Trading With MZ

Trading With MZ

Share

11/02/2026

ဆန္ဒပြပွဲအတွင်း ထိခိုက်သူများကို တောင်းပန်ကြောင်း နဲ့ နျူပိုင်ဆိုင်ဖို့ ကြိုးစားမှာမဟုတ်ကြောင်း အီရန်သမ္မတ ပြော
——————————————————————————
February 11 ၊ 2026

နိုင်ငံနှင့်အဝှမ်း ဖြစ်ပွါးခဲ့သော ဆန္ဒပြမှုများအတွင်း ထိခိုက်ခဲ့သူများအားလုံးကို “ တောင်းပန်ကြောင်း” အီရန် သမ္မတ Masoud Pezeshkian က ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ 1979 အီရန်အစ္စလာမ်မစ် တော်လှန်ရေး အောင့်မေ့ဖွယ်အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

“ ကျွန်တော်တို့အနေနဲ့ လွန်စွာရှက်မိကြောင်း ပြည်သူတွေရှေ့မှာ ပြောကြားလိုပြီး၊ ဒီဖြစ်ရပ်ကြီးထဲမှာ ထိခိုက်ခဲ့တဲ့ မည်သူကိုမဆို အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်” လို့ Pezeshkian ကပြောသွားခဲ့ပြီး၊ “ ကျွန်တော်တို့အနေနဲ့ ပြည်သူနဲ့ ထိပ်တိုက်တွေ့မှာ မဟုတ်ဘူး” လို့လဲ သူက ပြောသွားခဲ့ပါသေးတယ်။

ဆက်လက်ပြီး “အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းသွားမှာမဟုတ်ကြောင်း၊ ကြိုက်သလို စစ်ဆေးခံနိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း” ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အီရန် နဲ့ အမေရိကန် တို့ဟာ နျူကလီးယားအရေး ဆွေးနွေးပွဲ နဲ့ ပတ်သတ်ပြီး အတော်ပင် ခရီးရောက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

05/01/2026

Trade နေရင်း Motivation တွေပျောက်ဆုံးသွားတာမျိုး ဖြစ်ဖူးကြတယ်ဟုတ် ? 😉

ဒီလိုမျိုးအခြေအနေမျိုးမှာအကောင်းဆုံးကတော့ Discipline ကိုပြောင်းလဲအသုံးချခြင်းပါပဲ 🙌

Discipline ဆိုတာ ကိုယ်သတ်မှတ်ထားတဲ့

❝ စည်းကမ်း • နည်းစနစ် • တိုင်းတာချက် ❞ တွေကို ကိုယ့်စိတ် ၊ ကိုယ့်အာရုံအတိုင်းလိုက်မလုပ်ပဲ နည်းစနစ်ကျကျသွားပေးခြင်းကို ဆိုလိုပါတယ်။

Trading Discipline မှာဆိုရင်တော့

🎯 Setup ပြည့်မှသာ Entry ဝင်ခြင်း

🎯 SL/TP ကို တိတိကျကျထားခြင်း

🎯 Overtrade လုပ်ခြင်းကိုရှောင်ရှားပြီး သတ်မှတ်ထားတဲ့ Limit အတွင်းမှာပဲ Trade လုပ်ခြင်း

🎯 Risk (%) Control ရှိခြင်း

🎯 Feeling ကိုရှေ့တန်းမတင်ပဲ ကိုယ့်အစီအစဥ်တိုင်းပဲဆောင်ရွက်ခြင်း

🎯 Trading Journal ထားရှိခြင်း ဆိုတဲ့ နည်းစနစ်ကျကျသွားပေးခြင်းကို ကျင့်သုံးတာမျိုးပါ။

ဒီနည်းလမ်းအတိုင်းသွားမယ်ဆိုရင်က Motivation တွေပျောက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေရင်တောင်မှ Trading Journey က နည်းမှန်လမ်းမှန်နဲ့ဆက်သွားနေမှာဖြစ်တာကြောင့် …

