Kool Korean
10/05/2024
မင်္ဂလာပါရှင်
Kool Korean page မှာ Yonsei Korean Level 1 မှ Grammar များကို နေ့စဉ် ရှင်းလင်းချက်များနှင့်အတူ ဖော်ပြပေးနေရာက အကြောင်းအမျိုးမျိုးကြောင့် အချိန်အတော်ကြာ ပျက်ကွက်ခဲ့ရမှုအတွက် Page Follower များအားလုံးကို တောင်းပန်ပါရစေရှင်။ 🙏🙏
Korean Language ကို စိတ်ဝင်စားသူများအတွက် Grammar Tips, Vocabs, Short Conversation/ Dialogue များကို လွယ်ကူထိရောက်စွာ လေ့လာနိုင်မယ့် Learning Space လေး တစ်ခုဖြစ်စေဖို့ ကြိုးစားသွားပါမယ်။ 💪💪
စိတ်ဝင်တစား စောင့်ကြည့်လေ့လာပေးသူများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 🤗🤗
Online Korean Class တက်ရောက်လိုပါက Kool Korean Page "Message Box" (or) 09968158178 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 🙂🙂
ကောင်းသောနေ့လေး ဖြစ်ပါစေ။
Kool Korean
Your Korean Study Partner
Grammar tips!
에게 & 에게서
● 에게 (ဆီသို့) (give)
(တစုံတယောက်ဆီသို့) ပေးပို့ခြင်းကို ရည်ညွှန်းပါတယ်။
ပေးသည်/ပေးပါ လို့အဓိပ္ပာယ်ရပါတယ်။
한테, 게 ဟူ၍လည်း သုံးနိုင်ပါတယ်။
ဥပမာ
•진구에게 책을 비려졌습니다.
သူငယ်ချင်းကို စာအုပ်ငှားလိုက်တယ်။
(သူငယ်ချင်းကို ပေးလိုက်တယ်)
•저에게 한국말을 가르쳐주세요.
ကျနော့ကို ကိုရီးယားဘာသာစကား သင်ပေးပါ။
(ကျနော့ကို သင်ပေးပါ)
● 에게서 (ထံမှ) (take)
(တစုံတယောက်ထံမှ) ရယူခြင်းကို ရည်ညွှန်းပါတယ်။
ရသည်/ ရတာလဲ/ ရတာလား လို့အဓိပ္ပာယ်ရပါတယ်။
한테서, 게서 ဟူ၍လည်း သုံးနိုင်ပါတယ်။
ဥပမာ
•선생님한테서 한국말을 배웁니다.
ဆရာမထံမှ ကိုရီးယားဘာသာစကားကို သင်ယူပါတယ်။(ဆရာမထံကနေ ရယူခြင်းကို ဖော်ပြပါတယ်)
•이거 누구한테서 받았어요?
ဒီဥစ္စာ ဘယ်သူ့ဆီကရတာလဲ။
(မည်သူ့ထံကနေ လက်ခံရရှိတာလဲ ဆိုတာကို မေးမြန်းခြင်းဖြစ်ပါတယ်)...................................................................................
Kool Korean Page မှ Grammar tips များကို အလျင်းသင့်ရင်သင့်သလို ဖော်ပြပေးမှာမို့ စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။
Online Korean Class တက်ရောက်လိုပါက Kool Korean Page "Message Box" မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 🙂🙂
ကောင်းသောနေ့လေး ဖြစ်ပါစေ။
Kool Korean
Your Korean Study Partner
26/02/2024
Daily Grammar
28) “ㅡ지요” (_____မလား/လား?)
“ㅡ지요” ဆိုတဲ့ အဆုံးသတ်စကားလုံးကို Verb နဲ့ တွဲသုံးပြီး၊ ပြောသူက နားထောင်သူဆီမှ သဘောထားတူညီမှုနှင့် သေချာမှုမရှိသေးတဲ့ အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး မေးမြန်းပြောဆိုတဲ့အခါမှာ သုံးပါတယ်။
ဥပမာ_
날씨가 덥지요?
(ရာသီဥတုက ပူတယ်မလား? ပူတယ်နော်?)
선생님이 좋지요?
(ဆရာမက ကောင်းတယ်မလား? ကောင်းတယ်နော်?)
오늘이 목요일이지요?
(ဒီနေ့က ကြာသာပတေးနေ့မလား? ကြာသာပတေးနေ့နော်?)
………………………………………
Yonsei Korean Level 1 မှ Grammar များကို နေ့စဉ် ရှင်းလင်းချက်များနှင့်အတူ ဖော်ပြပေးသွားမှာမို့ စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ 🤗🤗
Online Korean Class တက်ရောက်လိုပါက Kool Korean Page "Message Box" မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 🙂🙂
ကောင်းသောနေ့လေး ဖြစ်ပါစေ။
Kool Korean
Your Korean Study Partner
26/02/2024
Daily Grammar
27) “ㅡ어요/아요/여요” (_____တယ်၊ မယ်)
“ㅡ어요/아요/여요” ဆိုတဲ့ အဆုံးသတ်စကားလုံးကို Verb နဲ့ တွဲသုံးပြီး၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ရင်းနှီးရသူများနှင့် စကားပြောဆိုတဲ့အခါမှာ သုံးပါတယ်။
‘아,오’ နှင့် အဆုံးသတ်သော Verb တွေဆို ‘ㅡ아요’
‘어,우,으,이’ နှင့် အဆုံးသတ်သော Verb တွေဆို ‘ㅡ어요’
‘하다’ နှင့် အဆုံးသတ်သော Verb တွေဆို ‘ㅡ여요’/ ‘ㅡ해요’ အဆုံးသတ်စကားလုံးများနဲ့ အသီးသီး တွဲဖက်ပြောပါတယ်။
ဥပမာ_
가아요 – 가요 (သွားတယ်/မယ်)
오아요 – 와요 (လာတယ်/မယ်)
서어요 – 서요 (မတ်တပ်ရပ်တယ်/မယ်)
배우어요 – 배워요 (သင်ယူတယ်/မယ်)
바쁘어요 – 바뻐요 (အလုပ်များတယ်/မယ်)
기다리어요 – 기다려요 (စောင့်တယ်/မယ်)
사랑하여요 – 사랑해요 (ချစ်တယ်)
………………………………………
Yonsei Korean Level 1 မှ Grammar များကို နေ့စဉ် ရှင်းလင်းချက်များနှင့်အတူ ဖော်ပြပေးသွားမှာမို့ စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ 🤗🤗
Online Korean Class တက်ရောက်လိုပါက Kool Korean Page "Message Box" မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 🙂🙂
ကောင်းသောနေ့လေး ဖြစ်ပါစေ။
Kool Korean
Your Korean Study Partner
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 10:00 - 16:00 |
| Tuesday | 10:00 - 16:00 |
| Wednesday | 10:00 - 16:00 |
| Thursday | 10:00 - 16:00 |
| Friday | 10:00 - 16:00 |
| Saturday | 10:00 - 16:00 |