Hanuman Product - Foot Patch
30/03/2022
နွေရာသီမှာဆိုရင် နေရောင်ခြည်ဒဏ်ပြင်းပြီး အရမ်းအိုက်ပါတယ်။
ဒီလိုအချိန်မှာ ရေဓာတ်ကုန်ခန်းမှုတွေမဖြစ်အောင် ရေများများသောက်ပေးရမယ်ေနာ
နွေရာသီမှာ ပေါ်လာတဲ့ရာသီစာ သစ်သီးတွေကလည်း ကျန်းမာရေးနဲ့ညီညွှတ်ပြီး သင့်ကို ရေဓာတ်ပြည့်ဝအောင် ကူညီပေးနိုင်ပါတယ်။
အသီးတွေက အရသာရှိရုံသာမက ကျန်းမာရေး အကျိုးကျေးဇူးတွေ လည်းရှိပါတယ်။ နွေရာသီမှာ စားပေးသင့်တဲ့ ရာသီစာအသီးတွေကတော့
၁.လိုင်ချီး
လိုင်ချီးသီးက ဗီတာမင်စီနဲ့ အန်တီအောက်စီဒန့်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီအသီးက ကိုယ်အလေးချိန်ကျအောင်၊ ကိုယ်ခံအားစနစ်တိုးမြှင့်အောင်၊ သွေးဖိအားလျော့နည်းအောင်ကူညီပေးသလို အသားရေအတွက်လည်း ကောင်းပါတယ်။
၂.သရက်သီး
ဒီရာသီစာအသီးက အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အန်တီအောက်စီဒန့်ဓာတ်တွေကြွယ်ဝပါတယ်။ သွေးထဲက ကိုယ်လက်စထရော ပမာဏနည်းအောင် ကူညီပေးတဲ့ပတ်တင်း (Pectin) ဒြပ်ပမာဏလည်း မြင့်မားစွာပါဝင်ပါတယ်။
၃.ကျွဲကောသီး
ကျွဲကောသီးက အမျှင်၊ ဗီတာမင်စီ၊ ဗီတာမင် B6နဲ့ ပိုတတ်စီယမ်ဓာတ်တွေပါဝင်ပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သံဓာတ်လည်းကြွယ်ဝပြီး ပင်ပန်းနွမ်းလျခြင်းနဲ့ အိပ်မပျော်ခြင်းတို့ကို တိုက်ဖျက်ပေးပါတယ်။
၄.စောင်းလျားသီး
စောင်းလျားသီးက ကယ်လိုရီဓာတ်နည်းပြီး အမျှင်ဓာတ်ကြွယ်ဝပါတယ်။ ဒီအသီးကိုစားခြင်းက ရောင်ရမ်းတာ၊ ကိုယ်လက်စထရောပမာဏနဲ့ အသည်းအဆီဖုံးတာတွေကို လျော့ချပေးနိုင်ပါတယ်။
၅.ဇီးဖြူသီး
ဆီးဖြူသီးက ဗီတာမင်စီပါဝင်မှု မြင့်မားပြီး ကိုယ်ခံအားစနစ်တိုးမြှင့်အောင်၊ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်အောင်၊ သွေးအတွင်း သကြားပမာဏကို လျော့နည်းအောင်၊ နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။
၆.ဖရဲသီး
ဖရဲသီးကလည်း နွေရာသီနဲ့ လိုက်ဖက်တဲ့အသီးပါပဲ။ ဒီအသီးက ဗီတာမင်စီ၊ ဗီတာမင် အေကြွယ်ဝရုံသာမက ရေဓာတ်ပါဝင်မှု များတဲ့အတွက် စိတ်မကြည်တာ၊ ပင်ပန်းနွမ်းလျတာ၊ ခေါင်းကိုက်တာတွေကို တိုက်ဖျက်ပေးပါတယ်။ ရေဓာတ်ပါဝင်မှု များတာကြောင့် သွေးတိုးတာ၊ နှလုံးနဲ့ သွေးလည်ပတ်မှု စနစ်တွေကို ကာကွယ်ပေးတဲ့နေရာ အကူအညီဖြစ်ပါတယ်။
13/02/2022
တနေကုန်လှုပ်ရှားရလို့ညောင်းညာကိုက်ခဲနေရင် Hanuman Foot Patchလေးရှိတယ်နော
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11401