Idea One - Digital Marketing
လေ့လာမှုတွေအရ Internet အသုံးပြုသူတွေဟာ တစ်ရက်ကို ပျမ်းမျှ ၃ နာရီ လောက် social media အသုံးပြုလေ့ရှိကြပါတယ်။
ဒီလို ၃ နာရီအချိန်အတွင်း social media ကို အပန်းဖြေ အသုံးပြုနေကြချိန်မှာ မိတ်ဆွေရဲ့လုပ်ငန်းကို ကြော်ငြာဝင်ဖို့ဆိုတာ လူအများစိတ်ဝင်စားအောင် သေချာဖန်တီးထားတဲ့ content တွေရှိမှသာ ဖြစ်နိုင်မှာပါ။
အသေးစိတ်ကို သိချင်ရင်တော့ အောက်က video လေးကို အဆုံးထိကြည့်ပေးကြဖို့ မိတ်ဆွေလုပ်ငန်းရှင်များကိုတိုက်တွန်းလိုက်ရပါတယ်။ ဒီ video လေးကနေ မိတ်ဆွေတို့အတွက် ဗဟုသုတတစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်မိပါတယ်။
03/09/2023
၂၀၂၃ အတွက် အကြီးဆုံး "ဘာ ၄ ဘာ" ပရိုမိုးရှင်းကြီး လာပါပြီ.... 🥳
စီးပွားရေးလောကမှာ အရေးကြီးဆုံးကာလဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဆိုပြီး ၄ လ ကို "ဘာ ၄ ဘာ" ဆိုပြီး ခေါ်လေ့ရှိကြပါတယ်။ ဘာကြောင့်ဒီလတွေက အရေးကြီးပါသလဲ။
သက္ကရာဇ်နှစ်တစ်နှစ်ကုန်ဆုံးတော့မှာဖြစ်သလို မကြာခင်မှာ အားလပ်ရက်တွေရောက်လာတော့မှာဖြစ်တဲ့အတွက် စားသုံးသူတိုင်းက ကိုယ်နဲ့ကိုယ့်မိသားစုအတွက် ပစ္စည်းကောင်း၊ ဝန်ဆောင်မှုကောင်းတွေကို ရှာဖွေဝယ်ယူပြီး သူတို့ရဲ့ အားလပ်ရက်တွေကို အတူတကွကုန်ဆုံးကြတော့မှာမလို့ဖြစ်ပါတယ်။ ဒါ့အပြင် ပွင့်လင်းရာသီဖြစ်လို့ မင်္ဂလာဆောင်နဲ့ ပွဲလမ်းသဘင်တွေလည်း များလာတော့မှာဖြစ်ပါတယ်။
ဒါကြောင့် ဒီ "ဘာ ၄ ဘာ" ဟာ မိတ်ဆွေတို့ရဲ့ ရောင်းကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေအတွက် ရောင်းအားအရှိန်ကို အမြင့်ဆုံးတင်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရောင်းအားမြှင့်တင်ဖို့ မကြိုးစားရင်တော့ သူများတွေရဲ့နောက်ကောက်ကျတာကို ခံရမှာနော်။ 😬
ဒီလိုမျိုး နှစ်တစ်နှစ်ရဲ့အရေးအကြီးဆုံးအချိန်မှာ မိတ်ဆွေတို့ရဲ့ လုပ်ငန်းရောင်းအားကို နောက်တဆင့် မြှင့်တင်နိုင်ဖို့ ကျနော်တို့ရဲ့ Idea One မှာ ၂၀၂၃ အတွက် အတန်တကာ့အတန်ဆုံး "ဘာ ၄ ဘာ" ပရိုမိုးရှင်းကြီးရှိကြောင်း သတင်းကောင်းပါးပါရစေ။
"ဘာ ၄ ဘာ" ပရိုမိုးရှင်းကြီးမှာ မိတ်ဆွေတို့ရဲ့လုပ်ငန်းများအတွက် လိုအပ်တဲ့
- Content writing/ Copywriting
- Graphic design
- Word-animation video
- Boosting
စတဲ့ service ၄ ခုအတွက် အထူး package များနဲ့ ဝန်ဆောင်မှုပေးနေပြီး package တစ်ခုကို ၁ လစာချုပ်နဲ့ ဝယ်ယူသူတိုင်းအတွက် 10% discount ရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် ၄ လစာချုပ်နဲ့ ဝယ်ယူသူတိုင်းအတွက် တစ်လချင်းစီ 10% discount အပြင် boosting service အတွက် service charges ကိုပါ ၄ လ လုံးလုံး free ပေးသွားမှာဖြစ်လို့ တန်ပြီးရင်းတန်တဲ့ အထူးပရိုမိုရှင်းဆိုလည်း မမှားပါဘူးနော်။ 🤩
"ဘာ ၄ ဘာ" ပရိုမိုးရှင်းမှာ package ၄ ခု ပါဝင်မှာဖြစ်ပြီး
⚪️ Sliver Package - 270,000 MMK
🟠 Gold Package - 430,000 MMK
🔵 Diamond Package - 520,000 MMK
🟣 Sapphire Package - 620,000 MMK
စသဖြင့် စျေးနှုန်းအမျိုးမျိုးနဲ့ အပြီးအစီးရရှိမှာဖြစ်ပါတယ်။ ဒီလို စျေးတန်ပြီးသား package ကိုမှ 10% discount အပြင် service charges free ပါ ရရှိနိုင်မှာဖြစ်တာကြောင့် Idea One မှာ အခုချက်ချင်းလာရောက်အပ်နှံဖို့ဖိတ်ခေါ်ပါတယ်။
မိတ်ဆွေတို့ အချိန်မရွေး လာရောက်အပ်နှံနိုင်အောင် ပရိုမိုးရှင်းကာလကို ယနေ့ကနေစပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သတ်မှတ်ပေးထားပါတယ်နော်။ 😇
အသေးစိတ်သိရှိလိုလို့ လာရောက်စုံစမ်းချင်ရင်ဖြစ်စေ၊ package တွေလာရောက်ဝယ်ယူလိုရင်ပဲဖြစ်စေ Idea One ရဲ့ page chat box နဲ့ 09754218386 ကို ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ ☎️
မိတ်ဆွေများအားလုံး "ဘာ ၄ ဘာ" မှာ စီးပွားရေးလုပ်ငန်းတွေ ဆထက်တပိုးတိုးတက်အောင်မြင်ကြပါစေ။
ကိုယ့်လုပ်ငန်း အတွက် Brand guideline လိုအပ်တယ်သာဆိုတယ်
Brand guideline ထဲမှာ ဘာတွေပါသလဲမသိဘူး....
Brand guideline ဆိုတာ font နဲ့ colour ဘာသုံးရမလဲဆိုတာကိုပြတာပဲလေ မဟုတ်ဘူးလား....
ဒီလို မေးခွန်းတွေမေးနေမိပြီဆိုရင်တော့ မိတ်ဆွေအနေနဲ့ ဒီ video လေးကို ကြည့်ဖို့သင့်ပါပြီ။ ၄ မိနစ်တည်းနဲ့ အားလုံးကို နားလည်အောင်ရှင်းပြပေးထားတာမို့ အချိန်ကုန်ရကျိုးနပ်သလို ကိုယ်ပိုင်လုပ်ငန်းကိုယ်စီ လုပ်ကိုင်နေကြတဲ့ မိတ်ဆွေတို့အတွက် အသိပညာတစ်ခုရသွားမယ်လို့ မျှော်လင့်ပါတယ်။
အဲ့တာကိုမှ Brand guideline ဆိုတာ ဘာကြီးတုန်းဆိုရင်တော့ မိတ်ဆွေက အရှေ့ကတင်ထားတဲ့ video ကို လွတ်သွားတာသေချာပါတယ်။ အရှေ့ကတင်ထားတဲ့ Video ကို အောက်က link ကတဆင့် သွားကြည့်လို့ရပါတယ်နော်။
https://fb.watch/mJQxbcWxRn/?mibextid=Nif5oz
14/08/2023
ပညာရေးဝန်ဆောင်မှုဈေးကွက်မှာ နောက်ကျကျန်မနေခဲ့ဖို့ လုပ်ဆောင်ရမဲ့ အချက်(၅)ချက်
ပညာရေးနယ်ပယ်ဆိုတာက ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် တိမ်ကောမသွားဘဲ အမြဲရှင်သန်နေမယ့် စီးပွားရေးနယ်ပယ်တစ်ရပ်ဖြစ်ပါတယ်။ ပညာရေးလောကဟာ အပြိုင်အဆိုင်လည်း အရမ်းများတဲ့အပြင် ပုံရိပ်ကောင်းတစ်ခုကိုလည်း အမြဲမပြတ်ထိန်းသိမ်းနေရတာကြောင့် Digital Marketing ကို အများကြီးမှီခိုနေရပါတယ်။ ဒါပေမယ့် ပညာရေးအတွက် Digital Marketing ဟာ page တစ်ခုဖွင့်ပြီး Page Boost လုပ်တာမျိုးထက် အများကြီး ပိုနက်နဲပြီး ပိုကျယ်ပြန့်ပါတယ်။ အပြိုင်အဆိုင်များတဲ့ ပညာရေးဝန်ဆောင်မှုလောကမှာ နောက်ကျကျန်မနေခဲ့ဖို့အပြင် တခြားပြိုင်ဘက်တွေထက်ပါ နှာတစ်ဖျားသာနေဖို့ Marketing ဆိုင်ရာ ဒီအချက်(၅)ချက်ကို မဖြစ်မနေ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
၁။ ပြဿနာကို အရင်ဖော်ထုတ်ပါ၊ ပြီးမှ ဖြေရှင်းပါ။
ပညာရေးရဲ့ အနှစ်သာရတစ်ခုကတော့ ပြဿနာတွေကို ဖော်ထုတ်ပြီး ဖြေရှင်းပေးတာပါပဲ။ ဒါကြောင့်မို့ ပညာရေးလုပ်ငန်းတစ်ရပ်အနေနဲ့ ပြဿနာတွေကို ဖော်ထုတ်ပြီး ဖြေရှင်းပေးဖို့ မကြောက်ရွံ့ပါနဲ့။ ကိုယ့်ကျောင်းရဲ့ ကောင်းတဲ့အချက်တွေ၊ ဝန်ဆောင်မှုတွေကိုပဲ ကြော်ငြာနေလို့ မပြီးပါဘူး။
ကျောင်းသားတွေအနေနဲ့ ပညာရေးဝန်ဆောင်မှုတွေကို ရွေးချယ်တဲ့အခါမှာ ဘယ်လိုမျိုး အခက်အခဲတွေ ရှိပါသလဲဆိုတာကို ဖော်ထုတ်ပါ၊ ပြီးတော့မှ ကိုယ့်ဘက်က ပေးနိုင်တဲ့ ဖြေရှင်းချက်တွေ၊ Solutionတွေကိုပါ ထုတ်ဖော်ကြော်ငြာပါ။
၂။ Knowledge Sharing ကို အရေးကြီးလုပ်ငန်းစဉ်တစ်ခုအနေနဲ့ စဉ်းစားလုပ်ဆောင်ပါ။
Seminar တွေ၊ Workshop တွေ လုပ်ပေးရတာမျိုးက အတိုင်းအတာတစ်ခုအထိ ငွေကြေးကုန်ကျမှုများတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဒီအစီအစဉ်တွေကနေ ပြန်ရမဲ့ ကိုယ့်လုပ်ငန်းအတွက် အကျိုးအမြတ်ကတော့ တန်ဖိုးဖြတ်လို့ မရပါဘူး။ ဒီလို Knowledge Sharing တွေကြောင့် ကျောင်းသားတွေနဲ့ မိဘတွေအနေနဲ့ ကိုယ့်လုပ်ငန်းအပေါ်ကို ယုံကြည်မှု ပိုပြီးတိုးပွားလာစေပါတယ်။ ပညာရေးဆိုတာ ယုံကြည်မှုကို အခြေခံတဲ့ လုပ်ငန်းတစ်ရပ်မို့ ဒီလိုအားသာချက်မျိုး ရှိနေတာက တခြားလုပ်ငန်းတူ ပြိုင်ဘက်တွေထက် နှာတစ်ဖျားသာစေပါတယ်။ ကိုယ့်ရဲ့ Budget အခြေအနေကြောင့် Free Workshop တွေ မလုပ်နိုင်ရင်တောင်မှ Knowledge Sharing Post တွေတင်ပေးတာ၊ Online Activity လေးတွေ လုပ်ပေးတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။
၃။ ကိုယ့်ကျောင်း၊ ကိုယ့်လုပ်ငန်းက ပညာရေးကို ဘယ်လို သဘောထားတယ်ဆိုတာမျိုးကို သိသာအောင် ဖော်ထုတ်ပါ။
ပညာရေးဆိုတာဟာ နှစ်ဖက်ဝေမျှရတဲ့ အတွေးအခေါ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ Audience တွေကို မျှဝေပေးဖို့ ကိုယ့်ဆီမှာ ပညာရေးနဲ့ ပတ်သက်တဲ့ စွဲဆောင်မှုရှိတဲ့ သဘောထားတွေ၊ အမြင်တွေလိုအပ်သလို ဒီအမြင်တွေကိုလည်း Audience တွေရဲ့ ရင်ထဲရောက်အောင် ပို့ဆောင်ပေးဖို့ လိုပါသေးတယ်။ ဒီလိုမျိုး သဘောထားတွေ၊ အတွေးအခေါ်တွေကို ဝေမျှပေးမှပဲ Audience ဘက်ကနေ ကိုယ့်ကို နားလည်မှု ရှိတယ်လို့ ယုံကြည်ပြီး ပိုပြီးဦးစားပေးရွေးချယ်မှာဖြစ်ပါတယ်။
၄။ ကိုယ့်ကျောင်းက သင်ကြားရေးဆရာ၊ဆရာမတွေရဲ့ အရည်အသွေးပြည့်ဝမှုနဲ့ စိတ်ရှည်မှုတို့ကို လူများများသိလာအောင် ဖန်တီးပေးပါ။
ကိုယ့်လုပ်ငန်းက သင်တန်းတွေ၊ကျောင်းတွေဖြစ်တယ်ဆိုရင်တော့ ကိုယ့်ဆီမှာ ရနိုင်တဲ့ သင်ရိုးတွေ၊ အတန်းတွေကို ကြော်ငြာရုံနဲ့ မလုံလောက်ဘဲ ကိုယ့်ရဲ့ သင်ကြားရေးဆရာ၊ဆရာမတွေရဲ့ ပုံရိပ်ကိုလည်း မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ ဆရာ၊ ဆရာမတွေဟာ သင်ကြားရေးဝန်ဆောင်မှုကို လုပ်တွေ့လုပ်ဆောင်ပေးနေရတဲ့သူတွေဖြစ်တာကြောင့် ပုံရိပ်ကောင်းတစ်ခုရှိခြင်းဟာ ယုံကြည်မှုတွေကို တိုးပွားစေပြီး ကိုယ့်ကျောင်းကို ရွေးချယ်ဖို့ နောက်ထပ်အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ဆရာ၊ ဆရာမတွေနဲ့ Interview လုပ်ထားတဲ့ Video လေးတွေ၊ စာသင်ကြားနေပုံ Short Clips လေးတွေနဲ့ ဓာတ်ပုံလေးတွေကို မကြာခဏဝေမျှပေးဖို့ လိုအပ်ပါတယ်။
၅။ Digital စွမ်းအားကို အသုံးပြုပြီး ကျောင်းရဲ့ပုံရိပ်ကို မြှင့်တင်ပါ။
ကိုယ့်သင်တန်းကျောင်းအတွက် Offline မှာ Campus ကျယ်ကျယ်ဝန်းဝန်း မြေနေရာကောင်းကောင်းတစ်ခု ရှိတာနဲ့ မလုံလောက်တော့ဘဲ Online မှာပါ Presentation ကောင်းကောင်း Profile ကောင်းကောင်းရှိဖို့ လိုအပ်နေပါပြီ။ ဒါကြောင့်မို့ ကိုယ့်ကျောင်း၊ ကိုယ့်လုပ်ငန်းအတွက် ကောင်းမွန်စွာ လည်ပတ်နေတဲ့ Website ,page နဲ့ Linked In Profile တို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် Page တွေ ရှိနေရုံနဲ့ မပြီးသေးဘဲ audience နဲ့ အမြဲထိတွေ့နေဖို့၊ ကိုယ့်ရဲ့ Page တွေကို Digital Marketing အတွက် အပြည့်အဝအသုံးချဖို့လည်း လိုအပ်ပါသေးတယ်။
ဒီလို အချက်(၅)ချက်လုံးကို ထိထိရောက်ရောက်နဲ့ ပီပီပြင်ပြင်လုပ်နိုင်ဖို့ဆိုရင် Digital Marketing ဆိုင်ရာ ကျွမ်းကျင်လိမ္မာမှုတွေရော၊ အားစိုက်ထုတ်မှုတွေရော အများကြီးလိုအပ်ပါတယ်။ လူကြီးမင်းတို့ လုပ်ငန်းအတွက် ကံကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ Idea One ဟာ ဒီအချက်(၅)ချက်လုံးကို ဝန်ဆောင်မှုပေးနိုင်တဲ့ Digital Marketing Agency တစ်ခုပါပဲ။
ဝန်ဆောင်မှုတစ်ခုချင်းစီကိုလည်း အပ်နှံနိုင်သလို ကိုယ့်ရဲ့ လုပ်ငန်းအမျိုးအစားလိုက် သင့်တော်ပြီး စနစ်ကျတဲ့ marketing strategy တွေကို အခမဲ့တိုင်ပင်ဆွေးနွေးပေးပြီး လိုက်ဖက်တဲ့ marketing package တွေကိုလည်း ဖန်တီးတည်ဆောက်ပေးပါတယ်။
အသေးစိတ်သိရှိလိုရင်ဖြစ်စေ ဝန်ဆောင်မှုကို လာရောက် အပ်နှံလိုရင်ဖြစ်စေ page ရဲ့ chat box နဲ့ ၀၉၇၅၄၂၁၈၃၈၆ ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။
04/08/2023
"ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ Idea One မှာ ဘာကြောင့် ကြော်ငြာလာအပ်သင့်သလဲ"
မြန်မာနိုင်ငံရဲ့ ခေတ်သစ်စီးပွားရေးကဏ္ဍတွေထဲမှာ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ဆေးရုံ၊ ဆေးခန်း၊ နိုင်ငံခြားဆေးကုသမှုအေဂျင်စီနဲ့ ဆေးဆိုင်တို့ဟာလည်း ကြီးမားကျယ်ပြန့်တဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။
နိုင်ငံတကာခရီးသွားလာမှုနဲ့ ကုန်သွယ်မှုပိုများလာပြီး အင်တာနက်ခေတ်ကို ရောက်လာတဲ့အခါမှာ ကျန်းမာရေးဝန်ဆောင်မှုတွေဟာ ပိုပြီးတောင် ကျယ်ပြန့်ပြီးများပြားလာပါသေးတယ်။
ပိုကျယ်ပြန့်လာရခြင်းရဲ့ အကျိုးဆက်တစ်ခုကတော့ အပြိုင်အဆိုင်များပြားလာရခြင်းပါပဲ။
ဒီလို အပြိုင်အဆိုင်များပြားလာတဲ့အတွက်လည်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေက Digital Marketing ကို ပိုပြီးမှီခိုလာရပါတယ်။
ယနေ့ခေတ်ဟာ Social Media ခေတ်ဖြစ်တာကတစ်ကြောင်း၊ ဆေးရုံဆေးခန်းတွေဆိုတာကလည်း လမ်းသွားလမ်းလာ လမ်းကြုံဝင်မေးလေ့မရှိတာတွေကတစ်ကြောင်းမို့ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ပတ်သက်သမျှကို Online ကနေပဲ ရှာဖွေလေ့ရှိကြပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ လုပ်ငန်းက ပြိုင်ဘက်တွေထက် အမြဲတမ်း နှာတစ်ဖျားသာနေနိုင်ဖို့က Online ပေါ်မှာ ထိရောက်တဲ့ Digital Marketing ကို အမြဲမပြတ်လုပ်ဆောင်နေဖို့ လိုပါတယ်။
သတင်းကောင်းတစ်ခုကတော့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အလိုက်ဖက်ဆုံးနဲ့ အထိရောက်ဆုံး Digital Marketing Plan တွေကို Idea One ကနေ ဝန်ဆောင်မှုပေးနေပြီဆိုတာပါပဲ။
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အသက်သွေးကြောဖြစ်တဲ့ Knowledge Sharing Content, Sale Post နဲ့ Brand Awareness တို့အပြင် Commercial Photo and Video တွေနဲ့ Media Buying တို့ကိုပါ လိုလေသေးမရှိ စိတ်ချယုံကြည်ရအောင် အကောင်းဆုံး လုပ်ဆောင်ပေးနေပါပြီ။
