AGAPE - The Infinity Pharmacy
06/09/2021
🦠COVID-19 ဗီဇပြောင်းမျိုးကွဲ
"မျူ (Mu)" ဗိုင်းရပ်စ်
၃၉ နိုင်ငံတွင် တွေ့ရှိနေဟု WHO ဆို
(ဆွစ်ဇာလန်၊ စက်တင်ဘာ ၂)
🦠COVID-19 ဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် မျူ(Mu) ဗိုင်းရပ်စ်ကို သြဂုတ်လ ၃၀ ရက်အထိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၉ နိုင်ငံတွင် တွေ့ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ကပြောသည်။ ယင်းကို B.1.621 မျိုးကွဲဟုလည်းခေါ်သည်။
🦠အဆိုပါ မျူ မျိုးကွဲဗိုင်းရပ်စ်အား
ကိုလံဘီယာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ပထမဆုံးစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကိုလံဘီယာနှင့် အီကွေဒေါနိုင်ငံတို့တွင် ယင်း ဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားလျှက်ရှိသော်လည်း ကမ္ဘာသို့ပြန့်နှံ့မှုမှာမူ နည်းပါးနေသေးကြောင်းသိရသည်။
🦠မျူ မျိုးကွဲဗိုင်းရပ်စ်သည် ယခင်တွေ့ရှိပြီးသော မျိုးကွဲဗိုင်းရပ်စ်များထက် ကူးစက်မှုပိုမိုလျှင်မြန်ခြင်း(သို့)ရောဂါဖြစ်ပွားမှုပိုမိုပြင်းထန်ခြင်းတို့ရှိကြောင်း သိပ္ပံပညာရှင်တို့ကဆိုသည်။
လက်ရှိတွင်မူ ကမ္ဘာတစ်ဝန်းဝယ်
ဒယ်လ်တာ မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခြင်းကို ခံနေကြရသည်။
ဒယ်လ်တာအပြင် အက်ပ်ဆီလွန်(Epsilon)နှင့်
လမ်ဘဒါ(Lambda) မျိုးကွဲဗိုင်းရပ်စ်များကိုလည်း တွေ့ရှိပြီးဖြစ်သည်။
🌐ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)သည် အဆိုပါ COVID-19 မျိုးကွဲဗိုင်းရပ်စ်များ၏ အခြေအနေနှင့် ကူးစက်မှုကို စောင့်ကြည့်လေ့လာလျှက်ရှိကာ လိုအပ်သည့် သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။
ကိုးကား
WHO monitoring new coronavirus variant named Mu
Weak ဖြစ်နေတဲ့ အဆုတ်ရဲ့ functions တွေအတွက်
Pulmonary Rehabilitation 🙋🙋
🟢Deep Breathing Exercises
(ဖြေးဖြေးနဲ့ပြင်းပြင်းရှူအောင့်ထား ရှည်ရှည်မှုတ်ထုတ်ခြင်း) ဆိုတဲ့
အသက်ရှူလေ့ကျင့်ခန်းများလုပ်ရင်း အဆုတ်အတွင်းပိုင်း လေအိတ်ထဲအထိ အောက်ဆီဂျင်ရအောင်လုပ်တဲ့
အသက်ရှူလေ့ကျင့်ခန်းတွေထဲက...
အဆုတ်အားအတွက်လေ့ကျင့်တဲ့ အထောက်အကူပစ္စည်းဖြစ်တဲ့ Lung exerciser “Spirometer”
(အဆုတ်အားကျင့် ဘောလုံး) အသုံးပြုပုံလေးကို Health Education အနေနဲ့ ဝေမျှချင်ပါတယ်
🔴🟡🔵 Spirometer ကို နှလုံးခွဲ
စိတ်ပီးသူတွေ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ ပန်းနာရင်ကြပ်သမားတွေ COPDတွေအတွက်လည်း အသုံးပြုလေ့ရှိပါတယ်။
Post Covid မှာ ဒီပစ္စည်းကို သုံးပီး အသက်ရှူလေ့ကျင့်ခန်းလုပ်ချင်သူများအတွက် အသုံးပြုပုံနဲ့ အသုံးဝင်ပုံကို ရေးပေးပါ့မယ်။
ပိုပြီး မြင်လွယ်အောင် video လေးပါတွဲပြီး တင်ပေးထားပါတယ်။
❇️အားသာချက်ကတော့ Spirometer ကိုအသုံးပြုပီး အသက်ရှူသွင်းအားကော အသက်ရှူထုတ်အားပါ (၂)မျိုးစလုံးကို ဘောလုံးနဲ့လက်တွေ့လေ့ကျင့်နိုင်တာဖြစ်ပါတယ်။
⬆️အသက်ရှူသွင်းအား (inspiration) ကို လေ့ကျင့်ရာမှာ spirometer ကိုအတည့်ထားရမှာဖြစ်ပီး
⬇️အသက်ရှူထုတ်အား (expiration ) ကိုလေ့ကျင့်ရာမှာတော့ spirometer ကိုပြောင်းပြန်လှန်ထားရမှာ ဖြစ်ပါတယ်။
🔹ခါးမတ်မတ်ထိုင် အနေအထားနဲ့ လေ့ကျင့်ခန်းကိုလုပ်ပါ။
🔹Spirometer နဲ့ လေပိုက်က်ို ပါးစပ်နဲ့ တစ်တန်းတည်းထားပီး အသုံးပြုပါ။
(For Inspiration )
⬆️ အသက်ရှူသွင်းအားအတွက် လေ့ကျင့်ခြင်း
🔹Spirometer ကိုအတည့်ထားရန် -
1) အသက်ကိုရှည်ရှည် ပါးစပ်ကနေရှူထုတ်ပါ။
2) ပြီးမှ spirometer ရဲ့ Mouthpiece ကိုပါးစပ်မှာ တပ်ပီး အသက်ကိုဖြေးဖြေးနဲ့ ပြင်းပြင်းရှူသွင်းပါ။
3)ဒီလိုရှူသွင်းလိုက်ချိန်မှာ ဘောလုံးလေးတွေ တက်လာပါလိမ့်မယ်။ (တက်လာတဲ့ ဘောလုံးဟာ တစ်လုံးဖြစ်စေ နှစ်လုံးဖြစ်စေ သုံးလုံးဖြစ်စေ မိမိရဲ့ အဆုတ်အားပေါ်မူတည်ပီး တွေ့ရပါလိမ့်မယ်)
4) တက်လာတဲ့ဘောလုံးလေးတွေကို ပြန်ပြုတ်မကျသွားအောင် ၄-၅စက္ကန့်စာ ထိန်းထားပါ။ (ဒါဟာ ၄-၅စက္ကန့်စာ အသက်ကိုအောင့်ခိုင်းထားတာဖြစ်ပါတယ်)
5) ၅စက္ကန့်အောင့်ထားပီးနောက်မှာ လေပိုက်ကို ပါးစက်ကနေ ဖြုတ်ပီး ပါးစပ်ကနေ အသက်ကိုဖြေးဖြေးချင်းရှူထုတ်ပီး ခဏနားပါ။
(For Expiration)
⬇️ အသက်ရှူထုတ်အားအတွက် လေ့ကျင့်ခြင်း
🔹spirometer ကိုပြောင်းပြန်ထားရန် -
1) အသက်ကိုဖြေးဖြေးနဲ့ ပြင်းပြင်း အဝရှူသွင်းပါ။
2) ပီးမှ spirometer ရဲ့ mouthpiece ကိုပါးစပ်မှာတပ်ပီး အသက်ကို ရှည်ရှည် ရှူထုတ်ပါ။
3) ရှူထုတ်ချိန်မှာ ဘောလုံးလေးတွေ တက်လာပါလိမ့်မယ်။
4) ရှူထုတ်ချိန်မှာ စိတ်ထဲကနေ ၁ကနေ၈အထိ ရေတွက်ပါ။
5) ၈အထိ ရှူထုတ်ပီးရင် လေပိုက်ကို ပါးစပ်ကနေ ဖြုတ်ပီး ခဏနားပါ။
🔴🟡🔵ဘောလုံး၃လုံးပါ spirometer လေးတွေဟာ ပစ္စည်းတမျိုးနဲ့တမျိုးအပေါ်မူတည်ပြီးဘောလုံးအရောင်၃ရောင်
အနီ အဝါ အပြာ မဟုတ်တာလည်း ရှိတတ်ပါတယ်။
ဒီဘောလုံးအရောင်၃ရောင် ဟာဘာကိုဆိုလိုတာလဲဆိုရင်
မိမိအဆုတ်ထဲရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ပမာဏကို ဖော်ပြသလို မိမ်ိအဆုတ်အားကိုပါ ဒီဘောလုံးလေးတွေကနေ သိနိုင်ပါတယ်။
တစ်ရောင်စီမှာ သတ်မှတ်ထားတဲ့ 🔴600cc, 🟡900cc, 🔵1200cc ပမာဏအသီးသီးရှိပါတယ်။
အပေါ်ကအတိုင်း ရှူသွင်း ရှူထုတ် လေ့ကျင့်ရာမှာ ဘောလုံး တလုံးတက်တာလား နှစ်လုံး တက်တာလား သုံးလုံးလုံးတက်တာလားအပေါ် မူတည်ပီး မိမိရဲ့အဆုတ်အားကို လက်တွေ့သိနိုင်ပါတယ်။
❗️ဘောလုံး၃လုံးလုံးတက်မှ အဆုတ်အားကောင်းတာဆိုပီးလည်း မရမချင်း ဇွတ်ဖိလုပ် အဆုတ်ကို pressure ပေးလို့လည်း မဖြစ်ဘူး။ ဖြေးဖြေးနဲ့မှန်မှန် လေ့ကျင့်ပေးသွားဖို့ လိုပါတယ်။
‼️Spirometer ကို နီးစပ်ရာ ဆရာဝန် သို့ physiotherapist နဲ့ တိုင်ပင်ပြီးမှ မိမိအတွက် အသုံးပြုလို့ရတဲ့ အခြေအနေဟုတ်မဟုတ်လည်း ချိန်ဆပြီးမှ သုံးစေချင်ပါတယ်။
❇️ ပါးစပ်ထဲထည့် လေမှုတ်တဲ့ ပိုက်နေရာ mouthpiece ကို အသုံးမပြုခင်ကော အသုံးပြုပြီးပါ သေချာ
သန့်စင်ပေးဖို့လိုအပ်ပါတယ်။ (Oximeter လိုတအိမ်လုံးမျှသုံးလို့ရတဲ့ ပစ္စည်းမဟုတ်ပါ။ တစ်ကိုယ်ရည်သုံး အဆုတ်အားလေ့ကျင့်တဲ့ပစ္စည်းပါ။)
❇️ လေ့ကျင့်ခန်းလုပ်ပီးသွားရင်လည်း mouthpiece ကိုညာဘက်က tube holder မှာ ချိတ်ထားပေးဖို့ လိုအပ်ပါတယ်ရှင့်။
မူရင်း post ရေးသားတဲ့
Physiotherapist အမ နဲ့
Video ထဲက Demonstrate လုပ်ပြတဲ့ အကိုနဲ့ အမ ကိုလည်း
Credit ပေးပါတယ်။
😊😊😊
အားလုံးပဲ
နေကောင်းကျန်းမာကြပါစေရှင်
🙏🙏🙏😊😊😊
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11031