VICTORYHealthCare
လာရောက်တိုင်ပင်ဆွေးနွေးပြသကြသောလူနာများပြားမှုကြောင့် လတ်တလောလူနာအသစ် လက်ခံမှုကို ၂၇/၇/၂၁ထိ ရပ်နားထားပါကြောင်းအသိပေးအပ်ပါတယ်။
တိုင်ပင်ဆွေးနွေးလက်စလူနာအဟောင်းများကိုတော့ ဆက်လက်ကြည့်ရှုပေးသွားပါမယ်ရှင့်။
🙏🙏🙏
18/07/2021
ကိုဗစ်ဖြစ်ရင် ဘာစားကြမလဲ???
🥘 ကိုဗစ်ဖြစ်ရင်ပုံမှန်အတိုင်းပဲစားသောက်လို့ရပါတယ်။ ရောဂါဒဏ်ကြောင့် အစာစားချင်စိတ်မရှိတာမျိုးဖြစ်တာ နားလည်ပါတယ်။
✅ အဓိကက ဝင်သလောက်စားဖို့ပါပဲ။
ကိုဗစ်ပိုးက အဆုတ်ကို ဒုက္ခပေးတာပါ။
အစာအိမ်နဲ့အူလမ်းကြောင်းက အကောင်းတိုင်းရှိနေသေးတာမို့ စားရင် စားသလောက် အာဟာရကို ရမှာပါ။
💧 အထူးသဖြင့် ရေကိုများများပိုသောက်ပေးရပါမယ်။ တစ်နေ့ကို ရေ ဖန်ခွက် ၈ခွက်လောက် ဝင်အောင်သောက်ပါ။
👃အနံ့ပျောက်၊ အရသာပျောက်လက္ခဏာတွေဟာ အချိန်တန်ရင်ပြန်သက်သာလာမှာပါ။
အဲဒီလိုဖြစ်လို့ဆိုပြီး ဘာမှမစားပဲနေတာဟာ
ကိုယ်ခံအားကို မတက်စေပါဘူး။
🤒 လူနာက ရောဂါလက္ခဏာမပြင်းထန်ပဲ ဖျားတာ အနံ့ပျောက်တာပဲ ရှိပြီး အောက်ဆီဂျင်ကျတာမျိုးမရှိပဲ ပုံမှန်ဆိုရင် ရောဂါမဖြစ်ခင်က စားသလိုသာ ပုံမှန်စားပါ။
များများစားပါ။
‼️ဝမ်းလျှောတာများတာ အန်တာများတာမျိုးရှိရင် ဓာတ်ဆားရည် ၁ ဘူးလောက် ပြန်သောက်ပေးပါ။
သွေးတိုးကဲ့သို့ ရောဂါအခံ ရှိသူများကတော့
ဓာတ်ဆားမသောက်ခင် ဆရာဝန်၊ ဆရာမနဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အအန်ပျောက်ဆေး သောက်မယ်ဆိုရင်လည်း Teleconsult လုပ်ပေးနေတဲ့ ဆရာဝန်များကို ဆက်သွယ်မေးမြန်းပြီးမှ သောက်ပါ။
🍲 လူနာက ရောဂါလက္ခဏာပြင်းထန်တယ် အစားအသောက်လည်း ဘယ်လိုမှမစားချင်ဘူး ဖြစ်နေတာမျိုးဆိုရင် အပြုတ် အရည် ဆန်ပြုတ် စွပ်ပြုတ်ပုံစံမျိုးကို နည်းနည်းစီခွဲကျွေးပါ။ အဖတ်ပါ ဝင်အောင်စားပေးပါ။
🕰 နည်းနည်းစီပဲ စားနိုင်တယ်ဆိုရင်လည်း တစ်နေ့ကို ၆ ကြိမ်လောက် ခွဲစားတာမျိုး လုပ်လို့ရပါတယ်။
🧑🏻⚕️👩🏻⚕️အစားနည်းပီး သွေးပေါင်ချိန်ထိုးကျလာတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
🚫 သွေးပေါင်ချိန်ကောင်းနေတဲ့ လူတစ်ယောက်ဟာ ပါးစပ်က မစားပဲ အလွယ်တကူ ပုလင်းချိတ်တာမျိုး လုပ်စရာမလိုပါဘူး။
🥛 🍌 နောက်တစ်ခုက နွားနို့နဲ့ ငှက်ပျောသီး ကိစ္စပါ။ ကိုဗစ်ဖြစ်ရင် အဲဒါတွေ စားလို့သောက်လို့ မရဘူးဆိုတာ မဟုတ်ပါဘူး။
နွားနို့ကို (သကြားမထည့်) တစ်နေ့ ၁-၂ ခွက် သောက်သုံးလို့ရပါတယ်။
ငှက်ပျောသီးကို တစ်နေ့ ၁-၂ လုံး စားလို့ရပါတယ်။
✅ အဲဒါကြောင့်
အကုန်စား၊ အစုံစားကြပါနော်။
အသား၊ ငါး၊ အရွက်အမျိုးမျိုး၊ အသီးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အစေ့အဆံအမျိုးမျိုး အကုန် မျှတအောင်စားပေးပါ။
✅ရေကိုများများသောက်ပေးပါ။
✅အိပ်ရေးဝဝအိပ်ပါ။
Dr. Zuu
17/07/2021
Covid ဖြစ်တာရှက်စရာလား?
❗️မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်နှုန်း၊ သေဆုံးနှုန်းတွေ တစ်စတစ်စများလာကြတာကြောင့် အားလုံးလည်းထိတ်လန့်တုန်လှုပ်နေကြမယ်လို့ထင်ပါတယ်။
⭕️ဒီလိုအခြေအနေမျိုးမှာ ကိုယ်ကိုယ်တိုင် ကိုဗစ်လက္ခဏာတွေခံစားလာရတဲ့အခါ ဒါဟာကိုဗစ်မဟုတ်ပါဘူး၊ မိုးမိလို့၊ အအေးခံမိလို့၊ အချိုရည်သောက်မိလို့ စသဖြင့် ကိုယ့်စိတ်ကိုယ်ကိုယ်လှည့်စားနှစ်သိမ့်တာမျိူးတွေကို တွေ့လာကြရပါတယ်။
🤍တကယ်တော့ ကိုဗစ်ကူးစက်ခံရတယ်ဆိုတာ ရှက်စရာမဟုတ်သလို၊ ထင်သလောက်လည်း ကြောက်စရာမလိုပါဘူးနော်။ လက်ရှိကူးစက်ဖြစ်ပွားနေတဲ့ ကိုးဗစ်ပိုးမျိုးကွဲ delta strainရဲ့ ကူးစက်ပြန့်ပွားမှုနှုန်းဟာ နဂိုမျိူးရင်း strainထက်ကို ၂ဆပိုမိုကူးစက်လွယ်တယ်လို့ သိရပါတယ်။
🔴ဒါပေမယ့် သေဆုံးနှုန်းကိုနှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ နဂိုမျိုးရင်းမှာ သေဆုံးနှုန်း1.9%လောက်ရှိပေမယ့် Deltaမျိုးကွဲကတော့ လက်ရှိချိန်ထိကို0.3%လောက်သာသေဆုံးနှုန်းရှိတယ်လို့ Kirby institute ဗိုင်းရပ်စ်ပိုးမွှားရောဂါပညာရှင် Professor Stuart Turvilleကဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိကျန်းမာရေးကဏ္ဍပြိုလဲနေမှု၊ အာဏာသိမ်းစစ်အုပ်စုရဲ့ရောဂါထိန်းချုပ်ခြင်းမရှိမှုနဲ့ အမျိုးမျိုးသောနှောင့်ယှက်မှုတွေကြောင့် မသေသင့်ဘဲ သေဆုံးမှုတွေပိုများနေတာမျိုးတော့ရှိပါတယ်။ဒါကြောင့် အသက်ကိုဉာဏ်စောင့်ဆိုသလိုပဲ မဖြစ်ခင်ကကြိုတင်ကာကွယ်၊ ဖြစ်လာပြီဆိုရင်လည်း မှန်ကန်တဲ့ကျန်းမာရေးအသိတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့မိသားစုကို စောင့်ရှောက်ရမယ့်အချိန်ကို ရောက်ရှိလာပါပြီနော်။
🔴ကိုယ်တိုင်မှာဖြစ်စေ၊ မိသားစုမှာဖြစ်စေ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ ကိုဗစ်လက္ခဏာတွေထဲက တစ်ခုခုခံစားနေရပြီဆိုတာနဲ့ တစ်ခြားမိသားစုဝင်တွေနဲ့ တတ်နိုင်သလောက်ထိတွေ့မှုမရှိစေအောင် နေထိုင်ပါ။ Social mediaတွေမှာ ပလူပျံနေတဲ့အကြံပေးချက်တွေကိုနားမယောင်ဘဲ တကယ်တတ်ကျွမ်းတဲ့ဆရာဝန်၊ဆရာမတွေကို စောစီးစွာဆက်သွယ်မေးမြန်းအကြံဉာဏ်တောင်းခံပါ။ ဆရာဝန်၊ဆရာမများရဲ့ညွှန်ကြားချက်အတိုင်းသာ အချိန်နဲ့အမျှလိုက်နာဆောင်ရွက်ဖို့လည်း လိုပါတယ်။
❕ဆေးရုံဆေးခန်းပို့မရတဲ့အခြေအနေမျိူးမှာ ကိုယ်ကိုယ်တိုင်ဆရာဝန်၊ကိုယ်ကိုယ်တိုင်သူနာပြုအနေနဲ့ သွေးပေါင်၊ သွေးတွင်းအောက်စီဂျင်၊ သွေးအချိုဓာတ်၊ ဆီးဝမ်းအခြေအနေ၊ တစ်နေ့တာစားသောက်တဲ့ပမာဏ စသဖြင့် လူနာရဲ့အခြေအနေကို မျက်ခြေမပြတ်မှတ်တမ်းတင်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ဆိုတာ အင်မတန်မှအရေးကြီးပါတယ်နော်။
💓ဒီလိုမှန်ကန်တဲ့ကုသမှုတွေရရှိရင် မကြွေသင့်ဘဲကြွေရတဲ့အသက်တွေလည်း နည်းပါးလာမှာပါ။ ဒါကြောင့် နောက်ဆုံးပြောချင်တာကတော့ ကိုဗစ်ဆိုတာရှက်စရာ၊ ကြောက်စရာမဟုတ်ပါဘူး။ စောစီးစွာကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆွေးနွေးပြီး မှန်မှန်ကန်ကန်ကုသမှုခံယူကြပါလို့ တိုက်တွန်းလိုပါတယ်။
Dr.Phoo
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |