Forward Motion Car Rental

Forward Motion Car Rental

Share

28/11/2020

🟢 အားလုံးပဲ မဂ်လာညချမ်းလေးပါဗျာ။

🟢 Travel Memories Photos ပြိုင်ပွဲကို ဝင်ရောက်ပါဝင်ခဲ့သော ခရီးသွားချစ်သူများအားလုံးကို Admin တို့ဘက်မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

🟢 အခု Admin တို့ဘက်မှ ပြိုင်ပွဲဝင်ဓာတ်ပုံများကို သေချာစီစစ်ပြီးတော့ ရွေး​ချယ်ထားပါတယ်ဗျ။

🟢 Admin တို့ဘက်မှ ပြိုင်ပွဲဝင် ဓာတ်ပုံများကိုစီစစ်ရွေးချယ်တဲ့ နေရာမှာ အမှတ်တရခရီးစဉ်တွေ၊ အမှတ်တရရိုက်ထားသော ဓာတ်ပုံလေးတွေ ဖြင့် ခရီးသွားချစ်သူတို့ရဲ့ စစ်မှန်တဲ့စိတ်အရင်းခံဖြင့်ဝင်ပြိုင်ထားသော ဓာတ်ပုံများလည်းရှိသလို၊ မူမမှန်သောနည်းလမ်းများအသုံးပြုပြီး Auto Like များဖြင့် ပြိုင်ပွဲဝင်ထားသော ဓာတ်ပုံများကိုလည်းတွေ့ရပါတယ်။

🟢 Admin တို့ရွေးချယ်လိုက်တဲ့ ဓာတ်ပုံများမှာ ပြိုင်ပွဲဝင်များအားလုံးအတွက် မျှတမှန်ကန်မှုရှိအောင်ရွေးချယ်ထားပြီး၊ ရရှိမဲ့ ဆုကြေးများကလည်း ပြိုင်ပွဲဝင်များအတွက် တိကျမှန်ကန်မှုရှိအောင် Admin တို့ကိုယ်တိုင်က မဲ နှိုက်ဆုံးဖြတ်ခြင်းပုံစံဖြင့် ဆုချီးမြှင့်သွားမှာပါဗျ။

🟢 Admin တို့ဘက်မှ ဆုချီးမြှင့်မဲ့ အစီအစဉ်လေးကိုလည်း ပြောပြပါရစေဗျ။

1️⃣ ပထမ ဆု အနေဖြင့် Like (700 to 2K ) အတွင်းရရှိထားသော ပြိုင်ပွဲဝင်ဓာတ်ပုံများ၊

2️⃣ ဒုတိယ ဆု အနေဖြင့် Like (2K) နှင့် အထက်ရရှိထားသော ပြိုင်ပွဲဝင်ဓာတ်ပုံများ၊

3️⃣ တတိယ ဆု အနေဖြင့် Like (150 to 300) အတွင်းရရှိထားသော ပြိုင်ပွဲဝင်ဓာတ်ပုံများ နှင့်

4️⃣ Special Travel Award အတွက် Like (300 to 700) အတွင်းရရှိထားသော ပြိုင်ပွဲဝင်ဓာတ်ပုံများ အားလုံးကို မဲ နှိုက် ဆုံးဖြတ်ခြင်း စနစ်ဖြင့် မျှတမှုရှိအောင် ဆုများချီးမြှင့်သွားပေးမှာ ဖြစ်ပါတယ်ဗျ။

🟢 ပြိုင်ပွဲဝင် ဓာတ်ပုံများအားလုံးကို (29.11.2020) ရက်နေ့ ညနေ (6) နာရီ အချိန်တွင် LIVE လွင့်မဲနှိုက်ဆုံးဖြတ်ခြင်းဖြင့် ဆုများကိုချီးမြှင့်ပေးသွားမှာပါဗျ။

🟢 ဆုမရရှိခဲ့သော ပြိုင်ပွဲဝင်များအတွက်လည်း Admin တို့ဘက်မှ ဖုန်းဘေများ မဲဖောက်ပေးမယ့် အစီအစဉ် တွေလည်း တခါတည်းပြုလုပ်ပေးသွားအုံးမှာပါဗျ။✌️✌️

🟢 ခရီးသွားအမှတ်တရ ပြိုင်ပွဲဝင်များ အားလုံးကို Admin တို့ဘက်မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။

📞09-400019118
📧 [email protected]

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 808, Aung Thu Kha(6) Street, Front Quarter, Thar Kay Ta Tsp
Yangon
11181