🤩 Trade နေရင်း Motivation ပျောက်နေလား ? Discipline ကိုပြောင်းလဲအသုံးချကြည့်ပါ 🤩🙌
❝ D Prime Your Private Broker ❞

25/12/2025

Federal Reserve အား ထရမ့်နဲ့ အပေါင်းအပါတွေ ခြယ်လှယ်မှာကို အားလုံးက စိုးရိမ်လျှက်ရှိနေ
——————————————————————————
December 24 ၊ 2025

လက်ရှိ Fed တာဝန်ရှိသူတွေဟာ အတိုးနှုန်းလျှော့ချရာမှာ နှေးကွေးလေးလံနေတာကို တွေ့ရတယ်လို့ Fed ဥက္ကဌရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ Kevin Hassett က ဝေဖန်ပြောဆိုလိုက်ပါတယ်။ တစ်ခြားသော ဗဟိုဘဏ်တွေဟာ အတိုးနှုန်း အပြိုင်အဆိုင် လျှော့ချလျှက်ရှိနေတာကြောင့် အဆိုပါ နိုင်ငံတွေနဲ့ ယှဉ်ရင် US စီးပွါးရေးဟာ အနောက်မှာ ကျန်ခဲ့ပြီ ဖြစ်တယ်လို့လဲ သူက ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့ US ရဲ့ GDP ဟာ တတိယလပတ်မှာတော့ 4.3% ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပညာရှင်များရဲ့ ခန့်မှန်းချက်ဖြစ်တဲ့ 3.2% ထက်တော့ အတော်လေး အားကောင်းလျှက်ရှိတာကို တွေ့မြင်ရတယ်လို့ သူကဆိုပါတယ်။

Hassett ရဲ့ အဆိုအရ အဆိုပါ GDP ဖွံ့ဖြိုးမှုထဲက 1.5% ဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အခွန်နှုန်းတွေကြောင့် ဖြစ်ပြီး၊ အဆိုပါ အခွန်နှုန်းတွေကြောင့် ကုန်သွယ်ရေး လိုငွေပမာဏ ကို လျှော့ချနိုင်ခဲ့တာဖြစ်ကြောင်းကိုလဲ Hassett က ပြောကြားသွားခဲ့ပါတယ်။

Fed အနေနဲ့ ပြီးခဲ့တဲ့ December 10 အစည်းအဝေးမှာတုံးက အတိုးနှုန်းကို ယခုနှစ်အတွင်း တတိယအကြိမ်မြောက်အဖြစ် 25bps လျှော့ချခဲ့ပြီး နောက်ထပ် အတိုးနှုန်းလျှော့ချမှုတွေ ထပ်မံပြုလုပ်ဦးမယ်လို့လဲ နှပ်ကြောင်းပေးသွားခဲ့ပါတယ်။

ထရမ့်ကလဲ Fed ဥက္ကဌကို အတိုးနှုန်းလျှော့ချရာမှာ နှေးကွေးနေတဲ့ အတွက် အကြိမ်ကြိမ် ဝေဖန်ခဲ့ပြီး၊ မကြာခင်အချိန်အတွင်းမှာ အတိုးနှုန်းလျှော့ချမှုကို လိုလားတဲ့ ဥက္ကဌသစ်တစ်ဦးကို တင်မြှောက်မယ်လို့လဲ ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ Hassett တစ်ယောက် Fed ဥက္ကဌ ဖြစ်လာမှာကို အားလုံးက စိုးရိမ်နေကြပြီး၊ သူ့လက်ထဲမှာ Fed ရဲ့ အမှီအခိုကင်းလွတ်မှု ပျောက်ဆုံးသွားမှာ နဲ့အတူ လူထုထောက်ခံမှုလဲ မရှိတာကြောင့် Fed အနေနဲ့ မီဒီယာတွေရဲ့ သားကောင်ဖြစ်သွားပြီး စီးပွါးရေးအညွှန်းကိန်းတွေအပေါ် ရိုက်ခတ်မှု ကြီးမားလိမ့်မယ်လို့လဲ ပညာရှင်တွေက ထောက်ပြထားပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon