Learn Russian With Ramashka
Handmade ပစ္စည်းလေးတွေရယ်၊ cosmetics လေးတွေရယ်၊ တခြားအသုံးအဆောင်ပစ္စည်းလေးတွေကို ဒီ pageလေး မှာ ဝယ်လို့ရပါတယ်နော်။
အာ့လေး ကြော်ငြာ လာဝင်တာပါ🤭
Roza's Handmade & Clothing Handmade is Heartmade �
21/01/2022
Вчерашний день - это история!📝
Завтрашний - загадка!💫
Сегодняшний - подарок!🎁
Наслаждайтесь каждым моментом!🥰
🌼
10/01/2022
Introduction to Russian Alphabets! 👩💻
ခုမှ ရုရှားဘာသာစကားကိုစပြီးလေ့လာလိုသူများအတွက်ပါ😍
-ရုရှားဘာသာစကားမှာAlphabet(၃၃)လုံး ရှိပါတယ်
၎င်း alphabet တွေကိုလေ့လာတဲ့အခါမှာ....
✅ပုံနှိပ်စာလုံး (အကြီး/အသေး) နဲ့
(Type လုပ်ထားတဲ့ စကားလုံးတွေကို ဖတ်တတ်ဖို့ပါ)
✅လက်ရေးစာလုံး (အကြီး/အသေး) ဆိုပြီး မှတ်ရပါတယ်။ (မိမိကိုယ်တိုင် ရေးတတ်ဖို့အတွက်ပါ၊ မဖြစ်မနေ လေ့ကျင့်ရပါမယ်)
ပုံနှိပ်စာလုံး (ကြီး/သေး) ရော လက်ရေးစာလုံး (ကြီး/သေး) ကိုပါ ရေးတတ်နေမယ်ဆိုရင်တော့ Perfect ပေါ့😉
တချို့ စာလုံးလေးတွေကတော့ စာလုံးအကြီး နဲ့ အသေး ဆင်တူတာလေးတွေရှိပါတယ်။
✅ရေးနည်းစကျင့်မယ်ဆိုရင် လေးကြောင်းမျဉ်းနဲ့ လေ့ကျင့်တာ ပိုပြီးအကောင်းဆုံးပါ⭐⭐⭐⭐⭐
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
အသံထွက်လေးတွေကို မြန်မာအသံထွက်နဲ့ အနီးစပ်ဆုံး ရေးပြပေးထားပါတယ်။
А а : အာ
Б б : ဘယ်
В в : ဗယ်
Г г : ဂယ်
Д д : ဒယ်
Е е : ယယ်
Ё ё : ယော်
Ж ж: :Zhe ( ဒီစာလုံးလေးကတော့ အင်္ဂလိပ်စကားလုံး pleasure/treasure တို့က -zh အသံ နဲ့တူပါတယ်)
З з: ဇယ်
И и : အီ
Й й : အီကရတ်ကာယဲ
К к : ကာ
Л л : အယ်လ် ( like "L" )
М м : အမ်မ် ( like 'M" )
Н н : အန်န် ( like "N" )
О о : အော်
П п : ပယ်
Р р : အယ်ရ်(တတ်နိုင်သမျှလျှာကိုလိပ်ပြီးဆိုပါ😅)
С с : အက်စ် (like "S" )
Т т : သယ်
У у : အူ
Ф ф : အက်ဖ်
Х х : ဟာ
Ц ц : ဆယ်
Ч ч : ချယ်
Ш ш : ရှာ (သံညှင်း)
Щ щ : ရှာ (သံပြင်း)
Ъ ъ : သဗျောဒီးဇနတ်ခ်
Ы ы : အီး
Ь ь : မျကီးဇနတ်ခ်
Э э : အဲ
Ю ю: ယူ
Я я : ယာ
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
လက်ရေးစာလုံး ရေဆွဲနည်းကို အောက်က YouTube video လေးကနေ လေ့လာနိုင်ပါတယ်👇
(အသံထွက်လည်း ပါ ပါတယ်)
https://youtu.be/XLxzTWNhMes
အာလုံးပဲ အဆင်ပြေကြပါစေလို့ ဆန္ဒပြုလျက်.….
🌼
Learn Russian With Ramashka Fb Page ကနေ ကြိုဆိုလိုက်ပါတယ်။😍
ဒီ page လေးကနေပြီး
🧑🏫ရုရှားဘာသာစကားနဲ့ပတ်သက်တဲ့ သင်ခန်းစာလေးတွေအပြင်
ရုရှားလူမျိုးတွေရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ပြန်လည်ပြီး မျှဝေပေးသွားပါ့မယ်။
နောက်ရက်မှာ ဒီ Fb Page လေးရဲ့ နာမည်လေးထဲက Ramashka ဆိုတဲ့ အမည်လေးကို ရှင်းပြပေးပါ့မယ်။
စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon