာ ပြုလုပ်ကြတဲ့ ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ဘေးဘယာဝေးကွာ ကြပါစေကြောင်း OSC ဆေးရုံမိသားစုကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်...🙏🏥💙

#ကဆုန်လပြည့်ဗုဒ္ဓနေ့
#ညောင်ရေသွန်းပွဲတော်

25/04/2026

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ဟာ ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့ (World Malaria Day) ဖြစ်ပါတယ်။ 🌍 ၂၀၂၆ ခုနှစ်၏ ဆောင်ပုဒ် မှာ "Driven to End Malaria: Now We Can. Now We Must." ဖြစ်ပြီး ငှက်ဖျားရောဂါကို အဆုံးသတ်ဖို့ အခုပဲ အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြစို့ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ 📢

ငှက်ဖျားရောဂါဆိုတာ ရောဂါပိုးရှိတဲ့ အနောဖိလိခြင်မ 🦟 မှတဆင့် ကူးစက်ပြီး ပလက်စ်မိုဒီယမ် ကပ်ပါးပိုးကြောင့် ဖြစ်ပွားပါတယ်။ ပလတ်စ်မိုဒီယမ် ကပ်ပါးပိုး (၅) မျိုးရှိပြီး ပလတ်စ်မိုဒီယမ် ဖယ်လ်ဆီပါရမ်၊ ပလတ်စ်မိုဒီယမ် ဗိုင်းဗက်စ်၊ ပလတ်စ်မိုဒီယမ် အိုဗေလီ၊ ပလတ်စ်မိုဒီယမ် မလေးရီးယေးနှင့် ပလတ်စ်မိုဒီယမ် နော်လီစိုင်း တို့ ဖြစ်ပါတယ်။ 🔬

ပလတ်စ်မိုဒီယမ် ဖယ်လ်ဆီပါရမ်က ပြင်းထန်ငှက်ဖျားရောဂါကို ဖြစ်စေနိုင်ပြီး အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ⚠️ ပလတ်စ်မိုဒီယမ် ဖယ်လ်ဆီပါရမ်က အများအားဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်းဒေသများမှာ ပိုမိုဖြစ်ပွား ပျံ့နှံ့ပြီး ပလတ်မိုဒီယမ် ဗိုင်းဗက်စ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများမှာ ပိုမိုဖြစ်ပွားတတ်သည်ကို တွေ့ရပါတယ်။ 📍

၂၀၁၈ ခုနှစ် စက်တင်ဘာလက WHO ရဲ့ ဖော်ပြချက်များအရ မြန်မာနိုင်ငံရဲ့ မြို့နယ် (၃၃၀) မှာ (၂၉၁) မြို့နယ်မှာ ငှက်ဖျားဖြစ်ပွားဒေသတွေဖြစ်နေသေးတဲ့အတွက် ငှက်ဖျားရောဂါကူးစက်မှုအန္တရာယ်ကို အထူး သတိထားရဦးမှာ ဖြစ်ပါတယ်။ 🇲🇲

အထူးသဖြင့် အဖြစ်အများဆုံး လတွေဖြစ်တဲ့ မေလမှ စက်တင်ဘာလအတွင်း ပိုမိုဂရုစိုက်ကာကွယ်သင့်ပါတယ်။ 🌧️

ငှက်ဖျားရောဂါဖြစ်ပွားတဲ့ လူနာများဟာ တုပ်ကွေးဖြစ်သကဲ့သို့ ချမ်းတုန်၍ ဖျားတတ်တာကနေ တစ်ခါတရံ ရောဂါပြင်းထန်နိုင်ပါတယ်။ 🤒

ငှက်ဖျားရောဂါလက္ခဏာက ရောဂါပိုးရှိတဲ့ အနောဖိလိခြင်မ အကိုက်ခံရပြီး ၁၀ ရက်ကနေ ၁၅ ရက်အတွင်းမှာ ပြသတတ်ပါတယ်။ အသက်အရွယ်မရွေး၊ ကျား၊မ မရွေး ငှက်ဖျားရောဂါ ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။ 👨‍👩‍👧‍👦

ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသမှာနေထိုင်ရင် ဒါမှမဟုတ် အဲဒီလိုဒေသကို သွားခဲ့ဖူးတယ် ဆိုရင် ငှက်ဖျားရောဂါနဲ့ဆိုင်တဲ့ အောက်ပါလက္ခဏာတွေကို သိထားသင့်ပါတယ်– 👇

အဖျားတက်ခြင်း 🌡️
ချွေးစေးထွက်ခြင်း 💦
ခိုက်ခိုက်တုန်အောင် ချမ်းခြင်း 🥶
ခေါင်းကိုက်ခြင်း 💆‍♂️
ကြွက်သားနာခြင်း 💪
မောပန်းနွမ်းနယ်ခြင်း 😫
မအီမသာဖြစ်ခြင်း 🤢
အော့အန်ခြင်း 🤮
ဝမ်းလျှောခြင်း 🚽
ဘယ်လို ကာကွယ်နိုင်မလဲ? 🛡️
ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသမှာ နေထိုင်တယ်ဆိုရင် . . .
အပေါက်အပြဲမရှိတဲ့ ဆေးစိမ် ခြင်ထောင် ထောင်အိပ်ပါ။ 🕸️
အိမ်မှာ ခြင်နိုင်ဆေးဖြန်းထားပါ။ 💨

တံခါးနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာ တပ်ထားပါ၊ 🚪
တစ်ကိုယ်လုံး လုံလုံခြုံခြုံရှိစေမယ့် အဝတ်အစားတွေကို ဝတ်ပါ။ 👕
ခြင်တွေအောင်းနေတတ်တဲ့ ချုံများတဲ့နေရာနဲ့ ခြင်တွေ ပေါက်ပွားလေ့ရှိတဲ့ ရေတွင်းရေကန်နားမှာ မနေပါနဲ့။ 🌿

ရောဂါကူးစက်ခံရရင်လည်း အမြန်ဆုံး ဆေးကုသမှု ခံယူပါ။ 🏥
ငှက်ဖျားဟာ စောစောသိပြီး စနစ်တကျ မှန်ကန်သောကုထုံးဖြင့် ပြုစုကုသမှု ခံယူရန် လိုအပ်ပါတယ်။ ငှက်ဖျားရောဂါဟု သံသယရှိပါက တတ်နိုင်သမျှ စောစီးစွာ (၂၄) နာရီအတွင်း နီးစပ်ရာ ကျန်းမာရေးဌာနမှာ သွေးဖောက်စစ်ဆေးရပါမယ်။ 💉 စစ်ဆေးပြီး ငှက်ဖျားပိုးတွေ့လျှင် အစွမ်းထက်တဲ့ ငှက်ဖျားဆေးများကို ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာသောက်သုံးပေးပါက သက်သာပျောက်ကင်းနိုင်ပါတယ်။
💊 ငှက်ဖျားအမျိုးအစား အလိုက် သောက်ရမယ့်ဆေးတွေ မတူနိုင်တာနဲ့ ငှက်ဖျားကပ်ပါးပိုး ခန္ဓာကိုယ်ထဲကျန်နေပြီး အခြားသူတွေကို ဆက်လက်မကူးအောင် အမြစ်ပြတ်ကုသဖို့ လိုအပ်ချက်တွေ ရှိတာကြောင့် ငှက်ဖျားဆေးများကို မိမိသဘောအတိုင်း ဝယ်မသောက်ဘဲ ကျန်းမာရေးဌာနများရဲ့ ညွှန်ကြားချက် အတိုင်း ကုသမှု ခံယူသင့်ပါတယ် ✨

Day2026 #ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 137(D), Thudhamar Road, North Okkalapa Township
Yangon

Opening Hours

Monday 06:00 - 23:59
Tuesday 06:00 - 23:59
Wednesday 06:00 - 23:59
Thursday 06:00 - 23:59
Friday 06:00 - 23:59
Saturday 06:00 - 23:59
Sunday 06:00 - 23:59