Idea One ရဲ့ အားသာချက်တစ်ခုကတော့ Medical Background ကနေလာတဲ့ Content Writer တွေနဲ့ creator တွေကို ပိုင်ဆိုင်ထားတာပါပဲ။ ဒီ့အတွက်ကြောင့် Content တိုင်းက ဆေးပညာနဲ့ အရမ်းမနီးစပ်တဲ့ Target Audience အတွက် နားလည်လွယ်ပြီး အဓိပ္ပါယ်လည်း တိကျတဲ့ အရေးအသားနဲ့ ဖန်တီးမျိုးကို ရရှိနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ Service ကို Audience က နားလည်ဖို့ဆိုတာက လုပ်ငန်းတိုင်းရဲ့ အသက်သွေးကြောဖြစ်လို့ အရေးကြီးတဲ့နေရာတိုင်းမှာ ပြိုင်ဘက်တွေထက် နှာတစ်ဖျားသာနိုင်ဖို့ စိတ်ချလိုက်ပါခင်ဗျ။
Idea One ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ အရင်ကတည်းက ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေကို ဝန်ဆောင်မှုပေးခဲ့ဖူးတဲ့ အတွေ့အကြုံရှိထားတဲ့အပြင် ကောင်းမွန်တဲ့ Result တွေကို ယူဆောင်ပေးထားနိုင်တာပါပဲ။
ဒီအချက်ကိုလည်း Idea One နဲ့ နောက်ဆုံးလက်တွဲခဲ့တဲ့ Care by GA healthcare agency နဲ့ ပတ်သက်တဲ့ရလဒ်တွေက သက်သေပြနေပါတယ်ခင်ဗျ။ Idea One အနေနဲ့ Care by GA အတွက် ဘယ်လို ရလဒ်ကောင်းတွေ စွမ်းဆောင်ပေးခဲ့သလဲဆိုတာကို ဒီအောက်က Link လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=pfbid0rWDnpPhtUi2htakCWUvK8mcAbY7SV4Mva9UBDPYEKUUABHAbLkyBwE341Sym2YjXl&id=100071620195652&mibextid=Nif5oz
ကဲ...အပြိုင်အဆိုင်များတဲ့ ကျန်းမာရေးဝန်ဆောင်မှုလောကမှာ အမြဲတမ်း ပြိုင်ဘက်တွေထက်သာပြီး Client တွေရဲ့ ရင်ထဲ ရောက်ဖို့ကတော့ အကောင်းဆုံးအဖြေကတော့ Idea One ပါပဲလို့သာ ရိုးရိုးရှင်းရှင်း ကျစ်ကျစ်လျစ်လျစ် ပြောလိုက်ပါရစေခင်ဗျာ။
လူကြီးမင်းတို့ရဲ့ အမျိုးမျိုးသော လုပ်ငန်းများစွာအတွက် တန်ဖိုးရှိလှတဲ့ တိုးတက်မှုတွေရရှိနိုင်ဖို့ ကျွန်တော်တို့ Idea One မှာ Digital Marketing Services တွေ အပ်နိုင်ပါပြီခင်ဗျ။
ဝန်ဆောင်မှုတစ်ခုချင်းစီကိုလည်း အပ်နှံနိုင်သလို ကိုယ့်ရဲ့ လုပ်ငန်းအမျိုးအစားလိုက် သင့်တော်ပြီး စနစ်ကျတဲ့ marketing strategy တွေကို အခမဲ့တိုင်ပင်ဆွေးနွေးပေးပြီး လိုက်ဖက်တဲ့ marketing package တွေကိုလည်း ဖန်တီးတည်ဆောက်ပေးပါတယ်ခင်ဗျ။
အသေးစိတ်သိရှိလိုရင်ဖြစ်စေ ဝန်ဆောင်မှုကို လာရောက် အပ်နှံလိုရင်ဖြစ်စေ page ရဲ့ chat box နဲ့ ၀၉၇၅၄၂၁၈၃၈၆ ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Khay Mar Thi Street
Yangon
11031